Romans 7:23 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့သော်ငါ၏ကိုယ်ခန္ဓာအတွင်း၌ ငါ၏စိတ်က နှစ်သက်သည့်သဘောတရားနှင့်ဆိုင်ပြိုင်တိုက် ခိုက်လျက်နေသည့်အခြားသဘောတရားတစ်ခု ရှိ၏။ ထိုသဘောတရားသည်ငါ၏အတွင်း၌ ထကြွလှုပ်ရှား၍ ငါ့အားအပြစ်တရား၏ လက်သို့အပ်နှံသည်ကိုငါမြင်ရ၏။-
Burmese 1835 Version Judson
သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ ရှိသော တရားတပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင် တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ ရှိသော အပြစ် တရားလက်သို့ ငါ့ကိုဘမ်းသွားအပ်နှံသည်ကို ငါမြင်၏။
Burmese 1928
ငါ့ ကိုယ် အင်္ဂါ အ များ၌ ရှိ သော အ ပြစ် တ ရား အောက် သို့ ငါ့ ကို သုံ့ ဘမ်း သော တ ရား တစ် မျိုး သည် ကိုယ် အင်္ဂါ များ၌ ရှိ ကြောင်း ငါ သိ၏။
Burmese 2021
သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင် တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကို ဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။-
Burmese JBZV
သို႔ေသာ္လည္း ငါ့ကိုယ္အဂၤါမ်ား၌ ရွိေသာ တရားတစ္ပါးသည္ စိတ္ဝိညာဥ္တရားကို ဆိုင္ၿပိဳင္ တိုက္လွန္သျဖင့္၊ ငါ့ကိုယ္အဂၤါမ်ား၌ရွိေသာ အျပစ္တရားလက္သို႔ ငါ့ကို ဖမ္းသြားအပ္ႏွံသည္ကို ငါျမင္၏။-
Burmese MCLZV
သို႔ေသာ္ငါ၏ကိုယ္ခႏၶာအတြင္း၌ ငါ၏စိတ္က ႏွစ္သက္သည့္သေဘာတရားႏွင့္ဆိုင္ၿပိဳင္တိုက္ ခိုက္လ်က္ေနသည့္အျခားသေဘာတရားတစ္ခု ရွိ၏။ ထိုသေဘာတရားသည္ငါ၏အတြင္း၌ ထႂကြလွုပ္ရွား၍ ငါ့အားအျပစ္တရား၏ လက္သို႔အပ္ႏွံသည္ကိုငါျမင္ရ၏။-
Burmese MSBU
ငါ၏ကိုယ်အင်္ဂါများ၌ အခြားသောတရားရှိ၍ ၎င်းတို့သည် ငါ့စိတ်နှလုံး၏တရားနှင့် တိုက်ခိုက်လျက်နေသဖြင့် ငါ၏ကိုယ်အင်္ဂါများ၌ရှိသည့် အပြစ်နှင့်ဆိုင်သောတရားအားဖြင့် ငါ့ကိုဖမ်းဆီးချုပ်နှောင်ထားသည်ကို ငါမြင်၏။
Burmese MSBZ
ငါ၏ကိုယ္အဂၤါမ်ား၌ အျခားေသာတရားရွိ၍ ၎တို႔သည္ ငါ့စိတ္ႏွလုံး၏တရားႏွင့္ တိုက္ခိုက္လ်က္ေနသျဖင့္ ငါ၏ကိုယ္အဂၤါမ်ား၌ရွိသည့္ အျပစ္ႏွင့္ဆိုင္ေသာတရားအားျဖင့္ ငါ့ကိုဖမ္းဆီးခ်ဳပ္ေႏွာင္ထားသည္ကို ငါျမင္၏။