Song of Solomon 5:1 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
၅ ငါနှမ၊ ငါ့ခင်ပွန်း၊ ငါ့ဥယျာဉ်ထဲသို့ ငါဝင်လာပြီ။ ငါ့မုရန်နှင့် နံ့သာမျိုးကို ခံယူပြီ။ ငါ့ပျားရည်နှင့် ပျားလပို့ ကို စားရပြီ။ ငါ့နို့နှင့် စပျစ်ရည်ကိုသောက်ရပြီ။ ငါ့အဆွေ တို့၊ စားကြလော့။ ငါ့မိတ်ဆွေတို့၊ သောက်ကြ။ ဝစွာ သောက်ကြလော့။ ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
Burmese 1835 Version Judson
ငါနှမ၊ ငါ့ခင်ပွန်း၊ ငါ့ဥယျာဉ်ထဲသို့ ငါဝင်လာပြီ။ ငါ့မုရန်နှင့် နံ့သာမျိုးကို ခံယူပြီ။ ငါ့ပျားရည်နှင့် ပျားလပို့ ကို စားရပြီ။ ငါ့နို့နှင့် စပျစ်ရည်ကိုသောက်ရပြီ။ ငါ့အဆွေ တို့၊ စားကြလော့။ ငါ့မိတ်ဆွေတို့၊ သောက်ကြ။ ဝစွာ သောက်ကြလော့။
Burmese 1928
ငါ့ နှ မ၊ ငါ့ ကြင် ရာ၊ ငါ့ ဥ ယျာဉ် ထဲ သို့ ငါ ဝင် လာ ပြီ။ မု ရန် နှင့် ဒန်း ခိုင် ကို ငါ ဆွတ် ယူ ပြီ။ ငါ့ ပျား ရည် နှင့် ပျား လ ပို့ ကို စား၍၊ နို့ ရည် နှင့် စ ပျစ် ရည် ကို သောက် လေ ပြီ။ ငါ့ အ ဆွေ တို့၊ စား ကြ လော့။ ငါ့ မိတ် ဆွေ တို့၊ သောက် ကြ လော့။ ဝ စွာ သောက် ကြ လော့။
Burmese 2021
ငါ​နှ​မ၊ ငါ့​ခင်​ပွန်း၊ ငါ့​ဥ​ယျာဉ်​ထဲ​သို့ ငါ​ဝင်​လာ​ပြီ။ ငါ့​မု​ရန်​နှင့် နံ့​သာ​မျိုး​ကို ခံ​ယူ​ပြီ။ ငါ့​ပျား​ရည်​နှင့် ပျား​လ​ပို့​ကို စား​ရ​ပြီ။ ငါ့​နို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ရ​ပြီ။ ငါ့​အ​ဆွေ​တို့၊ စား​ကြ​လော့။ ငါ့​မိတ်​ဆွေ​တို့၊ သောက်​ကြ။ ဝ​စွာ​သောက်​ကြ​လော့။
Burmese JBZV
ငါ​ႏွ​မ၊ ငါ့​ခင္​ပြန္း၊ ငါ့​ဥ​ယ်ာဥ္​ထဲ​သို႔ ငါ​ဝင္​လာ​ၿပီ။ ငါ့​မု​ရန္​ႏွင့္ နံ့​သာ​မ်ိဳး​ကို ခံ​ယူ​ၿပီ။ ငါ့​ပ်ား​ရည္​ႏွင့္ ပ်ား​လ​ပို႔​ကို စား​ရ​ၿပီ။ ငါ့​နို႔​ႏွင့္ စ​ပ်စ္​ရည္​ကို ေသာက္​ရ​ၿပီ။ ငါ့​အ​ေဆြ​တို႔၊ စား​ၾက​ေလာ့။ ငါ့​မိတ္​ေဆြ​တို႔၊ ေသာက္​ၾက။ ဝ​စြာ​ေသာက္​ၾက​ေလာ့။
Burmese MCLZV
ငါ၏ၾကင္ရာ​ေလာင္းႏွမ၊ ငါ့ဥယ်ာဥ္ေတာ္သို႔ဝင္ခဲ့ပါၿပီ။ ငါသည္မုရန္ႏွင့္ သစ္ဆီေမႊးကိုစုသိမ္းလ်က္၊ ရွိပါ၏။ ပ်ားရည္ႏွင့္ ပ်ားလပို႔ကိုစား၍ စပ်စ္ရည္ႏွင့္ နို႔ကို​ေသာက္လ်က္ေနပါ၏။ ခ်စ္သူတို႔စားၾက​ေလာ့၊ ေသာက္ၾကေလာ့။ မူးယစ္သည္တိုင္​ေအာင္​ေသာက္ၾကေလာ့။
Burmese MSBU
“အို ငါ့​နှမ​၊ ငါ့​သတို့သမီး​၊ ငါ့​ဥယျာဉ်​ထဲသို့ ငါ​လာ​ပြီ​။ မုရန်​နှင့် အမွှေးနံ့သာ​တို့​ကို ငါ​စုသိမ်း​ပြီ​။ ပျားလပို့​မှ​ပျားရည်​တို့​ကို ငါ​စား​ပြီ​။ စပျစ်ဝိုင်​နှင့် နို့​ကို​လည်း ငါ​သောက်​ရ​ပြီ​။” “အို မိတ်ဆွေ​တို့​၊ စား​ကြ​ပါ​။ အို ချစ်သူ​တို့​၊ သောက်​၍ ယစ်မူး​ကြ​ပါ​။”
Burmese MSBZ
“အို ငါ့​ႏွမ​၊ ငါ့​သတို႔သမီး​၊ ငါ့​ဥယ်ာဥ္​ထဲသို႔ ငါ​လာ​ၿပီ​။ မုရန္​ႏွင့္ အေမႊးနံ႔သာ​တို႔​ကို ငါ​စုသိမ္း​ၿပီ​။ ပ်ားလပို႔​မွ​ပ်ားရည္​တို႔​ကို ငါ​စား​ၿပီ​။ စပ်စ္ဝိုင္​ႏွင့္ ႏို႔​ကို​လည္း ငါ​ေသာက္​ရ​ၿပီ​။” “အို မိတ္ေဆြ​တို႔​၊ စား​ၾက​ပါ​။ အို ခ်စ္သူ​တို႔​၊ ေသာက္​၍ ယစ္မူး​ၾက​ပါ​။”