Titus 3:5 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ငါတို့သည်ကယ်တင်ခြင်းကိုခံရကြပေ သည်။ ဤသို့ကယ်တင်ခြင်းခံရသည်မှာငါ တို့ကိုယ်တိုင်ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်။ ကိုယ်တော်သည်မိမိ၏ ကရုဏာတော်နှင့်အညီသန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ငါတို့အားအသစ်သောမွေး ခြင်းနှင့်ဘဝသစ်ကိုဆေးကြောခြင်းဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။-
Burmese 1835 Version Judson
ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြောအသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။
Burmese 1928
ငါ တို့ ပြု သော ကောင်း မှု အား ဖြင့် မ ဟုတ်။ အ သစ် မွေး ဖွား ခြင်း ဆိုင် ရာ ဆေး ကြော ခြင်း နှင့် သန့် ရှင်း သော ဝိ ညာဉ် တော် ပြု ပြင် ခြင်း အား ဖြင့် က ရု ဏာ တော် နှင့် အ ညီ ငါ တို့ ကို ကယ် တင် တော် မူ၏။
Burmese 2021
ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်လည်းကောင်း သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း အားဖြင့်လည်းကောင်း၊ ငါတို့ကို ကယ်တင်တော်မူ၏။-
Burmese JBZV
ငါတို႔က်င့္ေသာ ေျဖာင့္မတ္ျခင္းအက်င့္အားျဖင့္ မဟုတ္ဘဲ၊ မိမိသနားျခင္းက႐ုဏာေတာ္ႏွင့္အညီ ဒုတိယ ေမြးျခင္းႏွင့္ဆိုင္ေသာ ေဆးေၾကာျခင္းအားျဖင့္လည္းေကာင္း သန႔္ရွင္းေသာဝိညာဥ္ေတာ္၏ အသစ္ျပဳျပင္ျခင္း အားျဖင့္လည္းေကာင္း၊ ငါတို႔ကို ကယ္တင္ေတာ္မူ၏။-
Burmese MCLZV
ငါတို႔သည္ကယ္တင္ျခင္းကိုခံရၾကေပ သည္။ ဤသို႔ကယ္တင္ျခင္းခံရသည္မွာငါ တို႔ကိုယ္တိုင္ျပဳလုပ္ခဲ့သည့္ေကာင္းမွုတစ္စုံ တစ္ရာေၾကာင့္မဟုတ္။ ကိုယ္ေတာ္သည္မိမိ၏ က႐ုဏာေတာ္ႏွင့္အညီသန႔္ရွင္းေသာဝိညာဥ္ ေတာ္အားျဖင့္ ငါတို႔အားအသစ္ေသာေမြး ျခင္းႏွင့္ဘဝသစ္ကိုေဆးေၾကာျခင္းျဖင့္ ေပးေတာ္မူေသာေၾကာင့္ျဖစ္၏။-
Burmese MSBU
ကိုယ်တော်သည် ငါတို့ပြုခဲ့သည့် ဖြောင့်မတ်သောအကျင့်အားဖြင့်မဟုတ်ဘဲ မိမိ၏ကရုဏာတော်နှင့်အညီ အသစ်မွေးဖွားခြင်းနှင့်ဆိုင်သောဆေးကြောခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်ခြင်းတို့အားဖြင့် ငါတို့ကို ကယ်တင်တော်မူ၏။
Burmese MSBZ
ကိုယ္ေတာ္သည္ ငါတို႔ျပဳခဲ့သည့္ ေျဖာင့္မတ္ေသာအက်င့္အားျဖင့္မဟုတ္ဘဲ မိမိ၏က႐ုဏာေတာ္ႏွင့္အညီ အသစ္ေမြးဖြားျခင္းႏွင့္ဆိုင္ေသာေဆးေၾကာျခင္းႏွင့္ သန႔္ရွင္းေသာဝိညာဥ္ေတာ္၏အသစ္ျပဳျပင္ျခင္းတို႔အားျဖင့္ ငါတို႔ကို ကယ္တင္ေတာ္မူ၏။