Revelation 21:12 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုမြို့တွင်တံခါးပေါက်တစ်ဆယ့်နှစ်ပေါက်နှင့် မြင့်မားသောမြို့ရိုးကြီးရှိ၏။ ထိုတံခါးပေါက် တို့တွင်ကောင်းကင်တမန်တစ်ဆယ့်နှစ်ပါးစောင့် ၍ဣသရေလအမျိုးတစ်ဆယ့်နှစ်ပါးတို့၏ နာမည်များကိုတံခါးများပေါ်၌ရေးထား လျက်ရှိ၏။-
Burmese 1835 Version Judson
ကြီးမြင့်သော မြို့ရိုးလည်းရှိ၏။
Burmese 1928
ကြီး မြင့် သော မြို့ ရိုး နှင့် တ ကွ စေ တ မန် တော် ဆယ့် နှစ် ပါး စောင့် လျက် ဣ သ ရေ လ ဆယ့် နှစ် နွယ်၏ အ မည် များ အ လိုက် က မ္ပည်း ထိုး လျက် အ ရှေ့ မျက် နှာ၌ တံ ခါး သုံး ပေါက်၊ မြောက် မျက် နှာ၌ သုံး ပေါက်၊ တောင် မျက် နှာ၌ သုံး ပေါက်၊ အ နောက် မျက် နှာ၌ သုံး ပေါက် ပေါင်း ဆယ့် နှစ် ပေါက် ရှိ ၏။
Burmese 2021
ကြီးမြင့်သော မြို့ရိုးလည်းရှိ၏။ အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ သုံးပေါက်၊ တောင်ဘက်၌သုံးပေါက်၊ အနောက်ဘက်၌ သုံးပေါက်၊ တံခါး တစ်ဆယ်နှစ်ပေါက်ရှိ၏။ ထိုတံခါး တစ်ဆယ်နှစ်ပေါက်၌ ကောင်းကင်တမန် တစ်ဆယ်နှစ်ပါး ရှိ၏။ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုး၏ နာမတို့သည် ထိုတံခါးပေါ်၌ ရေးထားလျက်ရှိ၏။-
Burmese JBZV
ႀကီးျမင့္ေသာ ၿမိဳ႕ရိုးလည္းရွိ၏။ အေရွ႕ဘက္၌ တံခါးသုံးေပါက္၊ ေျမာက္ဘက္၌ သုံးေပါက္၊ ေတာင္ဘက္၌သုံးေပါက္၊ အေနာက္ဘက္၌ သုံးေပါက္၊ တံခါး တစ္ဆယ္ႏွစ္ေပါက္ရွိ၏။ ထိုတံခါး တစ္ဆယ္ႏွစ္ေပါက္၌ ေကာင္းကင္တမန္ တစ္ဆယ္ႏွစ္ပါး ရွိ၏။ ဣသေရလအမ်ိဳး တစ္ဆယ္ႏွစ္မ်ိဳး၏ နာမတို႔သည္ ထိုတံခါးေပၚ၌ ေရးထားလ်က္ရွိ၏။-
Burmese MCLZV
ထိုၿမိဳ႕တြင္တံခါးေပါက္တစ္ဆယ့္ႏွစ္ေပါက္ႏွင့္ ျမင့္မားေသာၿမိဳ႕ရိုးႀကီးရွိ၏။ ထိုတံခါးေပါက္ တို႔တြင္ေကာင္းကင္တမန္တစ္ဆယ့္ႏွစ္ပါးေစာင့္ ၍ဣသေရလအမ်ိဳးတစ္ဆယ့္ႏွစ္ပါးတို႔၏ နာမည္မ်ားကိုတံခါးမ်ားေပၚ၌ေရးထား လ်က္ရွိ၏။-
Burmese MSBU
ထိုမြို့တွင် ကြီးမား၍မြင့်လှသောမြို့ရိုးရှိလျက် တံခါးတစ်ဆယ့်နှစ်ပေါက်ရှိ၏။ တံခါးများတွင် ကောင်းကင်တမန်တစ်ဆယ့်နှစ်ပါးရှိ၍ ထိုတံခါးများပေါ်၌ အစ္စရေးအမျိုးသားတို့၏မျိုးနွယ်စုတစ်ဆယ့်နှစ်နွယ်တို့၏အမည်နာမများကို ရေးထိုးထား၏။
Burmese MSBZ
ထိုၿမိဳ႕တြင္ ႀကီးမား၍ျမင့္လွေသာၿမိဳ႕႐ိုးရွိလ်က္ တံခါးတစ္ဆယ့္ႏွစ္ေပါက္ရွိ၏။ တံခါးမ်ားတြင္ ေကာင္းကင္တမန္တစ္ဆယ့္ႏွစ္ပါးရွိ၍ ထိုတံခါးမ်ားေပၚ၌ အစၥေရးအမ်ိဳးသားတို႔၏မ်ိဳးႏြယ္စုတစ္ဆယ့္ႏွစ္ႏြယ္တို႔၏အမည္နာမမ်ားကို ေရးထိုးထား၏။