Zechariah 10:3 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်ကိုအုပ်စိုးသည့်မင်းတို့အား အမျက် ထွက်သဖြင့်အပြစ်ဒဏ်ခတ်မည်။ ယုဒ ပြည်သားတို့သည်ငါ၏လူမျိုးတော်ဖြစ် သဖြင့် အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်သူတို့ကိုစောင့်ထိန်းကြည့်ရှုမည်။ သူ တို့သည်ငါ၏အင်အားကြီးမားသည့်စစ် မြင်းများဖြစ်ကြလိမ့်မည်။-
Burmese 1835 Version Judson
သိုးထိန်းတို့ကို ငါအမျက်ထွက်၍၊ ဆိတ်ထီးတို့ကို စစ်ကြောသဖြင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားသည် မိမိသိုးစုယုဒအမျိုးကို အကြည့်အရှုကြွလာ ၍၊ ဘုန်းတော်ကို ဆောင်သော စစ်တိုက်မြင်းကဲ့သို့ ဖြစ်စေ တော်မူမည်။
Burmese 1928
ငါ သည်၊ ထို အ ထိန်း အ ကျောင်း တို့ အ ပေါ် တွင် အ မျက် တော် ထား လျက်၊ ဆိတ် ထီး ကြီး တို့ ကို လည်း အ စီ အ ရင် ကြွ လာ မည်။ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား သည်၊ ယု ဒ အ မျိုး သား တည်း ဟူ သော သိုး အုပ် တော် ကို၊ အ ကြည့် အ ရှု ကြွ လာ လျက်၊ စစ် ပွဲ၌ အ သ ရေ ဆောင် မြင်း ကဲ့ သို့ ဖြစ် စေ မည်။
Burmese 2021
သိုးထိန်းတို့ကို ငါအမျက်ထွက်၍၊ ဆိတ်ထီးတို့ကို စစ်ကြောသဖြင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မိမိသိုးစု ယုဒအမျိုးကို အကြည့်အရှုကြွလာ၍၊ ဘုန်းတော်ကိုဆောင်သော စစ်တိုက်မြင်းကဲ့သို့ ဖြစ်စေတော်မူမည်။
Burmese JBZV
သိုးထိန္းတို႔ကို ငါအမ်က္ထြက္၍၊ ဆိတ္ထီးတို႔ကို စစ္ေၾကာသျဖင့္၊ ေကာင္းကင္ဗိုလ္ေျခအရွင္ ထာဝရဘုရားသည္ မိမိသိုးစု ယုဒအမ်ိဳးကို အၾကည့္အရွုႂကြလာ၍၊ ဘုန္းေတာ္ကိုေဆာင္ေသာ စစ္တိုက္ျမင္းကဲ့သို႔ ျဖစ္ေစေတာ္မူမည္။
Burmese MCLZV
ထာဝရဘုရားက``ငါသည္မိမိလူမ်ိဳး ေတာ္ကိုအုပ္စိုးသည့္မင္းတို႔အား အမ်က္ ထြက္သျဖင့္အျပစ္ဒဏ္ခတ္မည္။ ယုဒ ျပည္သားတို႔သည္ငါ၏လူမ်ိဳးေတာ္ျဖစ္ သျဖင့္ အနႏၲတန္ခိုးရွင္ငါထာဝရဘုရား သည္သူတို႔ကိုေစာင့္ထိန္းၾကည့္ရွုမည္။ သူ တို႔သည္ငါ၏အင္အားႀကီးမားသည့္စစ္ ျမင္းမ်ားျဖစ္ၾကလိမ့္မည္။-
Burmese MSBU
“သိုးထိန်းတို့ကို ငါအမျက်ထွက်၏။ ခေါင်းဆောင် တို့ကို ငါဒဏ်ခတ်မည်။ အကြောင်းမူကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် မိမိ၏သိုးစုယုဒအမျိုးအနွယ်ကို ကြည့်ရှုထောက်မ၍ သူတို့ကို ရဲစွမ်းသတ္တိရှိသောစစ်မြင်းကဲ့သို့ ဖြစ်စေမည်။
Burmese MSBZ
“သိုးထိန္းတို႔ကို ငါအမ်က္ထြက္၏။ ေခါင္းေဆာင္ တို႔ကို ငါဒဏ္ခတ္မည္။ အေၾကာင္းမူကား ေကာင္းကင္ဗိုလ္ေျခအရွင္ထာဝရဘုရားသည္ မိမိ၏သိုးစုယုဒအမ်ိဳးအႏြယ္ကို ၾကည့္ရႈေထာက္မ၍ သူတို႔ကို ရဲစြမ္းသတၱိရွိေသာစစ္ျမင္းကဲ့သို႔ ျဖစ္ေစမည္။