Romans 6:19 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
(သင်တို့၏ဇာတိသဘောအရအားနည်းမှု ကြောင့် လူတို့နားလည်နိုင်သောဝေါဟာရကို ငါသုံးခြင်းဖြစ်သည်။) အခါတစ်ပါးက သင်တို့သည်ဆိုးယုတ်မှုအမျိုးမျိုးကိုပြု ကျင့်နိုင်ရန် မိမိတို့ကိုယ်ကိုညစ်ညမ်းဆိုးယုတ် မှု၏လက်သို့ကျွန်အဖြစ်ဖြင့်လုံးဝအပ်နှံ ခဲ့ကြ၏။ ထိုနည်းတူစွာသင်တို့သည်ယခု အခါ၌သန့်ရှင်းမြင့်မြတ်သည့်အမှုကို ပြုကျင့်နိုင်ရန် မိမိတို့၏ကိုယ်ကိုဖြောင့်မတ် ခြင်းတရား၏လက်သို့ကျွန်အဖြစ်ဖြင့်လုံးဝ အပ်နှံကြလော့။
Burmese 1835 Version Judson
ထိုသို့ ငါဆိုသော်၊ သင်တို့ဇာတိပကတိအတိုင်း ဥာဏ်နည်းသောကြောင့်၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည် မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မ အလိုငှါ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌ သွင်း၍ ကျွန်ခံစေကြလော့။
Burmese 1928
ဇာ တိ သ ဘော အ လိုက် သင် တို့ အား နည်း သော ကြောင့် လူ့ စ ရိုက် အ တိုင်း ငါ ဆို ရ လျှင် သင် တို့ သည် ကိုယ် အင်္ဂါ များ ကို ဒု စ ရိုက် အ လို့ ငှါ ညစ် ညှူး ခြင်း၊ မ တ ရား ခြင်း၏ ကျွန် အ ဖြစ် ဆက် သ ဖူး ကြ သ ကဲ့ သို့ ပင် ယ ခု မှာ၊ သန့် ရှင်း ခြင်း အ လို့ ငှါ ဖြောင့် မတ် ခြင်း၏ ကျွန် အ ဖြစ် ဆက် သ ကြ လော့။
Burmese 2021
ထိုသို့ငါဆိုသော်၊ သင်တို့သည် ဇာတိပကတိအတိုင်း ဉာဏ်နည်းသောကြောင့်၊ လောကီဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည် မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မအလိုငှာ ညစ်ညူးခြင်းတရား၊ အဓမ္မတရား၌သွင်း၍ ကျွန်ခံစေဖူးသည်နည်းတူ၊ ယခုမှာ ကိုယ်အင်္ဂါများကို သန့်ရှင်းခြင်းအလိုငှာ၊ ဖြောင့်မတ်ခြင်းတရား၌သွင်း၍ ကျွန်ခံစေကြလော့။-
Burmese JBZV
ထိုသို႔ငါဆိုေသာ္၊ သင္တို႔သည္ ဇာတိပကတိအတိုင္း ဉာဏ္နည္းေသာၾကာင့္၊ ေလာကီေဝါဟာရအားျဖင့္ ဆိုသတည္း။ သင္တို႔သည္ မိမိတို႔ကိုယ္အဂၤါမ်ားကို အဓမၼအလိုငွာ ညစ္ညဴးျခင္းတရား၊ အဓမၼတရား၌ သြင္း၍ ကၽြန္ခံေစဖူးသည္နည္းတူ၊ ယခုမွာ ကိုယ္အဂၤါမ်ားကိုသန္႔ရွင္းျခင္းအလိုငွာ၊ ေျဖာင့္မတ္ျခင္းတရား၌သြင္း၍ ကၽြန္ခံေစၾကေလာ့။-
Burmese MCLZV
(သင္တို႔၏ဇာတိသေဘာအရအားနည္းမွု ေၾကာင့္ လူတို႔နားလည္နိုင္ေသာေဝါဟာရကို ငါသုံးျခင္းျဖစ္သည္။) အခါတစ္ပါးက သင္တို႔သည္ဆိုးယုတ္မွုအမ်ိဳးမ်ိဳးကိုျပဳ က်င့္နိုင္ရန္ မိမိတို႔ကိုယ္ကိုညစ္ညမ္းဆိုးယုတ္ မွု၏လက္သို႔ကၽြန္အျဖစ္ျဖင့္လုံးဝအပ္ႏွံ ခဲ့ၾက၏။ ထိုနည္းတူစြာသင္တို႔သည္ယခု အခါ၌သန႔္ရွင္းျမင့္ျမတ္သည့္အမွုကို ျပဳက်င့္နိုင္ရန္ မိမိတို႔၏ကိုယ္ကိုေျဖာင့္မတ္ ျခင္းတရား၏လက္သို႔ကၽြန္အျဖစ္ျဖင့္လုံးဝ အပ္ႏွံၾကေလာ့။
Burmese MSBU
သင်တို့၏သွေးသားဇာတိအားနည်းသောကြောင့် ငါသည် လောကီဝေါဟာရအားဖြင့် ပြောဆို၏။ ယခင်က သင်တို့သည် မိမိတို့၏ကိုယ်အင်္ဂါများကို ညစ်ညူးခြင်းနှင့်တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် ဆက်သ၍ တရားမဲ့ခြင်းထဲသို့ ရောက်ခဲ့ကြသည့်နည်းတူ ယခု မိမိတို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ကျွန်အဖြစ် ဆက်သ၍ သန့်ရှင်းခြင်းသို့ရောက်ကြလော့။
Burmese MSBZ
သင္တို႔၏ေသြးသားဇာတိအားနည္းေသာေၾကာင့္ ငါသည္ ေလာကီေဝါဟာရအားျဖင့္ ေျပာဆို၏။ ယခင္က သင္တို႔သည္ မိမိတို႔၏ကိုယ္အဂၤါမ်ားကို ညစ္ညဴးျခင္းႏွင့္တရားမဲ့ျခင္းတို႔၏ကြၽန္အျဖစ္ ဆက္သ၍ တရားမဲ့ျခင္းထဲသို႔ ေရာက္ခဲ့ၾကသည့္နည္းတူ ယခု မိမိတို႔၏ကိုယ္အဂၤါမ်ားကို ေျဖာင့္မတ္ျခင္း၏ကြၽန္အျဖစ္ ဆက္သ၍ သန႔္ရွင္းျခင္းသို႔ေရာက္ၾကေလာ့။