Romans 11:12 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ယုဒအမျိုးသားတို့အပြစ်ကူးမှုသည်ကမ္ဘာ အား ကြွယ်ဝစွာကောင်းချီးခံစားစေသည်။ သူ တို့၏ဆုံးရှုံးမှုသည်လူမျိုးခြားတို့အားကောင်း ချီးများစွာခံစားစေပါလျှင် ယုဒအမျိုးသား တစ်ရပ်လုံးကခရစ်တော်ကိုယုံကြည်လက်ခံ လာကြသောအခါပို၍ပင်ကောင်းချီးခံစား ရကြလိမ့်မည်။
Burmese 1835 Version Judson
သူတို့၏လဲခြင်းအရာသည် လောကီသားတို့၏ စီးပွါးကို၎င်း၊ သူတို့၏ရှုံးခြင်းအရာသည်တပါး အမျိုးသား တို့၏ စီးပွါးကို၎င်း ပြုစုလျှင်၊ သူတို့၏ ပြည့်စုံခြင်းအရာသည်သာ၍ ပြုစုမည်မဟုတ်လော။
Burmese 1928
ထို သူ တို့ လဲ ပြို ခြင်း ကြောင့် ဤ လော က ၌ လည်း ကောင်း၊ ဆုံး ရှုံး ခြင်း ကြောင့် လူ မျိုး ခြား တို့ ၌ လည်း ကောင်း၊ သု ခ ချမ်း သာ ဖြစ် လျှင် သူ တို့ စုံ လင် ရာ ရောက် ခြင်း ကြောင့် မည် မျှ သု ခ ချမ်း သာ ဖြစ် မည် နည်း။
Burmese 2021
သူတို့၏လဲခြင်းအရာသည် လောကီသားတို့၏ စီးပွားကိုလည်းကောင်း၊ သူတို့၏ရှုံးခြင်းအရာသည် တစ်ပါးအမျိုးသားတို့၏ စီးပွားကိုလည်းကောင်း ပြုစုလျှင်၊ သူတို့၏ ပြည့်စုံခြင်းအရာသည် သာ၍ ပြုစုမည်မဟုတ်လော။
Burmese JBZV
သူတို႔၏လဲျခင္းအရာသည္ ေလာကီသားတို႔၏ စီးပြားကိုလည္းေကာင္း၊ သူတို႔၏ရွုံးျခင္းအရာသည္ တစ္ပါးအမ်ိဳးသားတို႔၏ စီးပြားကိုလည္းေကာင္း ျပဳစုလၽွင္၊ သူတို႔၏ ျပည့္စုံျခင္းအရာသည္ သာ၍ ျပဳစုမည္မဟုတ္ေလာ။
Burmese MCLZV
ယုဒအမ်ိဳးသားတို႔အျပစ္ကူးမွုသည္ကမၻာ အား ႂကြယ္ဝစြာေကာင္းခ်ီးခံစားေစသည္။ သူ တို႔၏ဆုံးရွုံးမွုသည္လူမ်ိဳးျခားတို႔အားေကာင္း ခ်ီးမ်ားစြာခံစားေစပါလၽွင္ ယုဒအမ်ိဳးသား တစ္ရပ္လုံးကခရစ္ေတာ္ကိုယုံၾကည္လက္ခံ လာၾကေသာအခါပို၍ပင္ေကာင္းခ်ီးခံစား ရၾကလိမ့္မည္။
Burmese MSBU
သို့သော် သူတို့ကျူးလွန်သောအပြစ်သည် လောကီသားတို့၏ကြွယ်ဝမှုဖြစ်ခဲ့ပြီး သူတို့၏ရှုံးနိမ့်ခြင်းသည် လူမျိုးခြားတို့၏ကြွယ်ဝခြင်းဖြစ်ခဲ့လျှင် သူတို့၏ပြည့်စုံခြင်းသည် မည်မျှပို၍များသောအကျိုးကို ဖြစ်စေလိမ့်မည်နည်း။
Burmese MSBZ
သို႔ေသာ္ သူတို႔က်ဴးလြန္ေသာအျပစ္သည္ ေလာကီသားတို႔၏ႂကြယ္ဝမႈျဖစ္ခဲ့ၿပီး သူတို႔၏ရႈံးနိမ့္ျခင္းသည္ လူမ်ိဳးျခားတို႔၏ႂကြယ္ဝျခင္းျဖစ္ခဲ့လွ်င္ သူတို႔၏ျပည့္စုံျခင္းသည္ မည္မွ်ပို၍မ်ားေသာအက်ိဳးကို ျဖစ္ေစလိမ့္မည္နည္း။