Revelation 19:7 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သိုးသူငယ်တော်၏ထိမ်းမြားမင်္ဂလာပွဲအခါ ကျရောက်ပြီဖြစ်၍ငါတို့သည်ရွှင်လန်းဝမ်း မြောက်လျက် ဘုန်းအသရေတော်ကိုချီးမွမ်း ကြကုန်အံ့။ ကိုယ်တော်၏မင်္ဂလာဆောင်သတို့ သမီးသည်မိမိကိုယ်ကိုအသင့်ပြင်ဆင် ထားလေပြီ။-
Burmese 1835 Version Judson
ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာတောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။
Burmese 1928
အား ရ ရွှင် လန်း လျက် ဘုန်း တော် ကို ချီး မွမ်း ကြ ကုန် အံ့။ သိုး ငယ် တော်၏ မင်္ဂ လာ ဆောင် ချိန် တိုင် ရောက် ပြီ။ ခင် ပွန်း တော် လည်း သီး သန့် ထား သူ တို့ ကောင်း မှု များ တည်း ဟူ သော ဖြူ စင် သည့် ပိတ် ချော ကို ဆင် ယင် ခွင့် ရ သည့် အ လျောက် အ သင့် ဆင် ပြင် ပြီး ဖြစ် သည် ဟူ၍ တည်း။
Burmese 2021
ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုးကြိုးသံကဲ့သို့ ငါကြား၏။-
Burmese JBZV
ငါတို႔သည္ ဝမ္းေျမာက္ရႊင္လန္းၾကကုန္အံ့၊ ဂုဏ္ေတာ္ကို ခ်ီးမြမ္းၾကကုန္အံ့၊ အေၾကာင္းမူကား၊ သိုးသငယ္၏ မဂၤလာေဆာင္ပြဲကို ခံခ်ိန္ရွိၿပီ။ သူ၏မိန္းမသည္ ကိုယ္ကို တန္ဆာဆင္ၿပီဟု စည္းေဝးေသာ သူအမ်ားတို႔၏အသံ၊ သမုဒၵရာသံ၊ ျပင္းစြာေသာ မိုးႀကိဳးသံကဲ့သို႔ ငါၾကား၏။-
Burmese MCLZV
သိုးသူငယ္ေတာ္၏ထိမ္းျမားမဂၤလာပြဲအခါ က်ေရာက္ၿပီျဖစ္၍ငါတို႔သည္ရႊင္လန္းဝမ္း ေျမာက္လ်က္ ဘုန္းအသေရေတာ္ကိုခ်ီးမြမ္း ၾကကုန္အံ့။ ကိုယ္ေတာ္၏မဂၤလာေဆာင္သတို႔ သမီးသည္မိမိကိုယ္ကိုအသင့္ျပင္ဆင္ ထားေလၿပီ။-
Burmese MSBU
ငါတို့သည် ဝမ်းမြောက်ရွှင်မြူးလျက် ကိုယ်တော်၏ဘုန်းတော်ကိုချီးမွမ်းကြကုန်စို့။ အဘယ်ကြောင့်ဆိုသော် သိုးသငယ်တော်၏မင်္ဂလာဆောင်ပွဲအချိန်ကျရောက်လာ၍ သူ၏သတို့သမီးသည် မိမိကိုယ်ကိုပြင်ဆင်လေပြီ။
Burmese MSBZ
ငါတို႔သည္ ဝမ္းေျမာက္႐ႊင္ျမဴးလ်က္ ကိုယ္ေတာ္၏ဘုန္းေတာ္ကိုခ်ီးမြမ္းၾကကုန္စို႔။ အဘယ္ေၾကာင့္ဆိုေသာ္ သိုးသငယ္ေတာ္၏မဂၤလာေဆာင္ပြဲအခ်ိန္က်ေရာက္လာ၍ သူ၏သတို႔သမီး သည္ မိမိကိုယ္ကိုျပင္ဆင္ေလၿပီ။