Psalms 96:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
``ထာဝရဘုရားသည်ရှင်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍လှုပ်ရှား၍မရ နိုင်ရာ။ ကိုယ်တော်သည်လူအပေါင်းတို့ကိုဖြောင့်မှန်စွာ တရားစီရင်တော်မူလိမ့်မည်'' ဟူ၍ လူမျိုးတကာတို့အားပြောကြားကြလော့။
Burmese 1835 Version Judson
ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါး အမျိုးသားတို့တွင် ဟောပြောကြလော့။ လောကဓါတ် သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာ တည်လိမ့်မည်။ လူများကို ဖြောင့်မတ်စွာ တရားစီရင်တော် မူလိမ့်မည်။
Burmese 1928
ထာ ဝ ရ ဘု ရား စိုး စံ တော် မူ၍၊ ဤ လော က ကို မ လှုပ် မ ရှား နိုင် အောင် တည် လျက်၊ လူ အ မျိုး မျိုး တို့ ကို မျှ တ စွာ စီ ရင် တော် မူ လိမ့် မည် ဟု လူ မျိုး ခြား တို့ တွင် ပြော ဆို ကြ လော့။
Burmese 2021
ထာဝရဘုရားစိုးစံတော်မူသည်ဟု တစ်ပါးအမျိုးသားတို့တွင် ဟောပြောကြလော့။ လောကဓာတ်သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။ လူများကို ဖြောင့်မတ်စွာတရားစီရင်တော်မူလိမ့်မည်။
Burmese JBZV
ထာဝရဘုရားစိုးစံေတာ္မူသည္ဟု တစ္ပါးအမ်ိဳးသားတို႔တြင္ ေဟာေျပာၾကေလာ့။ ေလာကဓာတ္သည္ မလွုပ္ရွားနိုင္ေအာင္ ျမဲၿမံစြာတည္လိမ့္မည္။ လူမ်ားကို ေျဖာင့္မတ္စြာတရားစီရင္ေတာ္မူလိမ့္မည္။
Burmese MCLZV
``ထာဝရဘုရားသည္ရွင္ဘုရင္ျဖစ္ေတာ္မူ၏။ ကိုယ္ေတာ္သည္ကမၻာေျမႀကီးကိုခိုင္ျမဲစြာ တည္ေစေတာ္မူသည္ျဖစ္၍လွုပ္ရွား၍မရ နိုင္ရာ။ ကိုယ္ေတာ္သည္လူအေပါင္းတို႔ကိုေျဖာင့္မွန္စြာ တရားစီရင္ေတာ္မူလိမ့္မည္'' ဟူ၍ လူမ်ိဳးတကာတို႔အားေျပာၾကားၾကေလာ့။
Burmese MSBU
“ထာဝရဘုရားသည် စိုးစံတော်မူ၏”ဟု လူမျိုးတကာတို့အလယ်၌ ပြောဆိုကြလော့။ ကမ္ဘာမြေကြီးကို မလှုပ်ရှားနိုင်အောင် တည်ထားတော်မူ၏။ ကိုယ်တော်သည် လူတို့ကို သမာသမတ်ရှိစွာ စစ်ကြောစီရင်တော်မူလိမ့်မည်။
Burmese MSBZ
“ထာဝရဘုရားသည္ စိုးစံေတာ္မူ၏”ဟု လူမ်ိဳးတကာတို႔အလယ္၌ ေျပာဆိုၾကေလာ့။ ကမာၻေျမႀကီးကို မလႈပ္ရွားႏိုင္ေအာင္ တည္ထားေတာ္မူ၏။ ကိုယ္ေတာ္သည္ လူတို႔ကို သမာသမတ္ရွိစြာ စစ္ေၾကာစီရင္ေတာ္မူလိမ့္မည္။