Ruth 1:6 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကာ​လ​အ​တန်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​ကောက်​ပဲ​သီး​နှံ​အ​ထွက်​များ​စေ​ခြင်း​အား ဖြင့် မိ​မိ​၏​လူ​စု​အား​ကောင်း​ချီး​ပေး​တော်​မူ ကြောင်း​သ​တင်း​ကို​နော​မိ​ကြား​ရ​လေ​သည်။ သို့ ဖြစ်​၍​သူ​သည်​မိ​မိ​၏​ချွေး​မ​များ​နှင့်​အ​တူ မော​ဘ​ပြည်​မှ​ထွက်​ခွာ​ရန်​အ​သင့်​ပြင်​လေ​၏။-
Burmese 1835 Version Judson
တဖန်ထာဝရဘုရားသည်မိမိလူတို့ကိုအကြည့်အရှုကြွ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ကြားသောအခါ၊ မောဘပြည်မှပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူထ၍၊
Burmese 1928
လူ မျိုး တော် အား ထာ ဝ ရ ဘု ရား ကြည့် ရှု၍ အ စာ ပေး သ နား တော် မူ ကြောင်း ကို မော ဘ ပြည် တွင် နေ သေး စဉ် ကြား ရ သည် နှင့် ထို ပြည် မှ ချွေး မ နှစ် ယောက် တို့ နှင့် တ ကွ ပြန် သွား ရန် ထ ပြီး လျှင်၊
Burmese 2021
တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို အ​ကြည့်​အ​ရှု​ကြွ၍ မုန့်​ကို​ပေး​သ​နား​တော်​မူ​ကြောင်း​ကို ထို​မိန်း​မ​သည် မော​ဘ​ပြည်၌​ကြား​သော​အ​ခါ၊ မော​ဘ​ပြည်​မှ ပြန်​သွား​မည်​ဟု ချွေး​မ​နှစ်​ယောက်​နှင့်​အ​တူ​ထ၍၊
Burmese JBZV
တစ္​ဖန္ ထာ​ဝ​ရ​ဘု​ရား​သည္ မိ​မိ​လူ​တို႔​ကို အ​ၾကည့္​အ​ရွု​ႂကြ၍ မုန္႔​ကို​ေပး​သ​နား​ေတာ္​မူ​ေၾကာင္း​ကို ထို​မိန္း​မ​သည္ ေမာ​ဘ​ျပည္၌​ၾကား​ေသာ​အ​ခါ၊ ေမာ​ဘ​ျပည္​မွ ျပန္​သြား​မည္​ဟု ေခၽြး​မ​ႏွစ္​ေယာက္​ႏွင့္​အ​တူ​ထ၍၊
Burmese MCLZV
ကာ​လ​အ​တန္​ၾကာ​ေသာ​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည္​ေကာက္​ပဲ​သီး​ႏွံ​အ​ထြက္​မ်ား​ေစ​ျခင္း​အား ျဖင့္ မိ​မိ​၏​လူ​စု​အား​ေကာင္း​ခ်ီး​ေပး​ေတာ္​မူ ေၾကာင္း​သ​တင္း​ကို​ေနာ​မိ​ၾကား​ရ​ေလ​သည္။ သို႔ ျဖစ္​၍​သူ​သည္​မိ​မိ​၏​ေခၽြး​မ​မ်ား​ႏွင့္​အ​တူ ေမာ​ဘ​ျပည္​မွ​ထြက္​ခြာ​ရန္​အ​သင့္​ျပင္​ေလ​၏။-
Burmese MSBU
ထာဝရဘုရား​သည် မိမိ​လူမျိုး​တော်​အား ကြည့်ရှု​ထောက်မ​၍ အစာရေစာ​ပေး​တော်မူ​ကြောင်း​ကို မောဘ​ပြည်​မှ နောမိ​ကြားသိ​သောအခါ သူ​သည် ချွေးမ​တို့​နှင့်အတူ မောဘ​ပြည်​မှ နေရင်းပြည်​သို့ ပြန်သွား​ရန် ပြင်ဆင်​၏​။
Burmese MSBZ
ထာဝရဘုရား​သည္ မိမိ​လူမ်ိဳး​ေတာ္​အား ၾကည့္ရႈ​ေထာက္မ​၍ အစာေရစာ​ေပး​ေတာ္မူ​ေၾကာင္း​ကို ေမာဘ​ျပည္​မွ ေနာမိ​ၾကားသိ​ေသာအခါ သူ​သည္ ေခြၽးမ​တို႔​ႏွင့္အတူ ေမာဘ​ျပည္​မွ ေနရင္း​ျပည္​သို႔ ျပန္သြား​ရန္ ျပင္ဆင္​၏​။