Revelation 19:19 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနောက်သားရဲနှင့်တကွကမ္ဘာပေါ်ရှိရှင်ဘုရင် များနှင့်သူတို့၏စစ်သည်ဗိုလ်ပါတို့သည်မြင်းဖြူ ကိုစီးတော်မူသောအရှင်နှင့်သူ၏စစ်သည်တော် များကိုတိုက်ခိုက်ရန်စုရုံးကြသည်ကိုငါမြင် ရ၏။-
Burmese 1835 Version Judson
သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်ခြေများတို့သည်၊ မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင်၏။ သားရဲကို ဘမ်းမိကြ၏။ သားရဲ၏တံဆိပ် လက်မှတ်ကိုခံ၍၊ သူ၏ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဘမ်းမိကြ၏။ အသက်ရှင် လျက်ရှိသော ထိုသူနှစ်ဦးကို ကန်နှင့်လောင်သော မီးအိုင်ထဲသို့ ချပစ်ကြ၏။ ကြွင်းသောသူတို့သည်၊ မြင်းစီးတော်မူသော သူ၏ခံတွင်းတော်ထဲက ထွက်သော သန်လျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက်အပေါင်းတို့သည် ဝစွာစားရကြ၏။
Burmese 1928
ထို အ ခါ သား ရဲ မှ စ၍ မြေ ကြီး ဘု ရင် မင်း တို့ နှင့် နောက် ပါ ဗိုလ် ခြေ များ သည် မြင်း စီး သော အ ရှင် မှ စ၍ နောက် တော် ပါ ဗိုလ် ခြေ များ ကို စစ် တိုက် ရန် ခင်း ကျင်း ကြ စ ဥ်၊
Burmese 2021
သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်ခြေများတို့သည်၊ မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှာ စည်းဝေးကြသည်ကို ငါမြင်၏။-
Burmese JBZV
သားရဲမွစ၍ ေလာကီရွင္ဘုရင္တို႔ႏွင့္ သူတို႔၏ ဗိုလ္ေျခမ်ားတို႔သည္၊ ျမင္းစီးေတာ္မူေသာသူႏွင့္ ဗိုလ္ေျခေတာ္ကို စစ္တိုက္ျခင္းငွာ စည္းေဝးၾကသည္ကို ငါျမင္၏။-
Burmese MCLZV
ထိုေနာက္သားရဲႏွင့္တကြကမၻာေပၚရွိရွင္ဘုရင္ မ်ားႏွင့္သူတို႔၏စစ္သည္ဗိုလ္ပါတို႔သည္ျမင္းျဖဴ ကိုစီးေတာ္မူေသာအရွင္ႏွင့္သူ၏စစ္သည္ေတာ္ မ်ားကိုတိုက္ခိုက္ရန္စု႐ုံးၾကသည္ကိုငါျမင္ ရ၏။-
Burmese MSBU
ထိုအခါ သားရဲမှစ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်များနှင့် ၎င်းတို့၏ဗိုလ်ခြေများသည် မြင်းစီးသောသူနှင့်သူ၏ဗိုလ်ခြေကိုစစ်တိုက်ရန် စုဝေးကြသည်ကို ငါမြင်ရ၏။
Burmese MSBZ
ထိုအခါ သားရဲမွစ၍ ကမာၻေျမႀကီး၏ရွင္ဘုရင္မ်ားႏွင့္ ၎တို႔၏ဗိုလ္ေျခမ်ားသည္ ျမင္းစီးေသာသူႏွင့္သူ၏ဗိုလ္ေျခကိုစစ္တိုက္ရန္ စုေဝးၾကသည္ကို ငါျမင္ရ၏။