Song of Solomon 5:2 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ကျွန်မသည် အဝတ်ကိုချွတ်ပါပြီ။ အဘယ် ကြောင့် ဝတ်ပြန်ရမည်နည်း။ ခြေကိုလည်းဆေးပါပြီ။ တဖန်ညစ်အောင် အဘယ်ကြောင့် ပြုရပါမည်နည်း။
Burmese 1835 Version Judson
ငါသည် အိပ်ပျော်စဉ်၊ နှလုံးနိုးလျက်ရှိ၏။ ငါချစ်ရာ သခင်၏စကားသံပေ။ ငါ့နှမ၊ ငါချစ်သောအမိ၊ ငါ့ချိုး၊ ငါ၏စုံလင်သူ၊ ငါအားဖွင့်ပါ။ ငါ့ခေါင်းသည် နှင်းနှင့်၎င်း၊ ငါ့ဆံပင်သည် ညဉ့်၌ကျတတ်သော နှင်းစက် များနှင့်၎င်း စိုပြီဟုဆိုလျက်၊ ခေါက်၍နေတော်မူ၏။
Burmese 1928
ကျွန် မ သည်၊ ကိုယ် အိပ် လျက် စိတ် နိုး စဉ်၊ တံ ခါး ကို ခေါက် သော ကျွန် မ ချစ် ဆွေ၏ စ ကား သံ မှာ၊ ငါ့ နှ မ၊ ငါ့ ချစ် ဆွေ၊ ငါ့ ချိုး ငှက်၊ ငါ့ စင် ကြယ် သူ၊ ဖွင့် ပါ။ ငါ့ ဦး ခေါင်း သည် နှင်း နှင့်လည်း ကောင်း၊ ကေ သာ လည်း ညဉ့် နှင်း ပေါက် နှင့်လည်း ကောင်း ပြည့် လျက် ရှိ ပါ၏ ဟု ဆို လျှင်၊
Burmese 2021
ငါ​သည် အိပ်​ပျော်​စဉ်၊ နှ​လုံး​နိုး​လျက်​ရှိ၏။ ငါ​ချစ်​ရာ​သ​ခင်၏​စ​ကား​သံ​ပေ။ ငါ့​နှ​မ၊ ငါ​ချစ်​သောအမိ၊ ငါ့​ချိုး၊ ငါ၏​စုံ​လင်​သူ၊ ငါ​အား​ဖွင့်​ပါ။ ငါ့​ခေါင်း​သည် နှင်း​နှင့်​လည်း​ကောင်း၊ ငါ့​ဆံ​ပင်​သည် ည၌​ကျ​တတ်​သော နှင်း​စက်​များ​နှင့်​လည်း​ကောင်း စို​ပြီ​ဟု​ဆို​လျက်၊ ခေါက်၍​နေ​တော်​မူ၏။
Burmese JBZV
Burmese MCLZV
ကျွန်မသည် အိပ်​ပျော်နေသော်လည်း ကျွန်မ၏စိတ်နှလုံးသည်နိုးထလျက်နေပါ၏။ အိပ်မက်ထဲတွင်ချစ်သူမောင်တော် တံခါးခေါက်သံကြားပါ၏။ ငါ၏အသဲစွဲချစ်သူ၊ ငါ၏ချိုးငှက်၊ အပြစ်ကင်းသူ၊ ငါ၏ချစ်နှမ၊ ငါ့အားဝင်ခွင့်ပြုပါလော့။ ငါ၏ဦးခေါင်းသည်နှင်းနှင့်လည်းကောင်း၊ ငါ၏ဆံပင်သည်နှင်း​ပေါက်နှင့်လည်းကောင်း၊ စိုစွတ်လျက်နေပါ၏။
Burmese MSBU
“​အကျွန်ုပ်​သည် အိပ်​သော်လည်း စိတ်​မှာ​နိုး​လျက်​နေ​၏​။ အကျွန်ုပ်​ချစ်သူ​က ‘​ငါ့​နှမ​၊ ငါ့​ချစ်သူလေး​၊ ငါ့​ချိုးငှက်​၊ ပြစ်မျိုးမှဲ့မထင်​သူ​၊ ငါ့​ကို တံခါး​ဖွင့်​ပေး​ပါ​။ ငါ့​ခေါင်း​သည် နှင်းစက်​တို့​နှင့် ရွှဲနစ်​နေ​ပါ​ပြီ​။ ငါ့​ဆံပင်​သည် ည​နှင်းရည်​တို့​နှင့် ရွှဲနစ်​နေ​ပါ​ပြီ​’​ဟု ဆို​လျက် တံခါးခေါက်​နေ​ပါ​သည်​တကား​။
Burmese MSBZ