Zephaniah 1:15 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထိုနေ့ရက်သည်အမျက်ထန်သည့်နေ့၊ ဆင်းရဲ ပူပန်ရသောနေ့၊ ယိုယွင်းပျက်စီးသုတ်သင် ပယ်ရှင်းရာနေ့၊ မိုက်မှောင်ညိုမှိုင်းသည့်နေ့ မည်းနက်၍မိုးတိမ်ထူသည့်နေ့၊
Burmese 1835 Version Judson
ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန် ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုဃ်းအုံ၍ ထူထပ် သောမှောင်မိုက်ဖုံးလွှမ်းသောနေ့၊
Burmese 1928
ထို နေ့ တော် သည်၊ အ မျက် ဒဏ် သင့် ရာ နေ့၊ ညှဉ်း ပန်း နှိပ် စက် ရာ နေ့၊ ဖျက် ဆီး ပယ် ရှား ရာ နေ့၊ မိုး ပိတ် လျက် မှောင် အ တိ နေ့၊ မိုး အုံ့ ၍ မှောင် ကျ ရာ နေ့၊
Burmese 2021
ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန်ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုးအုံ့၍ ထူထပ်သောမှောင်မိုက်ဖုံးလွှမ်းသောနေ့၊
Burmese JBZV
ထိုေန႔သည္ အမ်က္ထြက္ေသာေန႔၊ ဆင္းရဲပူပန္ျခင္းကို ခံရေသာေန႔၊ သုတ္သင္ပယ္ရွင္း ဖ်က္ဆီးရာေန႔၊ အလင္းကြယ္၍ ေမွာင္မိုက္ေသာေန႔၊ မိုးအုံ႔၍ ထူထပ္ေသာေမွာင္မိုက္ဖုံးလႊမ္းေသာေန႔၊
Burmese MCLZV
ထိုေန႔ရက္သည္အမ်က္ထန္သည့္ေန႔၊ ဆင္းရဲ ပူပန္ရေသာေန႔၊ ယိုယြင္းပ်က္စီးသုတ္သင္ ပယ္ရွင္းရာေန႔၊ မိုက္ေမွာင္ညိဳမွိုင္းသည့္ေန႔ မည္းနက္၍မိုးတိမ္ထူသည့္ေန႔၊
Burmese MSBU
ထိုနေ့ရက်သည် အမျက်တော်ကျရောက်သောနေ့၊ ဆင်းရဲဒုက္ခကြောင့် ပူပင်သောကရောက်ရသောနေ့၊ ပျက်စီးဆိတ်သုဉ်းသောနေ့၊ အလင်းမဲ့၍အမှောင်ကျသောနေ့၊ တိမ်များဖြင့် အမှောင်ထုဖုံးအုပ်သောနေ့၊
Burmese MSBZ
ထိုေန႔ရက္သည္ အမ်က္ေတာ္က်ေရာက္ေသာေန႔၊ ဆင္းရဲဒုကၡေၾကာင့္ ပူပင္ေသာကေရာက္ရေသာေန႔၊ ပ်က္စီးဆိတ္သုဥ္းေသာေန႔၊ အလင္းမဲ့၍အေမွာင္က်ေသာေန႔၊ တိမ္မ်ားျဖင့္ အေမွာင္ထုဖုံးအုပ္ေသာေန႔၊