Revelation 19:2 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကိုယ်​တော်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​ပါ​၏။ မိ​မိ​၏​ကာ​မ​ဂုဏ်​စည်း​စိမ်​အား ဖြင့် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​ဖောက်​ပြန်​ပျက်​စီး စေ​သည့်​ပြည့်​တန်​ဆာ​မ​ကြီး​အား အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပြီ။ ကိုယ်​တော်​၏​အ​စေ​ခံ​တို့​အား သတ်​ခဲ့​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​ပြီ'' ဟု ကြွေး​ကြော်​ကြ​၏။-
Burmese 1835 Version Judson
စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ်ကြ၏။ မိမိမတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော် ကျွန်တို့၏ အသွေး ကို သူ၏ လက်ဖြင့်သွန်းသော အပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီဟု ပြောဆိုကြသည်ကို ငါကြား၏။
Burmese 1928
စီ ရင် တော် မူ ချက် များ သည် ဟုတ် မှန် ဖြောင့် မတ်၏။ မ တ ရား သော မေ ထုန် ဖြင့် မြေ ကြီး တစ် ပြင် လုံး ဖောက် ပြန် စေ သော ပြည် တန် ဆာ ကြီး ကို စီ ရင် ဆုံး ဖြတ် တော် မူ လျက် ကျွန် တော် ရင်း တို့ အ သွေး အ တွက် လက် စား​ ချေ တော် မူ ပြီ ဟု ကြွေး ကြော် ကြ ပြီး နောက်၊
Burmese 2021
စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ဟုတ်​မှန် ဖြောင့်​မတ်​ကြ၏။ မိ​မိ​မ​တ​ရား​သော မေ​ထုန်​အား​ဖြင့် မြေ​ကြီး​ကို ပုပ်​ပျက်​စေ​သော ပြည့်​တန်​ဆာ​ကြီး​ကို စစ်​ကြော​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​ကျွန်​တို့၏ အ​သွေး​ကို သူ၏ လက်​ဖြင့်​သွန်း​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား၏။-
Burmese JBZV
စီ​ရင္​ေတာ္​မူ​ျခင္း​အ​ရာ​တို႔​သည္ ဟုတ္​မွန္ ေျဖာင့္​မတ္​ၾက၏။ မိ​မိ​မ​တ​ရား​ေသာ ေမ​ထုန္​အား​ျဖင့္ ေျမ​ႀကီး​ကို ပုပ္​ပ်က္​ေစ​ေသာ ျပည့္​တန္​ဆာ​ႀကီး​ကို စစ္​ေၾကာ​စီ​ရင္​ေတာ္​မူ​ၿပီ။ ကိုယ္​ေတာ္​ကၽြန္​တို႔၏ အ​ေသြး​ကို သူ၏ လက္​ျဖင့္​သြန္း​ေသာ အ​ျပစ္​ႏွင့္​အ​ေလ်ာက္ ဒဏ္​ေပး​ေတာ္​မူ​ၿပီ​ဟု ေျပာ​ဆို​ၾက​သည္​ကို ငါ​ၾကား၏။-
Burmese MCLZV
ကိုယ္​ေတာ္​၏​တ​ရား​စီ​ရင္​ေတာ္​မူ​ခ်က္​တို႔​သည္ ေျဖာင့္​မွန္​ပါ​၏။ မိ​မိ​၏​ကာ​မ​ဂုဏ္​စည္း​စိမ္​အား ျဖင့္ ကမၻာ​သူ​ကမၻာ​သား​တို႔​အား​ေဖာက္​ျပန္​ပ်က္​စီး ေစ​သည့္​ျပည့္​တန္​ဆာ​မ​ႀကီး​အား အ​ျပစ္​ဒဏ္ ခတ္​ေတာ္​မူ​ၿပီ။ ကိုယ္​ေတာ္​၏​အ​ေစ​ခံ​တို႔​အား သတ္​ခဲ့​ေသာ​ေၾကာင့္ ဒဏ္​ခတ္​ေတာ္​မူ​ၿပီ'' ဟု ေႂကြး​ေၾကာ္​ၾက​၏။-
Burmese MSBU
အကြောင်းမူကား ကိုယ်တော်​၏​တရား​စီရင်​တော်မူ​ချက်​တို့​သည် မှန်ကန်​၍​ဖြောင့်မတ်​၏။ တရားနှင့်မညီ​မေထုန်ပြု​ခြင်း​အားဖြင့် ကမ္ဘာ​မြေကြီး​အား​ပျက်စီး​စေ​သည့် ပြည့်တန်ဆာမ​ကြီး​ကို ကိုယ်တော်​သည် စီရင်​တော်မူ​လျက် သူ​၏​လက်​၌​စွန်းထင်း​သော ကိုယ်တော့်​အစေအပါး​တို့​၏​သွေး​အတွက် လက်တုံ့ပြန်​တော်မူ​ပြီ”​ဟု ဆို​ကြ​၏။
Burmese MSBZ
အေၾကာင္းမူကား ကိုယ္ေတာ္​၏​တရား​စီရင္​ေတာ္မူ​ခ်က္​တို႔​သည္ မွန္ကန္​၍​ေျဖာင့္မတ္​၏။ တရားႏွင့္မညီ​ေမထုန္ျပဳ​ျခင္း​အားျဖင့္ ကမာၻ​ေျမႀကီး​အား​ပ်က္စီး​ေစ​သည့္ ျပည့္တန္ဆာမ​ႀကီး​ကို ကိုယ္ေတာ္​သည္ စီရင္​ေတာ္မူ​လ်က္ သူ​၏​လက္​၌​စြန္းထင္း​ေသာ ကိုယ္ေတာ့္​အေစအပါး​တို႔​၏​ေသြး​အတြက္ လက္တုံ႔ျပန္​ေတာ္မူ​ၿပီ”​ဟု ဆို​ၾက​၏။