Romans 8:26 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ထို​နည်း​အ​တိုင်း​ပင်​ဝိ​ညာဉ်​တော်​သည်​လည်း အား​နည်း​သော ငါ​တို့​အား​ကူ​မ​ရန်​ကြွ​လာ တော်​မူ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​ဆု​တောင်း ရ​မည်​ကို​မ​သိ​ကြ။ နှုတ်​ဖြင့်​မြွက်​ဆို​ဖော်​ပြ ရန်​မ​ဖြစ်​နိုင်​သော​ညည်း​တွား​သံ​ဖြင့် ဝိ​ညာဉ် တော်​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ​အ​သ​နား​ခံ​တော်​မူ​၏။-
Burmese 1835 Version Judson
ထိုမှတပါး၊ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည်ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည်ဟုမသိကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမြွက်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။
Burmese 1928
ထို နည်း တူ မည် သို့ ပ ဌ နာ ပြု သင့် သည် ကို ငါ တို့ မ သိ ကြ သ ဖြင့် ဝိ ညာဉ် တော် လည်း ငါ တို့၏ အား နည်း ခြင်း ကို လုပ် ဆောင် ဘက် ပြု လျက် မြွက် သံ မ ပြု သော ညည်း တွား ခြင်း များ ဖြင့် ငါ တို့ အ ဖို့ အ သ နား ခံ တော် မူ ရာ၊
Burmese 2021
ထို​မှ​တစ်​ပါး၊ ငါ​တို့ မ​တတ်​နိုင်​သော​အ​ရာ​မှာ ဝိ​ညာဉ်​တော်​သည် မ​စ​တော်​မူ၏။ ငါ​တို့​သည် ဆု​တောင်း​သင့်​သည်​အ​တိုင်း အ​ဘယ်​ဆု​ကို တောင်း​ရ​မည်​ဟု​မ​သိ​ကြ။ သို့​ရာ​တွင် ငါ​တို့​ဆု​တောင်း​ခြင်း​အ​မှု​ကို နှုတ်​မ​မြွက်​နိုင်​သော ညည်း​တွား​ခြင်း​အား​ဖြင့် ဝိ​ညာဉ်​တော်​သည် စောင့်​မ​တော်​မူ၏။-
Burmese JBZV
ထို​မွ​တစ္​ပါး၊ ငါ​တို႔ မ​တတ္​နိုင္​ေသာ​အ​ရာ​မွာ ဝိ​ညာဥ္​ေတာ္​သည္ မ​စ​ေတာ္​မူ၏။ ငါ​တို႔​သည္ ဆု​ေတာင္း​သင့္​သည္​အ​တိုင္း အ​ဘယ္​ဆု​ကို ေတာင္း​ရ​မည္​ဟု​မ​သိ​ၾက။ သို႔​ရာ​တြင္ ငါ​တို႔​ဆု​ေတာင္း​ျခင္း​အ​မွု​ကို ႏွုတ္​မ​ႁမြက္​နိုင္​ေသာ ညည္း​တြား​ျခင္း​အား​ျဖင့္ ဝိ​ညာဥ္​ေတာ္​သည္ ေစာင့္​မ​ေတာ္​မူ၏။-
Burmese MCLZV
ထို​နည္း​အ​တိုင္း​ပင္​ဝိ​ညာဥ္​ေတာ္​သည္​လည္း အား​နည္း​ေသာ ငါ​တို႔​အား​ကူ​မ​ရန္​ႂကြ​လာ ေတာ္​မူ​၏။ ငါ​တို႔​သည္​အ​ဘယ္​သို႔​ဆု​ေတာင္း ရ​မည္​ကို​မ​သိ​ၾက။ ႏွုတ္​ျဖင့္​ႁမြက္​ဆို​ေဖာ္​ျပ ရန္​မ​ျဖစ္​နိုင္​ေသာ​ညည္း​တြား​သံ​ျဖင့္ ဝိ​ညာဥ္ ေတာ္​ကိုယ္​တိုင္​ပင္​လၽွင္​ငါ​တို႔​အ​တြက္ ဘု​ရား​သ​ခင္​ထံ​အ​သ​နား​ခံ​ေတာ္​မူ​၏။-
Burmese MSBU
ထိုနည်းတူ ဝိညာဉ်​တော်​သည်​လည်း ငါ​တို့​၏​အားနည်း​ခြင်း​ကို ဖေးမ​ကူညီ​ပေး​တော်မူ​၏။ ငါ​တို့​သည် ဆုတောင်း​သင့်​သည့်​အတိုင်း မည်သို့​ဆုတောင်း​ရ​မည်​ကို မ​သိ​ကြ။ သို့သော် ဝိညာဉ်​တော်​ကိုယ်တော်​တိုင် စကား​ဖြင့်​ဖော်ပြ​၍​မ​ရ​နိုင်​သော ညည်းတွား​သံ​များ​ဖြင့် ငါ​တို့​အတွက် အသနားခံ​ပေး​တော်မူ​၏။
Burmese MSBZ
ထိုနည္းတူ ဝိညာဥ္​ေတာ္​သည္​လည္း ငါ​တို႔​၏​အားနည္း​ျခင္း​ကို ေဖးမ​ကူညီ​ေပး​ေတာ္မူ​၏။ ငါ​တို႔​သည္ ဆုေတာင္း​သင့္​သည့္​အတိုင္း မည္သို႔​ဆုေတာင္း​ရ​မည္​ကို မ​သိ​ၾက။ သို႔ေသာ္ ဝိညာဥ္​ေတာ္​ကိုယ္ေတာ္​တိုင္ စကား​ျဖင့္​ေဖာ္ျပ​၍​မ​ရ​ႏိုင္​ေသာ ညည္းတြား​သံ​မ်ား​ျဖင့္ ငါ​တို႔​အတြက္ အသနားခံ​ေပး​ေတာ္မူ​၏။