Revelation 11:18 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကိုယ်တော်၏အမျက်တော်သက်ရောက်ရာ ကာလသည်လည်းကောင်း၊ သေလွန်သူတို့ကိုတရားစီရင်တော်မူရာ ကာလသည်လည်းကောင်း ယခုအခါကျရောက်လာပြီဖြစ်၍လူမျိုး အပေါင်းတို့သည်အမျက်ထွက်ကြပါ၏။ ကိုယ်တော်၏အစေခံပရောဖက်များ၊ ကိုယ်တော်၏ လူစုဝင်အပေါင်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူ၊အကြီး အငယ်တို့ ဆုလာဘ်တော်ကိုခံယူရန် အချိန်ကာလသည်လည်းကောင်း၊ကမ္ဘာမြေ ကြီးကို ပျက်စီးစေသူတို့ ပျက်စီးရမည့်အချိန်ကာလသည်လည်း ကောင်း ရောက်ရှိလာပါပြီ'' ဟုဘုရားသခင်အားလျှောက်ထားကြ၏။-
Burmese 1835 Version Judson
လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍၊ အမျက်တော်သည်လည်းရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက်တို့အား ၎င်း၊ သန့်ရှင်းသူ တို့အား၎င်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသော သူအကြီးအငယ်တို့အား၎င်း၊ ဆုကျေးဇူးကို ပေးသနား တော်မူ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသော အချိန်ရောက်ပါပြီဟု လျှောက်ဆိုကြ၏။
Burmese 1928
လူ မျိုး ခြား တို့ အ မျက် ထွက် ရာ၌ ကိုယ် တော် တိုင် အ မျက် ဒဏ် ထား၍ သူ သေ တို့ ကို စီ ရင် ဆုံး ဖြတ် တော် မူ ရန် အ ချိန် ကျွန် တော် ရင်း ပ ရော ဖက် ဖြစ် သူ၊ သီး သန့် ထား တော် မူ သူ၊ နာ မ တော် ကို ခန့် ညား သူ၊ အ ယုတ် အ မြတ် တို့ အား ဆု သ နား တော် မူ ရန် အ ချိန်၊ မြေ ကြီး ကို ဖျက် ဆီး သူ တို့ အား ဖျက် ဆီး တော် မူ ရန် အ ချိန် တိုင် ရောက် ပါ ပြီ ဟု လျှောက် ဆို ကြ၏။
Burmese 2021
လူမျိုးတို့သည် အမျက်ထွက်ကြသည် ဖြစ်၍၊ အမျက်တော်သည်လည်း ရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ၍၊ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက်တို့အား လည်းကောင်း၊ သန့်ရှင်းသူတို့ အားလည်းကောင်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသောသူ အကြီးအငယ်တို့အားလည်းကောင်း၊ ဆုကျေးဇူးကို ပေးသနားတော်မူ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသောအချိန် ရောက်ပါပြီဟု လျှောက်ဆိုကြ၏။-
Burmese JBZV
လူမ်ိဳးတို႔သည္ အမ်က္ထြက္ၾကသည္ ျဖစ္၍၊ အမ်က္ေတာ္သည္လည္း ေရာက္ပါၿပီ။ ေသလြန္ေသာ သူတို႔ကို တရားစီရင္ဆုံးျဖတ္ေတာ္မူ၍၊ ကိုယ္ေတာ္၏ ကၽြန္တည္းဟူေသာ ပေရာဖက္တို႔အား လည္းေကာင္း၊ သန္႔ရွင္းသူတို႔ အားလည္းေကာင္း၊ ကိုယ္ေတာ္ကို ေၾကာက္ရြံ့ရိုေသေသာသူ အႀကီးအငယ္တို႔အားလည္းေကာင္း၊ ဆုေက်းဇူးကို ေပးသနားေတာ္မူ၍ ေျမႀကီးကို ဖ်က္ဆီးေသာ သူတို႔ကို ဖ်က္ဆီးေတာ္မူေသာအခ်ိန္ ေရာက္ပါၿပီဟု ေလၽွာက္ဆိုၾက၏။-
Burmese MCLZV
ကိုယ္ေတာ္၏အမ်က္ေတာ္သက္ေရာက္ရာ ကာလသည္လည္းေကာင္း၊ ေသလြန္သူတို႔ကိုတရားစီရင္ေတာ္မူရာ ကာလသည္လည္းေကာင္း ယခုအခါက်ေရာက္လာၿပီျဖစ္၍လူမ်ိဳး အေပါင္းတို႔သည္အမ်က္ထြက္ၾကပါ၏။ ကိုယ္ေတာ္၏အေစခံပေရာဖက္မ်ား၊ ကိုယ္ေတာ္၏ လူစုဝင္အေပါင္း၊ ကိုယ္ေတာ္ကိုေၾကာက္ရြံ့ရိုေသသူ၊အႀကီး အငယ္တို႔ ဆုလာဘ္ေတာ္ကိုခံယူရန္ အခ်ိန္ကာလသည္လည္းေကာင္း၊ကမၻာေျမ ႀကီးကို ပ်က္စီးေစသူတို႔ ပ်က္စီးရမည့္အခ်ိန္ကာလသည္လည္း ေကာင္း ေရာက္ရွိလာပါၿပီ'' ဟုဘုရားသခင္အားေလၽွာက္ထားၾက၏။-
Burmese MSBU
လူမျိုးတို့သည် အမျက်ထွက်ကြပါ၏။ သို့သော် ကိုယ်တော်၏အမျက်တော်သည် သက်ရောက်လာပါ၏။ သေလွန်သောသူတို့ကို တရားစီရင်ရန်လည်းကောင်း၊ ကိုယ်တော်၏အစေအပါးများ၊ ပရောဖက်များ၊ သန့်ရှင်းသူများနှင့် ကိုယ်တော်၏နာမတော်ကိုကြောက်ရွံ့ရိုသေသောသူအကြီးအငယ်တို့အား ဆုလာဘ်ပေးတော်မူရန်လည်းကောင်း၊ ကမ္ဘာမြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီးရန်လည်းကောင်း အချိန်ရောက်လာပါ၏”ဟု လျှောက်ကြ၏။
Burmese MSBZ
လူမ်ိဳးတို႔သည္ အမ်က္ထြက္ၾကပါ၏။ သို႔ေသာ္ ကိုယ္ေတာ္၏အမ်က္ေတာ္သည္ သက္ေရာက္လာပါ၏။ ေသလြန္ေသာသူတို႔ကို တရားစီရင္ရန္လည္းေကာင္း၊ ကိုယ္ေတာ္၏အေစအပါးမ်ား၊ ပေရာဖက္မ်ား၊ သန႔္ရွင္းသူမ်ားႏွင့္ ကိုယ္ေတာ္၏နာမေတာ္ကိုေၾကာက္႐ြံ႕႐ိုေသေသာသူအႀကီးအငယ္တို႔အား ဆုလာဘ္ေပးေတာ္မူရန္လည္းေကာင္း၊ ကမာၻေျမႀကီးကိုဖ်က္ဆီးေသာသူတို႔ကို ဖ်က္ဆီးရန္လည္းေကာင္း အခ်ိန္ေရာက္လာပါ၏”ဟု ေလွ်ာက္ၾက၏။