Ruth 2:20 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
နောမိကလည်း``ထာဝရဘုရားသည် ဗောဇ အားကောင်းချီးပေးတော်မူပါစေသော။ ထာဝရ ဘုရားသည်အသက်ရှင်သူ၊ သေသူတို့အား မိမိထားရှိသည့်ကတိတော်တို့ကိုအစဉ် အမြဲတည်စေတော်မူပါ၏'' ဟုဆိုပြီးလျှင် ဆက်လက်၍``ဤသူသည်ငါတို့နှင့်ဆွေမျိုး ရင်းချာတော်စပ်၍ ငါတို့အားကြည့်ရှုစောင့် ရှောက်ရန်အတွက်တာဝန်ရှိသူတစ်ဦးဖြစ် သည်'' ဟုဆို၏။
Burmese 1835 Version Judson
ယောက္ခမက၊ အသက်ရှင်သောသူ၊ သေသော သူတို့၌ ကျေးဇူးမပြတ် ပြုတော်မူသေးသောထာဝရဘုရား သည်သူ့ကိုကောင်းကြီးပေးတော်မူပါစေသောဟူ၍၎င်း၊ ထိုသူသည်ငါတို့နှင့်ပေါက်ဘော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်း အဝင် ဖြစ်သည်ဟူ၍၎င်း၊ ချွေးမအားပြောဆို၏။
Burmese 1928
နော မိ က၊ သေ သူ ရှင် သူ တို့၌ မ ပြတ် မ စဲ ကျေး ဇူး ပြု သော ထို သူ သည် ထာ ဝ ရ ဘု ရား အ ထံ တော် မှ မင်္ဂ လာ ခံ ရ ပါ စေ သော ဟူ ၍ လည်း ကောင်း၊ ငါ တို့ ဆွေ မျိုး နီး စပ် ရွေး ပိုင် သူ တို့ အ ပါ အ ဝင် ဖြစ် သည် ဟူ၍ လည်း ကောင်း၊
Burmese 2021
ယောက္ခမက၊ အသက်ရှင်သောသူ၊ သေသောသူတို့၌ ကျေးဇူးမပြတ် ပြုတော်မူသေးသော ထာဝရဘုရားသည် သူ့ကို ကောင်ချီးပေးတော်မူပါစေသော ဟူ၍လည်းကောင်း၊ ထိုသူသည် ငါတို့နှင့်ပေါက်ဖော်တော်သောသူ၊ နီးစပ်သော အမျိုးသားချင်းအဝင် ဖြစ်သည်ဟူ၍လည်းကောင်း၊ ချွေးမအား ပြောဆို၏။
Burmese JBZV
ေယာကၡမက၊ အသက္ရွင္ေသာသူ၊ ေသေသာသူတို႔၌ ေက်းဇူးမျပတ္ ျပဳေတာ္မူေသးေသာ ထာဝရဘုရားသည္ သူ႔ကို ေကာင္ခ်ီးေပးေတာ္မူပါေစေသာ ဟူ၍လည္းေကာင္း၊ ထိုသူသည္ ငါတို႔ႏွင့္ေပါက္ေဖာ္ေတာ္ေသာသူ၊ နီးစပ္ေသာ အမ်ိဳးသားခ်င္းအဝင္ ျဖစ္သည္ဟူ၍လည္းေကာင္း၊ ေခၽြးမအား ေျပာဆို၏။
Burmese MCLZV
ေနာမိကလည္း``ထာဝရဘုရားသည္ ေဗာဇ အားေကာင္းခ်ီးေပးေတာ္မူပါေစေသာ။ ထာဝရ ဘုရားသည္အသက္ရွင္သူ၊ ေသသူတို႔အား မိမိထားရွိသည့္ကတိေတာ္တို႔ကိုအစဥ္ အျမဲတည္ေစေတာ္မူပါ၏'' ဟုဆိုၿပီးလၽွင္ ဆက္လက္၍``ဤသူသည္ငါတို႔ႏွင့္ေဆြမ်ိဳး ရင္းခ်ာေတာ္စပ္၍ ငါတို႔အားၾကည့္ရွုေစာင့္ ေရွာက္ရန္အတြက္တာဝန္ရွိသူတစ္ဦးျဖစ္ သည္'' ဟုဆို၏။
Burmese MSBU
ထိုအခါ နောမိက သူ့ချွေးမအား “အသက်ရှင်သောသူ၊ သေသောသူတို့ကို မေတ္တာကရုဏာအစဉ်ထားတော်မူသော ထာဝရဘုရားသည် သူ့ကို ကောင်းချီးပေးပါစေသော။ သူသည် ငါတို့နှင့် ဆွေးမျိုးနီးစပ်သူ၊ ငါတို့ကို ရွေးနုတ်ခွင့်ရှိသူ ဖြစ်၏”ဟု ဆို၏။
Burmese MSBZ
ထိုအခါ ေနာမိက သူ႔ေခြၽးမအား “အသက္ရွင္ေသာသူ၊ ေသေသာသူတို႔ကို ေမတၱာက႐ုဏာအစဥ္ထားေတာ္မူေသာ ထာဝရဘုရားသည္ သူ႔ကို ေကာင္းခ်ီးေပးပါေစေသာ။ သူသည္ ငါတို႔ႏွင့္ ေဆြးမ်ိဳးနီးစပ္သူ၊ ငါတို႔ကို ေ႐ြးႏုတ္ခြင့္ရွိသူ ျဖစ္၏”ဟု ဆို၏။
Recommended Reading