Revelation 14:6 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနောက်ကောင်းကင်အလယ်တွင် ကောင်းကင် တမန်တစ်ပါးပျံဝဲလျက်နေသည်ကိုငါ မြင်ရ၏။ သူသည်တိုင်းနိုင်ငံအသီးသီးရှိ ဘာသာစကားအမျိုးမျိုးကိုပြောဆိုသူ လူအမျိုးအနွယ်ခပ်သိမ်းတို့အား ကြေညာ ရန်ထာဝရသတင်းကောင်းကိုယူဆောင် လာ၏။-
Burmese 1835 Version Judson
မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက၊
Burmese 1928
တစ် ဖန် မြေ ကြီး ပေါ် တွင် နေ ထိုင် သူ၊ ဘာ သာ စ ကား အ ပုံ ပုံ ပြော ဆို သော လူ အ မျိုး မျိုး အ နွယ် နွယ် တို့ အား ကြား ပြော ရန် နိစ္စ သ တင်း တော် မြတ် ဆောင် သော စေ တ မန် တော် တစ် ပါး က ဘု ရား သ ခင် ကို ခန့် ညား ၍ ဘုန်း တော် ကို ချီး မွမ်း ကြ လော့။ စီ ရင် ဆုံး ဖြတ် တော် မူ ချိန် တိုင် ရောက် ပြီ။ မိုး မြေ ကို လည်း ကောင်း၊ သ မု ဒ္ဒ ရာ နှင့် စမ်း ပေါက် များ ကို လည်း ကောင်း၊ ဖန် ဆင်း တော် မူ သော အ ရှင် အား ရှိ ခိုး ကြ လော့ ဟု ကျယ် သော အ သံ နှင့် ကြွေး ကြော် လျက် ကောင်း ကင့် အ လယ် တွင် ပျံ ဝဲ သည် ကို ငါ မြင် ရ ၏။
Burmese 2021
မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီး ဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တစ်ပါးက၊-
Burmese JBZV
Burmese MCLZV
Burmese MSBU
ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်အလယ်၌ပျံသန်းနေသည်ကို ငါမြင်ရ၏။ သူသည် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်ကြသူများတည်းဟူသော တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာစကားအမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးတို့အား ဟောပြောရန် ထာဝရတည်သည့်ကောင်းမြတ်သောသတင်းကိုယူဆောင်လာ၏။
Burmese MSBZ