Revelation 21:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဝိညာဉ်တော်သည်ငါ့အပေါ်သို့သက်ရောက်တော် မူလျက်၊ ကောင်းကင်တမန်သည်ငါ့ကိုအလွန်မြင့် သောတောင်ထိပ်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ သန့်ရှင်းမြင့်မြတ်သည့်ယေရုရှလင်မြို့သက် ဆင်းလာသည်ကိုပြ၏။-
Burmese 1835 Version Judson
ကြီးမြင့်သော တောင်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကို ဆောင်သွား၍ သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အား ပြလေ၏။
Burmese 1928
ဝိ ညာဉ် တော် ဝင် စား သူ ငါ့ ကို ကြီး မြင့် သော တောင် သို့ ခေါ် သွား လျက် ဘု ရား သ ခင် စံ တော် မူ ရာ ကောင်း ကင် ဘုံ မှ ဆင်း သက် သည့် သန့် ရှင်း သော ယေ ရု ရှ လင် မြို့ တော် ကို ပြ ၏။
Burmese 2021
ကြီးမြင့်သောတောင်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကို ဆောင်သွား၍ သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အားပြလေ၏။-
Burmese JBZV
ႀကီးျမင့္ေသာေတာင္သို႔ ဝိညာဥ္ေတာ္အားျဖင့္ ငါ့ကို ေဆာင္သြား၍ သန္႔ရွင္းေသာ ေယ႐ုရွလင္ၿမိဳ႕သည္ ဘုရားသခင္၏ ဘုန္းေတာ္ႏွင့္ ျပည့္စုံလ်က္၊ ဘုရားသခင့္ အထံေတာ္၊ ေကာင္းကင္ဘုံမွ ဆင္းသက္သည္ကို ငါ့အားျပေလ၏။-
Burmese MCLZV
ဝိညာဥ္ေတာ္သည္ငါ့အေပၚသို႔သက္ေရာက္ေတာ္ မူလ်က္၊ ေကာင္းကင္တမန္သည္ငါ့ကိုအလြန္ျမင့္ ေသာေတာင္ထိပ္ေပၚသို႔ေခၚေဆာင္သြားၿပီးလၽွင္ ဘုရားသခင္စံေတာ္မူရာေကာင္းကင္ဘုံမွ သန႔္ရွင္းျမင့္ျမတ္သည့္ေယ႐ုရွလင္ၿမိဳ႕သက္ ဆင္းလာသည္ကိုျပ၏။-
Burmese MSBU
ထိုကောင်းကင်တမန်သည် ကြီးမား၍မြင့်လှသောတောင်ပေါ်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကိုခေါ်ဆောင်သွားကာ ဘုရားသခင်အထံတော်၊ ကောင်းကင်ထက်မှဆင်းသက်လာသည့် သန့်ရှင်းသောဂျေရုဆလင်မြို့ကို ငါ့အားပြလေ၏။
Burmese MSBZ
ထိုေကာင္းကင္တမန္သည္ ႀကီးမား၍ျမင့္လွေသာေတာင္ေပၚသို႔ ဝိညာဥ္ေတာ္အားျဖင့္ ငါ့ကိုေခၚေဆာင္သြားကာ ဘုရားသခင္အထံေတာ္၊ ေကာင္းကင္ထက္မွဆင္းသက္လာသည့္ သန႔္ရွင္းေသာေဂ်႐ုဆလင္ၿမိဳ႕ကို ငါ့အားျပေလ၏။