Revelation 16:19 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
မြို့ကြီးသည်သုံးပိုင်းကွဲလေ၏။ ကမ္ဘာပေါ်ရှိမြို့ များသည်လည်းပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဗာဗုလုန်မြို့ကြီးကိုသတိရတော်မူလျက် မိမိ ၏ဖလားမှပြင်းထန်သောအမျက်တော်တည်းဟူ သောစပျစ်ရည်ကိုသောက်စေတော်မူ၏။-
Burmese 1835 Version Judson
မြို့ကြီးသည်သုံးဖြာကွဲပြား၍ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။
Burmese 1928
မြို့ တော် ကြီး သုံး ပိုင်း အက် ကွဲ လျက် လူ မျိုး ခြား တို့ မြို့ များ လည်း ပြို လဲ၏။ ထို သို့ ဗာ ဗု လုန် မြို့ ကြီး ကို ဘု ရား သ ခင် သ တိ ရ၍ အ မျက် တော် စ ပျစ် ရည် အ ရှိန် ဖ လား ကို တိုက် တော် မူ ရာ၊
Burmese 2021
မြို့ကြီးသည် သုံးဖြာကွဲပြား၍ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ၏။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှာ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ၏။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ၏။ တောင်များတို့သည် ကွယ်ပျောက်ကြ၏။-
Burmese JBZV
ၿမိဳ႕ႀကီးသည္ သုံးျဖာကြဲျပား၍ လူအမ်ိဳးမ်ိဳးေနေသာ ၿမိဳ႕တို႔သည္ ၿပိဳလဲၾက၏။ ဘုရားသခင္သည္ ျပင္းစြာေသာ ေဒါသအမ်က္ေတာ္၏ စပ်စ္ရည္ဖလားကို တိုက္ျခင္းငွာ ဗာဗုလုန္ၿမိဳ႕ႀကီးကို ေအာက္ေမ့ေတာ္မူ၏။ ကၽြန္းရွိသမၽွတို႔သည္ လြင့္ေျပးၾက၏။ ေတာင္မ်ားတို႔သည္ ကြယ္ေပ်ာက္ၾက၏။-
Burmese MCLZV
ၿမိဳ႕ႀကီးသည္သုံးပိုင္းကြဲေလ၏။ ကမၻာေပၚရွိၿမိဳ႕ မ်ားသည္လည္းၿပိဳပ်က္ကုန္၏။ ဘုရားသခင္သည္ ဗာဗုလုန္ၿမိဳ႕ႀကီးကိုသတိရေတာ္မူလ်က္ မိမိ ၏ဖလားမွျပင္းထန္ေသာအမ်က္ေတာ္တည္းဟူ ေသာစပ်စ္ရည္ကိုေသာက္ေစေတာ္မူ၏။-
Burmese MSBU
မြို့ကြီးသည် သုံးပိုင်းကွဲသွား၍ တိုင်းနိုင်ငံတို့၏မြို့များသည်လည်း ပြိုလဲကြကုန်၏။ ဘုရားသခင်သည် မိမိ၏အမျက်တော်နှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ခွက်ကိုပေးရန် ဘေဘီလုံမြို့ကြီးကိုသတိရတော်မူ၏။
Burmese MSBZ
ၿမိဳ႕ႀကီးသည္ သုံးပိုင္းကြဲသြား၍ တိုင္းႏိုင္ငံတို႔၏ၿမိဳ႕မ်ားသည္လည္း ၿပိဳလဲၾကကုန္၏။ ဘုရားသခင္သည္ မိမိ၏အမ်က္ေတာ္ႏွင့္ဆိုင္သည့္ ျပင္းစြာေသာေဒါသစပ်စ္ဝိုင္ခြက္ကိုေပးရန္ ေဘဘီလုံၿမိဳ႕ႀကီးကိုသတိရေတာ္မူ၏။