Song of Solomon 3:10 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ဇိအုန်သတို့သမီးတို့၊ လက်ထပ်မင်္ဂလာဆောင် သောနေ့၊ နှလုံးတော်ရွှင်လန်းသောနေ့၌ မယ်တော်တင် သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန် မင်းကြီးကို သွား၍ဖူးမြင်ကြလော့။ ရှောလမုန်မင်း၏ ယာဉ်ပျံတော် ကို ကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုး သားသူရဲ အခြွေအရံရှိကြ၏။
Burmese 1835 Version Judson
ကွန်းစင်တိုင်တို့ကို ငွေဖြင့်၎င်း၊ အောက်ပိုင်းကို ရွှေဖြင့်၎င်း၊ ထိုင်ရန်ဖုံကို နီမောင်းသော ကမ္ပလာဖြင့်၎င်း၊ ပြီးစေတော်မူ၏။ အတွင်းကိုမူကား၊ ယေရုရှလင်မြို့သမီး တို့သည် မေတ္တာနှင့်ချယ်လှယ်ကြပြီ။
Burmese 1928
ကွန်း စင် တိုင် များ ကို ငွေ ဖြင့်လည်းကောင်း၊ ပ လ္လင် တံ ကဲ ကို ရွှေ ဖြင့်လည်း ကောင်း၊ နေ ရာ တော် ကို က မ္ပ လာ နီ ဖြင့် လည်း ကောင်း ပြီး စေ တော် မူ၏။ အ တွင်း ကို မူ ကား၊ ယေ ရု ရှ လင် မြို့ သူ တို့ သည်၊ မေ တ္တာ နှင့် ချယ် လှယ် ကြ ပြီ။
Burmese 2021
ကွန်းစင်တိုင်တို့ကို ငွေဖြင့်လည်းကောင်း၊ အောက်ပိုင်းကို ရွှေဖြင့်လည်းကောင်း၊ ထိုင်ရန်ဖုံကို နီမောင်းသော ကမ္ဗလာဖြင့်လည်းကောင်း ပြီးစေတော်မူ၏။ အတွင်းကိုမူကား၊ ယေရုရှလင်မြို့သမီးတို့သည် မေတ္တာနှင့် ချယ်လှယ်ကြပြီ။
Burmese JBZV
ကြန္းစင္တိုင္တို႔ကို ေငြျဖင့္လည္းေကာင္း၊ ေအာက္ပိုင္းကို ေရႊျဖင့္လည္းေကာင္း၊ ထိုင္ရန္ဖုံကို နီေမာင္းေသာ ကမၺလာျဖင့္လည္းေကာင္း ၿပီးေစေတာ္မူ၏။ အတြင္းကိုမူကား၊ ေယ႐ုရွလင္ၿမိဳ႕သမီးတို႔သည္ ေမတၱာႏွင့္ ခ်ယ္လွယ္ၾကၿပီ။
Burmese MCLZV
ေဝါေတာ္ကိုေငြျဖင့္မြမ္းမံကာ၊ ေဝါေတာ္ကို ေရႊခ်ည္ထိုးအဝတ္ႏွင့္ဖုံးလႊမ္းထား၏။ ေဝါေတာ္၏ထိုင္ခုံဖုံမ်ားကို ေယ႐ုရွလင္ၿမိဳ႕သူတို႔၏ေမတၱာျဖင့္ ယက္လုပ္ေပးေသာမရမ္းေစ့ေရာင္ ကမၸလာႏွင့္ ဖုံးအုပ္ထားေလသည္။
Burmese MSBU
ဝေါယာဉ်တိုင်တို့ကို ငွေဖြင့်လည်းကောင်း၊ အောက်ခြေကို ရွှေဖြင့်လည်းကောင်း၊ ထိုင်ခုံအခင်းကို ခရမ်းရောင်အထည်ဖြင့်လည်းကောင်း ပြုလုပ်ထား၏။ ဂျေရုဆလင်သမီးပျိုတို့သည် အတွင်းပိုင်းကို ချစ်စဖွယ်ဖြစ်အောင် ပြင်ဆင်ပေးထား၏။
Burmese MSBZ
ေဝါယာဥ္တိုင္တို႔ကို ေငြျဖင့္လည္းေကာင္း၊ ေအာက္ေျခကို ေ႐ႊျဖင့္လည္းေကာင္း၊ ထိုင္ခုံအခင္းကို ခရမ္းေရာင္အထည္ျဖင့္လည္းေကာင္း ျပဳလုပ္ထား၏။ ေဂ်႐ုဆလင္သမီးပ်ိဳတို႔သည္ အတြင္းပိုင္းကို ခ်စ္စဖြယ္ျဖစ္ေအာင္ ျပင္ဆင္ေပးထား၏။