Romans 7:25 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ် ဆယ်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သည်​ကြီး​လှ​စွ​တ​ကား။ အ​ချုပ်​အား​ဖြင့်​ငါ​၏​ဖြစ်​ရပ်​ကို​ဖော်​ပြ​ရ​သော် ငါ​သည်​စိတ်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​တ​ရား​တော် အောက်​အ​စေ​ခံ​သော်​လည်း​ဇာ​တိ​သ​ဘော​အား ဖြင့်​အ​ပြစ်​တ​ရား​အောက်​အ​စေ​ခံ​၏။
Burmese 1835 Version Judson
ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏။ ထိုသို့စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ တရားတော် အလိုသို့၎င်း၊ ဇာတိပကတိအားဖြင့် အပြစ်တရား အလိုသို့၎င်း၊ ငါလိုက်တတ်၏။
Burmese 1928
ငါ တို့ အ ရှင် ယေ ရှု ခ ရစ် အား ဖြင့် ဘု ရား သ ခင့် ကျေး ဇူး တော် ကြီး မြတ် လေ စွ။ ထို သို့ ဉာဏ် သ ဘော အ လျောက် ဘု ရား သ ခင့် ပ ညတ် တ ရား အောက် ငါ့ ကိုယ် တိုင် ကျွန် ခံ သော် လည်း ရုပ် သ ဘော အ လျောက် အ ပြစ် တ ရား အောက် ကျွန် ခံ ရ သ တည်း။
Burmese 2021
ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​လွှတ်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော် ကြီး​လှ​ပေ၏။ ထို​သို့ စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ တ​ရား​တော်​အ​လို​သို့​လည်း​ကောင်း၊ ဇာ​တိ​ပ​က​တိ​အား​ဖြင့် အ​ပြစ်​တ​ရား​အ​လို​သို့​လည်း​ကောင်း၊ ငါ​လိုက်​တတ်၏။
Burmese JBZV
ငါ​တို႔​သ​ခင္ ေယ​ရွု​ခ​ရစ္​အား​ျဖင့္ ကယ္​လႊတ္​ေတာ္​မူ​ေသာ ဘု​ရား​သ​ခင္၏​ေက်း​ဇူး​ေတာ္ ႀကီး​လွ​ေပ၏။ ထို​သို႔ စိတ္​ဝိ​ညာဥ္​အား​ျဖင့္ ဘု​ရား​သ​ခင္၏ တ​ရား​ေတာ္​အ​လို​သို႔​လည္း​ေကာင္း၊ ဇာ​တိ​ပ​က​တိ​အား​ျဖင့္ အ​ျပစ္​တ​ရား​အ​လို​သို႔​လည္း​ေကာင္း၊ ငါ​လိုက္​တတ္၏။
Burmese MCLZV
ငါ​တို႔​အ​ရွင္​သ​ခင္​ေယ​ရွု​ခ​ရစ္​အား​ျဖင့္​ကယ္ ဆယ္​ေတာ္​မူ​ေသာ​ဘု​ရား​သ​ခင္​၏​ေက်း​ဇူး ေတာ္​သည္​ႀကီး​လွ​စြ​တ​ကား။ အ​ခ်ဳပ္​အား​ျဖင့္​ငါ​၏​ျဖစ္​ရပ္​ကို​ေဖာ္​ျပ​ရ​ေသာ္ ငါ​သည္​စိတ္​အား​ျဖင့္ ဘု​ရား​သ​ခင္​၏​တ​ရား​ေတာ္ ေအာက္​အ​ေစ​ခံ​ေသာ္​လည္း​ဇာ​တိ​သ​ေဘာ​အား ျဖင့္​အ​ျပစ္​တ​ရား​ေအာက္​အ​ေစ​ခံ​၏။
Burmese MSBU
သို့သော် ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​ချီးမွမ်း​၏။ ဤသို့ဖြင့် ငါ​သည် မိမိ​စိတ်နှလုံး​အားဖြင့် ဘုရားသခင်​၏​တရား​တော်​ကို အစေခံ​လျက်​ရှိ​သော်လည်း သွေးသား​ဇာတိ​အားဖြင့် အပြစ်​နှင့်ဆိုင်သော​တရား​ကို အစေခံ​လျက်​ရှိ​၏။
Burmese MSBZ
သို႔ေသာ္ ငါ​တို႔​၏​သခင္​ေယရႈ​ခရစ္ေတာ္​အားျဖင့္ ဘုရားသခင္​၏​ေက်းဇူး​ေတာ္​ကို​ခ်ီးမြမ္း​၏။ ဤသို႔ျဖင့္ ငါ​သည္ မိမိ​စိတ္ႏွလုံး​အားျဖင့္ ဘုရားသခင္​၏​တရား​ေတာ္​ကို အေစခံ​လ်က္​ရွိ​ေသာ္လည္း ေသြးသား​ဇာတိ​အားျဖင့္ အျပစ္​ႏွင့္ဆိုင္ေသာ​တရား​ကို အေစခံ​လ်က္​ရွိ​၏။