Zephaniah 1:17 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားက``ငါသည်လူသားတို့ အပေါ်သို့ဘေးအန္တရာယ်ဆိုးကိုသက် ရောက်စေမည်ဖြစ်၍ လူတိုင်းပင်မျက်မမြင် ကဲ့သို့အမှောင်တွင်စမ်း၍သွားလာရကြ လိမ့်မည်။ သူတို့သည်ငါ့ကိုပြစ်မှားကြ လေပြီ။ ထို့ကြောင့်ငါတို့သည်သူတို့၏ သွေးကိုရေကဲ့သို့သွန်းလောင်းမည်။ သူတို့ ၏အလောင်းများသည်လည်းမြေပေါ်တွင် ပုပ်ပျက်၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။
Burmese 1835 Version Judson
သူတို့သည် ထာဝရဘုရားကို ပြစ်မှားသော ကြောင့်၊ သူတို့ကို ငါညှဉ်းဆဲသဖြင့် မျက်စိမမြင်သော သူကဲ့သို့သွားကြလိမ့်မည်။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့ သွန်း၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည်။
Burmese 1928
ငါ ထာ ဝ ရ ဘု ရား အား ပြစ် မှား သော လူ သ တ္တ ဝါ တို့ အ ပေါ်၌၊ ဒု က္ခ ကို ငါ သင့် ရောက် စေ သ ဖြင့်၊ ထို သူ တို့ သည် မျက် မ မြင် တို့ ကဲ့ သို့ သွား လာ ရ လျက်၊ မြေ မုန့် သ ဖွယ် သွေး သွန်း ခြင်း၊ ဘင် ပုပ် သ ဖွယ် အ လောင်း ပစ် ခြင်း ကို ခံ ရ ကြ လ တ္တံ့။
Burmese 2021
သူတို့သည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ သူတို့ကို ငါညှဉ်းဆဲသဖြင့် မျက်စိမမြင်သော သူကဲ့သို့ သွားကြလိမ့်မည်။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့သွန်း၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည်။
Burmese JBZV
သူတို႔သည္ ထာဝရဘုရားကို ျပစ္မွားေသာေၾကာင့္၊ သူတို႔ကို ငါညႇဥ္းဆဲသျဖင့္ မ်က္စိမျမင္ေသာ သူကဲ့သို႔ သြားၾကလိမ့္မည္။ သူတို႔အေသြးကို ေျမမွုန္႔ကဲ့သို႔သြန္း၍ အသားကိုလည္း မစင္ကဲ့သို႔ မွတ္ၾကလိမ့္မည္။
Burmese MCLZV
ထာဝရဘုရားက``ငါသည္လူသားတို႔ အေပၚသို႔ေဘးအႏၲရာယ္ဆိုးကိုသက္ ေရာက္ေစမည္ျဖစ္၍ လူတိုင္းပင္မ်က္မျမင္ ကဲ့သို႔အေမွာင္တြင္စမ္း၍သြားလာရၾက လိမ့္မည္။ သူတို႔သည္ငါ့ကိုျပစ္မွားၾက ေလၿပီ။ ထို႔ေၾကာင့္ငါတို႔သည္သူတို႔၏ ေသြးကိုေရကဲ့သို႔သြန္းေလာင္းမည္။ သူတို႔ ၏အေလာင္းမ်ားသည္လည္းေျမေပၚတြင္ ပုပ္ပ်က္၍ေနလိမ့္မည္'' ဟုမိန႔္ေတာ္မူ၏။
Burmese MSBU
“ငါသည် လူတို့အပေါ်ဘေးဒုက္ခကျရောက်စေမည်။ သူတို့သည် မျက်မမြင်ကဲ့သို့သွားလာရလိမ့်မည်။ သူတို့သည် ထာဝရဘုရားကိုပြစ်မှားသောကြောင့် သူတို့သွေးသည် မြေမှုန့်ကဲ့သို့လည်းကောင်း၊ သူတို့၏အသားသည် မစင်ကဲ့သို့လည်းကောင်း သွန်ပစ်ခံရမည်။”
Burmese MSBZ
“ငါသည္ လူတို႔အေပၚေဘးဒုကၡက်ေရာက္ေစမည္။ သူတို႔သည္ မ်က္မျမင္ကဲ့သို႔သြားလာရလိမ့္မည္။ သူတို႔သည္ ထာဝရဘုရားကိုျပစ္မွားေသာေၾကာင့္ သူတို႔ေသြးသည္ ေျမမႈန႔္ကဲ့သို႔လည္းေကာင္း၊ သူတို႔၏အသားသည္ မစင္ကဲ့သို႔လည္းေကာင္း သြန္ပစ္ခံရမည္။”