Romans 9:11 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
သို့သော်သူတို့မဖွားမီ၊ အဆိုးအကောင်းကို မပြုမကျင့်နိုင်မီကပင်လျှင် ဘုရားသခင် သည်ရေဗက္ကအား``သင်၏သားကြီးသည်သား ငယ်၏အစေကိုခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။ ဘုရားသခင်ဤသို့မိန့်တော်မူခြင်း မှာကိုယ်တော်သည် မိမိအကြံအစည်ကို ဖော်ပြရန်ဖြစ်ပေသည်။ ယင်းသို့ရွေးကောက် တော်မူရာ၌အကျင့်အပေါ်တွင်တည်သည် မဟုတ်၊ ကိုယ်တော်ခေါ်ယူတော်မူခြင်း အပေါ်၌တည်ပေသည်။-
Burmese 1835 Version Judson
ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသော သူ၏အလိုတော်အားဖြင့်တည်မည် အကြောင်း၊ သားမဘွားမှီ၊ ထိုသားတို့သည် ကောင်းသော အကျင့်၊ မကောင်းသောအကျင့်ကိုမကျင့်မှီ၊
Burmese 1928
အ ဘ တူ ထို သား တို့ မ ဖွား သေး ဘဲ အ ဆိုး အ ကောင်း ကို မျှ မ ပြု ရ သေး မီ ပင် ကိုယ် ကျင့် ကြောင့် မ ဟုတ်၊ ခေါ် ထား တော် မူ သော အ ရှင် ကြောင့် သာ ရွေး ကောက် တော် မူ ခြင်း အ လျောက် ဖြစ် သော ဘု ရား သ ခင့် အ ကြံ တော် တည် စေ ခြင်း ငှါ၊
Burmese 2021
ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သောအကြံတော်သည် အကျင့်အားဖြင့် မတည်၊ ခေါ်တော်မူသောသူ၏ အလိုတော်အားဖြင့် တည်မည်အကြောင်း၊ သားမဖွားမီ၊ ထိုသားတို့သည် ကောင်းသောအကျင့်၊ မကောင်းသောအကျင့်ကို မကျင့်မီ၊-
Burmese JBZV
ဘုရားသခင္ ေရြးေကာက္ေတာ္မူျခင္းႏွင့္ ယွဥ္ေသာအႀကံေတာ္သည္ အက်င့္အားျဖင့္ မတည္၊ ေခၚေတာ္မူေသာသူ၏ အလိုေတာ္အားျဖင့္ တည္မည္အေၾကာင္း၊ သားမဖြားမီ၊ ထိုသားတို႔သည္ ေကာင္းေသာအက်င့္၊ မေကာင္းေသာအက်င့္ကို မက်င့္မီ၊-
Burmese MCLZV
သို႔ေသာ္သူတို႔မဖြားမီ၊ အဆိုးအေကာင္းကို မျပဳမက်င့္နိုင္မီကပင္လၽွင္ ဘုရားသခင္ သည္ေရဗကၠအား``သင္၏သားႀကီးသည္သား ငယ္၏အေစကိုခံရလိမ့္မည္'' ဟုမိန႔္ေတာ္ မူ၏။ ဘုရားသခင္ဤသို႔မိန႔္ေတာ္မူျခင္း မွာကိုယ္ေတာ္သည္ မိမိအႀကံအစည္ကို ေဖာ္ျပရန္ျဖစ္ေပသည္။ ယင္းသို႔ေရြးေကာက္ ေတာ္မူရာ၌အက်င့္အေပၚတြင္တည္သည္ မဟုတ္၊ ကိုယ္ေတာ္ေခၚယူေတာ္မူျခင္း အေပၚ၌တည္ေပသည္။-
Burmese MSBU
သားတို့မမွေးဖွားမီ၊ ထိုသားတို့သည် အကောင်းအဆိုးကိုမပြုကျင့်မီကပင် ဘုရားသခင်၏ရွေးကောက်ခြင်းနှင့်ဆိုင်သော အကြံအစည်တော်သည် အကျင့်အားဖြင့်မဟုတ်ဘဲ ခေါ်ယူတော်မူသောသူအားဖြင့် တည်စေရန်
Burmese MSBZ
သားတို႔မေမြးဖြားမီ၊ ထိုသားတို႔သည္ အေကာင္းအဆိုးကိုမျပဳက်င့္မီကပင္ ဘုရားသခင္၏ေ႐ြးေကာက္ျခင္းႏွင့္ဆိုင္ေသာ အႀကံအစည္ေတာ္သည္ အက်င့္အားျဖင့္မဟုတ္ဘဲ ေခၚယူေတာ္မူေသာသူအားျဖင့္ တည္ေစရန္