Zephaniah 3:6 — Compare Translations
8 translations compared side by side
Burmese (BCL) (Common Language Bible)
ထာဝရဘုရားက``ငါသည်လူမျိုးတကာ ကိုလုံးဝဖျက်ဆီးခဲ့လေပြီ။ သူတို့၏မြို့ များကိုသုတ်သင်ဖျက်ဆီး၍မြို့တံတိုင်း များ၊ ရဲတိုက်များကိုလည်းယိုယွင်းပျက် စီးစေလေပြီ။ မြို့တို့သည်လူသူဆိတ်ငြိမ် လျက်လမ်းတို့သည်လည်းဟာလာဟင်း လင်းဖြစ်လျက်နေကြ၏။ လူတစ်ဦး တစ်ယောက်မျှမရှိကြတော့ပေ။-
Burmese 1835 Version Judson
လူအမျိုးမျိုးတို့ကို ငါပယ်ဖြတ်၍ သူတို့ရဲတိုက် များကို ဖျက်ဆီးလေပြီ။ လမ်းတို့၌ အဘယ်သူမျှ မသွား မလာစေခြင်းငှါ လူဆိတ်ညံစေပြီ။ မြို့တို့ကိုလည်း လူတစုံ တယောက်မျှ မနေစေခြင်းငှါ ဖျက်ဆီးလေပြီ။
Burmese 1928
ခံ တပ် များ၌ ဆိတ် ညံ ရာ ရောက် အောင်၊ လူ မျိုး တို့ ကို ပယ် ရှား ခြင်း၊ လျှောက် သွား သူ ကင်း သည့် တိုင် အောင်၊ လမ်း များ ကို ဖုန်း ဆိုး ကုန်း ထား ခြင်း၊ နေ ထိုင် သူ မဲ့ သည့် တိုင် အောင်၊ မြို့ ရွာ များ ကို ဖျက် ဆီး ခြင်း ပြု ခဲ့ ရာ တွင်၊
Burmese 2021
လူအမျိုးမျိုးတို့ကို ငါပယ်ဖြတ်၍ သူတို့ရဲတိုက်များကို ဖျက်ဆီးလေပြီ။ လမ်းတို့၌ အဘယ်သူမျှ မသွားမလာစေခြင်းငှာ လူဆိတ်ညံစေပြီ။ မြို့တို့ကိုလည်း လူတစ်စုံတစ်ယောက်မျှ မနေစေခြင်းငှာ ဖျက်ဆီးလေပြီ။
Burmese JBZV
လူအမ်ိဳးမ်ိဳးတို႔ကို ငါပယ္ျဖတ္၍ သူတို႔ရဲတိုက္မ်ားကို ဖ်က္ဆီးေလၿပီ။ လမ္းတို႔၌ အဘယ္သူမၽွ မသြားမလာေစျခင္းငွာ လူဆိတ္ညံေစၿပီ။ ၿမိဳ႕တို႔ကိုလည္း လူတစ္စုံတစ္ေယာက္မၽွ မေနေစျခင္းငွာ ဖ်က္ဆီးေလၿပီ။
Burmese MCLZV
ထာဝရဘုရားက``ငါသည္လူမ်ိဳးတကာ ကိုလုံးဝဖ်က္ဆီးခဲ့ေလၿပီ။ သူတို႔၏ၿမိဳ႕ မ်ားကိုသုတ္သင္ဖ်က္ဆီး၍ၿမိဳ႕တံတိုင္း မ်ား၊ ရဲတိုက္မ်ားကိုလည္းယိုယြင္းပ်က္ စီးေစေလၿပီ။ ၿမိဳ႕တို႔သည္လူသူဆိတ္ၿငိမ္ လ်က္လမ္းတို႔သည္လည္းဟာလာဟင္း လင္းျဖစ္လ်က္ေနၾက၏။ လူတစ္ဦး တစ္ေယာက္မၽွမရွိၾကေတာ့ေပ။-
Burmese MSBU
“လူမျိုးတကာတို့ကို ငါပယ်ရှင်းပြီ။ သူတို့၏မျှော်စင်များ ပျက်စီးလေပြီ။ လမ်းတို့ကိုလည်း ခြောက်ကပ်စေပြီဖြစ်၍ ဖြတ်သန်းသွားလာသောသူမရှိ။ မြို့များကိုလည်း ဖျက်ဆီးပစ်ပြီဖြစ်၍ နေထိုင်သူတစ်ဦးမျှမရှိပေ။
Burmese MSBZ
“လူမ်ိဳးတကာတို႔ကို ငါပယ္ရွင္းၿပီ။ သူတို႔၏ေမွ်ာ္စင္မ်ား ပ်က္စီးေလၿပီ။ လမ္းတို႔ကိုလည္း ေျခာက္ကပ္ေစၿပီျဖစ္၍ ျဖတ္သန္းသြားလာေသာသူမရွိ။ ၿမိဳ႕မ်ားကိုလည္း ဖ်က္ဆီးပစ္ၿပီျဖစ္၍ ေနထိုင္သူတစ္ဦးမွ်မရွိေပ။