Song of Solomon 8:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။
Burmese 1835 Version Judson
မိမိချစ်ရာသခင်၌ မြှောင်၍တောထဲက လာ သောထိုသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။
Burmese 1928
ကိုယ့် ချစ် သူ နှင့် ယှဉ်၍၊ တော မှ လာ သော သူ ကား၊ မည် သူ နည်း။ သင့် အ မိ သည်၊ ဝေ ဒ နာ ခံ၍ သင့် ကို မွေး ဘွား ရာ အ ရပ်၊ သစ် သော့ ပင် အောက် တွင် သင့် ကို မေ တ္တာ နှိုး ဆော် ခဲ့ ပြီ။
Burmese 2021
မိမိချစ်ရာသခင်၌ မြှောင်၍တောထဲက လာသောထိုသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ငါသည်ရှောက်ချိုပင်အောက်မှာ သင့်ကိုနှိုးဆော်ခဲ့ပြီ။ ထိုအရပ်၌ သင်၏မိခင်သည် သင့်ကိုပေးစားခဲ့ပြီ။ ထိုအရပ်၌သင့်ကို ဖွားမြင်သောသူသည် သင့်ကိုပေးစားခဲ့ပြီ။
Burmese JBZV
မိမိခ်စ္ရာသခင္၌ ေျမႇာင္၍ေတာထဲက လာေသာထိုသူကား၊ အဘယ္သူ ျဖစ္ပါလိမ့္မည္နည္း။ ငါသည္ေရွာက္ခ်ိဳပင္ေအာက္မွာ သင့္ကိုႏွိုးေဆာ္ခဲ့ၿပီ။ ထိုအရပ္၌ သင္၏မိခင္သည္ သင့္ကိုေပးစားခဲ့ၿပီ။ ထိုအရပ္၌သင့္ကို ဖြားျမင္ေသာသူသည္ သင့္ကိုေပးစားခဲ့ၿပီ။
Burmese MCLZV
မိမိခ်စ္သူႏွင့္လက္တြဲ၍ သဲကႏၲာရမွလာေနသူကား အဘယ္သူျဖစ္ပါသနည္း။ ကၽြန္မသည္ေမာင္ေတာ္ေမြးဖြားရာအရပ္ သစ္ေသာ့ပင္ေအာက္တြင္ ေမာင္ေတာ္အားႏွိုးခဲ့ပါ၏။
Burmese MSBU
“ကိုယ့်ချစ်သူကိုမှီ၍ တောကန္တာရမှလာသောသူကား မည်သူနည်း။” “ပန်းသီးပင်အောက်တွင် အရှင့်ကို အကျွန်ုပ်နှိုးခဲ့ပြီ။ ထိုအရပ်တွင် အရှင့်မိခင်သည် အရှင့်ကိုသန္ဓေတည်ခဲ့ပါ၏။ အရှင့်ကို သန္ဓေလွယ်၍ ဖွားမြင်ခဲ့ပါ၏။
Burmese MSBZ
“ကိုယ့္ခ်စ္သူကိုမွီ၍ ေတာကႏၲာရမွလာေသာသူကား မည္သူနည္း။” “ပန္းသီးပင္ေအာက္တြင္ အရွင့္ကို အကြၽႏ္ုပ္ႏႈိးခဲ့ၿပီ။ ထိုအရပ္တြင္ အရွင့္မိခင္သည္ အရွင့္ကိုသေႏၶတည္ခဲ့ပါ၏။ အရွင့္ကို သေႏၶလြယ္၍ ဖြားျမင္ခဲ့ပါ၏။