Zechariah 14:4 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုအခါကိုယ်တော်သည်ယေရုရှလင် မြို့၏အရှေ့ဘက်၌ရှိသောသံလွင်တောင် ပေါ်တွင်ရပ်တော်မူသဖြင့် သံလွင်တောင် သည်အရှေ့မှအနောက်သို့နှစ်ခြမ်းကွဲ လျက်ချိုင့်ဝှမ်းကြီးတစ်ခုဖြစ်ပေါ်လာ လိမ့်မည်။ တောင်တစ်ခြမ်းသည်မြောက်ဘက် သို့လည်းကောင်း၊ အခြားတစ်ခြမ်းသည် တောင်ဘက်သို့လည်းကောင်း၊ ရွေ့လျား သွားလိမ့်မည်။-
Burmese 1835 Version Judson
ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့်၊ အလွန်ကြီးသော ချိုင့်ဖြစ်လိမ့်မည်။ တောင် တဝက်သည် မြောက်ဘက်သို့၎င်း၊ တဝက်သည် တောင် ဘက်သို့၎င်း ရွှေ့ရလိမ့်မည်။
Burmese 1928
ယေ ရု ရှ လင် မြို့ အ ရှေ့ မျက် နှာ ရင် ဆိုင် သော သံ လွင် တောင် ပေါ် တွင်၊ ခြေ တော် ကို ချ တော် မူ သ ဖြင့်၊ သံ လွင် တောင် သည် အ ရှေ့ အ နောက် ထက် ခြမ်း ကွဲ လျက်၊ တ ခြမ်း ကား မြောက် မျက် နှာ သို့၎င်း၊ တ ခြမ်း ကား တောင် မျက် နှာ သို့၎င်း၊ ရွေ့ သွား သည့် အ လျောက်၊ အာ ဇ လ မြို့ သို့ ပေါက် သော တောင် ကြား ကြီး ရှိ မည် ဖြစ်၍၊ တောင် တော် ကြား လမ်း ဖြင့် ပြေး ကြ သော သင် တို့ သည်၊ ယု ဒ ဘု ရင် ဩ ဇိ မင်း လက် ထက်၊ င လျင် လှုပ် ခြင်း ကြောင့် ပြေး ရ ကြ သည့် နည်း တူ၊ ပြေး လွတ် ခွင့် ရ ကြ ဦး မည်။ ငါ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည်၊ သန့် ရှင်း သော အ ခြွေ အ ရံ တို့ ပါ၊ ကြွ လာ တော် မူ မည့် အ လျောက်။
Burmese 2021
ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ကွဲသဖြင့်၊ အလွန်ကြီးသောချိုင့်ဖြစ်လိမ့်မည်။ တောင်တစ်ဝက်သည် မြောက်ဘက်သို့လည်းကောင်း၊ တစ်ဝက်သည် တောင်ဘက်သို့လည်းကောင်း ရွှေ့ရလိမ့်မည်။
Burmese JBZV
ထိုေန႔ရက္၌ ေျခေတာ္သည္ ေယ႐ုရွလင္ၿမိဳ႕ အေရွ႕၊ သံလြင္ေတာင္ေပၚမွာရပ္၍၊ သံလြင္ေတာင္သည္ အေရွ႕ဘက္မွ အေနာက္ဘက္တိုင္ေအာင္ အလယ္၌ကြဲသျဖင့္၊ အလြန္ႀကီးေသာခ်ိဳင့္ျဖစ္လိမ့္မည္။ ေတာင္တစ္ဝက္သည္ ေျမာက္ဘက္သို႔လည္းေကာင္း၊ တစ္ဝက္သည္ ေတာင္ဘက္သို႔လည္းေကာင္း ေရႊ႕ရလိမ့္မည္။
Burmese MCLZV
ထိုအခါကိုယ္ေတာ္သည္ေယ႐ုရွလင္ ၿမိဳ႕၏အေရွ႕ဘက္၌ရွိေသာသံလြင္ေတာင္ ေပၚတြင္ရပ္ေတာ္မူသျဖင့္ သံလြင္ေတာင္ သည္အေရွ႕မွအေနာက္သို႔ႏွစ္ျခမ္းကြဲ လ်က္ခ်ိဳင့္ဝွမ္းႀကီးတစ္ခုျဖစ္ေပၚလာ လိမ့္မည္။ ေတာင္တစ္ျခမ္းသည္ေျမာက္ဘက္ သို႔လည္းေကာင္း၊ အျခားတစ္ျခမ္းသည္ ေတာင္ဘက္သို႔လည္းေကာင္း၊ ေရြ႕လ်ား သြားလိမ့္မည္။-
Burmese MSBU
ထိုနေ့ရက်တွင် ကိုယ်တော်သည် ဂျေရုဆလင်မြို့အရှေ့ဘက်ရှိ သံလွင်တောင်ပေါ်၌ ခြေချတော်မူလျှင် သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် နှစ်ခြမ်းကွဲ၍ ကျယ်ပြန့်သောချိုင့်ဝှမ်းလွင်ပြင်ကြီး ပေါ်လာလိမ့်မည်။ ထိုတောင်၏တစ်ဝက်သည် မြောက်ဘက်သို့လည်းကောင်း၊ ကျန်တစ်ဝက်သည် တောင်ဘက်သို့လည်းကောင်း ရွေ့သွားလိမ့်မည်။
Burmese MSBZ
ထိုေန႔ရက္တြင္ ကိုယ္ေတာ္သည္ ေဂ်႐ုဆလင္ၿမိဳ႕အေရွ႕ဘက္ရွိ သံလြင္ေတာင္ေပၚ၌ ေျခခ်ေတာ္မူလွ်င္ သံလြင္ေတာင္သည္ အေရွ႕ဘက္မွ အေနာက္ဘက္တိုင္ေအာင္ ႏွစ္ျခမ္းကြဲ၍ က်ယ္ျပန႔္ေသာခ်ိဳင့္ဝွမ္းလြင္ျပင္ႀကီး ေပၚလာလိမ့္မည္။ ထိုေတာင္၏တစ္ဝက္သည္ ေျမာက္ဘက္သို႔လည္းေကာင္း၊ က်န္တစ္ဝက္သည္ ေတာင္ဘက္သို႔လည္းေကာင္း ေ႐ြ႕သြားလိမ့္မည္။