Zechariah 13:7 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အို ဋ္ဌား၊ နိုး​ထ​၍​ငါ​၏​အ​မှု​တော်​ထမ်း​သိုး​ထိန်း​ကို တိုက်​ခိုက်​လော့။ သူ့​အား​သတ်​ဖြတ်​လော့။ ထို အ​ခါ​သိုး​တို့​သည်​က​စင့်​က​ရဲ​ဖြစ်​၍​သွား လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို တိုက်​ခိုက်​မည်​ဖြစ်​၍၊-
Burmese 1835 Version Judson
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား၊ ငါ၏သိုးထိန်းတဘက်၊ ငါ၏ အပေါင်းအဘော်ဖြစ်သောသူတဘက်၌ နိုးလော့။ သိုး ထိန်းကို ရိုက်သတ်လော့။ သို့ပြုလျှင်၊ သိုးတို့သည် ကွဲလွင့်ရ ကြလိမ့်မည်။ သိုးသငယ်တို့အပေါ်၌လည်း ငါသည် ငါ့ လက်ကို တင်ဦးမည်။
Burmese 1928
အို ဓား တော်၊ ငါ၏ အ ထိန်း အ ကျောင်း၊ ငါ့ လုပ် ဖော် ဆောင် ဘက် ဖြစ် သူ့ ကို ရွယ် လျက် နိုး ထ လော့။ သိုး ဆိတ် တို့ ကွဲ လွင့် စေ ရန် အ ထိန်း အ ကျောင်း ကို သတ် လော့။ ငါ လည်း၊ သား ငယ် တို့ အ ပေါ် တွင်၊ လက် တော် တင် ဖိ မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။
Burmese 2021
ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို ဓား၊ ငါ၏​သိုး​ထိန်း​တစ်​ဖက်၊ ငါ၏​အ​ပေါင်း​အ​ဖော်​ဖြစ်​သော​သူ တစ်​ဖက်၌ နိုး​လော့။ သိုး​ထိန်း​ကို ရိုက်​သတ်​လော့။ သို့​ပြု​လျှင်၊ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်။ သိုး​သ​ငယ်​တို့​အ​ပေါ်၌​လည်း ငါ​သည် ငါ့​လက်​ကို တင်​ဦး​မည်။
Burmese JBZV
ေကာင္း​ကင္​ဗိုလ္​ေျခ​အ​ရွင္ ထာ​ဝ​ရ​ဘု​ရား မိန္႔​ေတာ္​မူ​သည္​ကား၊ အို ဓား၊ ငါ၏​သိုး​ထိန္း​တစ္​ဖက္၊ ငါ၏​အ​ေပါင္း​အ​ေဖာ္​ျဖစ္​ေသာ​သူ တစ္​ဖက္၌ နိုး​ေလာ့။ သိုး​ထိန္း​ကို ရိုက္​သတ္​ေလာ့။ သို႔​ျပဳ​လၽွင္၊ သိုး​တို႔​သည္ ကြဲ​လြင့္​ရ​ၾက​လိမ့္​မည္။ သိုး​သ​ငယ္​တို႔​အ​ေပၚ၌​လည္း ငါ​သည္ ငါ့​လက္​ကို တင္​ဦး​မည္။
Burmese MCLZV
အ​နႏၲ​တန္​ခိုး​ရွင္​ထာ​ဝ​ရ​ဘု​ရား​က``အို ဓား၊ နိုး​ထ​၍​ငါ​၏​အ​မွု​ေတာ္​ထမ္း​သိုး​ထိန္း​ကို တိုက္​ခိုက္​ေလာ့။ သူ႔​အား​သတ္​ျဖတ္​ေလာ့။ ထို အ​ခါ​သိုး​တို႔​သည္​က​စင့္​က​ရဲ​ျဖစ္​၍​သြား လိမ့္​မည္။ ငါ​သည္​မိ​မိ​၏​လူ​မ်ိဳး​ေတာ္​ကို တိုက္​ခိုက္​မည္​ျဖစ္​၍၊-
Burmese MSBU
ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အို ဓား​၊ ထ​လော့​။ ငါ​၏​သိုးထိန်း​ကို တိုက်ခိုက်​လော့​။ ငါ​၏​အိမ်နီးချင်း​ကို တိုက်ခိုက်​လော့​။ သိုးထိန်း​ကို​ရိုက်နှက်​လော့​။ ထိုအခါ သိုး​တို့ ကွဲလွင့်​သွား​ကြ​လိမ့်မည်​။ ငါ​သည်​လည်း သိုးငယ်​များ​ကို လက်​ဖြင့်​ရွယ်​၍ တိုက်ခိုက်​မည်”​ဟု မိန့်​တော်မူ​၏​။
Burmese MSBZ
ေကာင္းကင္​ဗိုလ္ေျခ​အရွင္​ထာဝရဘုရား​က “​အို ဓား​၊ ထ​ေလာ့​။ ငါ​၏​သိုးထိန္း​ကို တိုက္ခိုက္​ေလာ့​။ ငါ​၏​အိမ္နီးခ်င္း​ကို တိုက္ခိုက္​ေလာ့​။ သိုးထိန္း​ကို​႐ိုက္ႏွက္​ေလာ့​။ ထိုအခါ သိုး​တို႔ ကြဲလြင့္​သြား​ၾက​လိမ့္မည္​။ ငါ​သည္​လည္း သိုးငယ္​မ်ား​ကို လက္​ျဖင့္​႐ြယ္​၍ တိုက္ခိုက္​မည္”​ဟု မိန႔္​ေတာ္မူ​၏​။