Zechariah 6:7 — Compare Translations

8 translations compared side by side

Burmese (BCL) (Common Language Bible)
ပြောက်​ကျား​မြင်း​များ​သည်​ကမ္ဘာ​မြေ​ပြင် ကို​ကြည့်​ရှု​စစ်​ဆေး​ရန် အ​လျင်​စ​လို​ထွက် လာ​ကြ​လေ​သည်။ ကောင်း​ကင်​တ​မန်​က``သူ တို့​အား​ကမ္ဘာ​မြေ​ပြင်​ကို​သွား​ရောက်​ကြည့် ရှု​စစ်​ဆေး​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း သူ​တို့​သည်​ထွက်​သွား​ကြ​၏။-
Burmese 1835 Version Judson
ခွန်အားကြီးသော မြင်းတို့သည် ထွက်၍၊ မြေ ကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ခြင်းငှါ အား ထုတ်ကြ၏။ ကောင်းကင်တမန်ကလည်း၊ သွား၍ မြေကြီး ပေါ်မှာ တောင်မြောက်သို့ လှည်လည်ကြလော့ ဟုဆိုသည် အတိုင်း၊ သူတို့သည် မြေကြီးပေါ်မှာ တောင်မြောက်သို့ လှည့်လည်ကြ၏။
Burmese 1928
မြင်း နီ များ သည် ထွက်၍၊ မြေ ကြီး တစ် လျှောက် သွား မည် ပြု ကြ ရာ၊ ထွက် လော့။ မြေ ကြီး တစ် လျှောက် သွား လာ ကြ လော့ ဟူ သော အ မိန့် တော် အ တိုင်း၊ မြေ ကြီး တစ် လျှောက် သွား လာ ကြ၏။
Burmese 2021
ခွန်​အား​ကြီး​သော မြင်း​တို့​သည် ထွက်၍၊ မြေ​ကြီး​ပေါ်​မှာ တောင်​မြောက်​သို့ လှည့်​လည်​ခြင်း​ငှာ အား​ထုတ်​ကြ၏။ ကောင်း​ကင်​တ​မန်​က​လည်း၊ သွား၍ မြေ​ကြီး​ပေါ်​မှာ တောင်​မြောက်​သို့ လှည့်​လည်​ကြ​လော့​ဟု ဆို​သည်​အ​တိုင်း၊ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ တောင်​မြောက်​သို့ လှည့်​လည်​ကြ၏။
Burmese JBZV
ခြန္​အား​ႀကီး​ေသာ ျမင္း​တို႔​သည္ ထြက္၍၊ ေျမ​ႀကီး​ေပၚ​မွာ ေတာင္​ေျမာက္​သို႔ လွည့္​လည္​ျခင္း​ငွာ အား​ထုတ္​ၾက၏။ ေကာင္း​ကင္​တ​မန္​က​လည္း၊ သြား၍ ေျမ​ႀကီး​ေပၚ​မွာ ေတာင္​ေျမာက္​သို႔ လွည့္​လည္​ၾက​ေလာ့​ဟု ဆို​သည္​အ​တိုင္း၊ သူ​တို႔​သည္ ေျမ​ႀကီး​ေပၚ​မွာ ေတာင္​ေျမာက္​သို႔ လွည့္​လည္​ၾက၏။
Burmese MCLZV
ေျပာက္​က်ား​ျမင္း​မ်ား​သည္​ကမၻာ​ေျမ​ျပင္ ကို​ၾကည့္​ရွု​စစ္​ေဆး​ရန္ အ​လ်င္​စ​လို​ထြက္ လာ​ၾက​ေလ​သည္။ ေကာင္း​ကင္​တ​မန္​က``သူ တို႔​အား​ကမၻာ​ေျမ​ျပင္​ကို​သြား​ေရာက္​ၾကည့္ ရွု​စစ္​ေဆး​ၾက​ေလာ့'' ဟု​ဆို​သည့္​အ​တိုင္း သူ​တို႔​သည္​ထြက္​သြား​ၾက​၏။-
Burmese MSBU
အုန်းခွံရောင်​မြင်း​များ​သည် ထွက်လာ​၍ မြေ​တစ်ပြင်လုံး​ကို လှည့်လည်​သွားလာ​ရန် အလွန်​စိတ်ထက်သန်​နေ​၏​။ ကောင်းကင်တမန်​က “​သွား​လော့​။ မြေ​တစ်ပြင်လုံး​ကို လှည့်လည်​သွားလာ​လော့​”​ဟု ဆို​သည်​နှင့် မြေ​တစ်ပြင်လုံး​ကို လှည့်လည်​သွားလာ​ကြ​လေ​၏​။
Burmese MSBZ
အုန္းခြံေရာင္​ျမင္း​မ်ား​သည္ ထြက္လာ​၍ ေျမ​တစ္ျပင္လုံး​ကို လွည့္လည္​သြားလာ​ရန္ အလြန္​စိတ္ထက္သန္​ေန​၏​။ ေကာင္းကင္တမန္​က “​သြား​ေလာ့​။ ေျမ​တစ္ျပင္လုံး​ကို လွည့္လည္​သြားလာ​ေလာ့​”​ဟု ဆို​သည္​ႏွင့္ ေျမ​တစ္ျပင္လုံး​ကို လွည့္လည္​သြားလာ​ၾက​ေလ​၏​။