Revelation 12:4 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
သူ​သည်​မိုး​ကောင်း​ကင်​က​ကြယ်​တာ​ရာ​သုံး​ပုံ တစ်​ပုံ​ကို မိ​မိ​အ​မြီး​ဖြင့်​ဆွဲ​ငင်​ကာ​ကမ္ဘာ​မြေ ပေါ်​သို့​ပစ်​ချ​လိုက်​၏။ နဂါး​ကြီး​သည်​သား​ဖွား အံ့​ဆဲ​ဆဲ​ဖြစ်​သော​အ​မျိုး​သ​မီး​၏​ရှေ့​တွင် ရပ်​လျက် ထို​အ​မျိုး​သ​မီး​သား​ဖွား​သည်​နှင့် တစ်​ပြိုင်​နက်​သား​ငယ်​ကို​စား​မျို​ရန်​စောင့် ၍​နေ​၏။-
Burmese 1835 Version Judson
သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဘွားလုသော မိန်းမသည် ဘွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။
Burmese 1928
ကောင်း ကင် ကြယ် သုံး စု တစ် စု ကို အ မြီး ဖြင့် ဆွဲ ငင်၍ မြေ ကြီး ပေါ် သို့ ချ လိုက် ရာ သား ဖွား ဆဲ မိန်း မ ရှေ့ တွင် ဖွား မြင် သည့် ကာ လ သူ ငယ် ကို စား ခြင်း ငှါ ရပ် တန့် လျက် နေ ၏။
Burmese 2021
သူ၏​အ​မြီး​သည် ကောင်း​ကင်​ကြယ် သုံး​စု​တစ်​စု​ကို ဆွဲ​ငင်၍ မြေ​ကြီး​သို့​ချ​လိုက်​လေ၏။ သား​ကို​ဖွား​လု​သော မိန်း​မ​သည် ဖွား​သော​အ​ခါ၊ န​ဂါး​သည် ထို​သား​ကို ကိုက်​စား​မည့်​အ​ကြံ​နှင့် မိန်း​မ​ရှေ့၌​ရပ်​နေ၏။-
Burmese JBZV
သူ၏​အ​ၿမီး​သည္ ေကာင္း​ကင္​ၾကယ္ သုံး​စု​တစ္​စု​ကို ဆြဲ​ငင္၍ ေျမ​ႀကီး​သို႔​ခ်​လိုက္​ေလ၏။ သား​ကို​ဖြား​လု​ေသာ မိန္း​မ​သည္ ဖြား​ေသာ​အ​ခါ၊ န​ဂါး​သည္ ထို​သား​ကို ကိုက္​စား​မည့္​အ​ႀကံ​ႏွင့္ မိန္း​မ​ေရွ႕၌​ရပ္​ေန၏။-
Burmese MCLZV
သူ​သည္​မိုး​ေကာင္း​ကင္​က​ၾကယ္​တာ​ရာ​သုံး​ပုံ တစ္​ပုံ​ကို မိ​မိ​အ​ၿမီး​ျဖင့္​ဆြဲ​ငင္​ကာ​ကမၻာ​ေျမ ေပၚ​သို႔​ပစ္​ခ်​လိုက္​၏။ နဂါး​ႀကီး​သည္​သား​ဖြား အံ့​ဆဲ​ဆဲ​ျဖစ္​ေသာ​အ​မ်ိဳး​သ​မီး​၏​ေရွ႕​တြင္ ရပ္​လ်က္ ထို​အ​မ်ိဳး​သ​မီး​သား​ဖြား​သည္​ႏွင့္ တစ္​ၿပိဳင္​နက္​သား​ငယ္​ကို​စား​မ်ိဳ​ရန္​ေစာင့္ ၍​ေန​၏။-
Burmese MSBU
သူ​၏​အမြီး​သည် ကောင်းကင်​ကြယ်​သုံးပုံတစ်ပုံ​ကို​ဆွဲ​၍ မြေကြီး​ပေါ်သို့​ပစ်ချ​လိုက်​၏။ ထို​နဂါး​သည် သားဖွား​တော့မည့်​အမျိုးသမီး​ရှေ့​၌​ရပ်​လျက် သားဖွား​သောအခါ သူ​၏​သား​ကို​ဝါးမျို​ရန်​စောင့်​နေ​၏။
Burmese MSBZ
သူ​၏​အၿမီး​သည္ ေကာင္းကင္​ၾကယ္​သုံးပုံတစ္ပုံ​ကို​ဆြဲ​၍ ေျမႀကီး​ေပၚသို႔​ပစ္ခ်​လိုက္​၏။ ထို​နဂါး​သည္ သားဖြား​ေတာ့မည့္​အမ်ိဳးသမီး​ေရွ႕​၌​ရပ္​လ်က္ သားဖြား​ေသာအခါ သူ​၏​သား​ကို​ဝါးမ်ိဳ​ရန္​ေစာင့္​ေန​၏။