bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 1928
/
Mark 11
Mark 11
Burmese 1928
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
1
ယေ ရု ရှ လင် မြို့ အ နီး သံ လွင် တောင် ခြေ ရင်း ရှိ ဗက် ဖာ ဂေ ရွာ၊ ဗေ သ နိ ရွာ များ သို့ ရောက် ကြ သော်၊
2
တ ပည့် တော် နှစ် ပါး ကို စေ လွှတ် လျက် ရှေ့ ရွာ သို့ သွား၍ ဝင် မိ လျှင် မည် သူ မျှ မ စီး ဖူး သော မြည်း ငယ် တစ် ကောင် ချည် ထား သည် ကို တွေ့ လိမ့် မည်။ ဖြည်၍ ဆွဲ ခဲ့ ကြ။
3
အ ဘယ် ကြောင့် ထို သို့ ပြု သ နည်း ဟု မေး သူ ရှိ လျှင် အ ရှင် ဘု ရား အ လို တော် ရှိ သည်။ ချက် ခြင်း ပြန် ပို့ တော် မူ မည့် အ ကြောင်း ဆို ကြ ဟု မှာ တော် မူ လိုက် သည့် အ တိုင်း၊
4
တ ပည့် တော် တို့ သွား၍ အိမ် တံ ခါး အ နီး လမ်း တွင် ချည် ထား သည့် မြည်း ငယ် တစ် ကောင် ကို တွေ့၍ ဖြည် ကြ စဉ်၊
5
ရပ် နေ သူ အ ချို့ က မြည်း ငယ် ကို အ ဘယ် ကြောင့် ဖြည် သ နည်း ဟု မေး ကြ သော်၊
6
ယေ ရှု မှာ တော် မူ လိုက် သည့် အ လျောက် ပြန် ပြော သ ဖြင့် ယူ သွား ခွင့် ရ ကြ ၏။
7
ထို မြည်း ငယ် ကို ယေ ရှု ထံ ဆွဲ ခဲ့၍ ကျော ပေါ် မှာ ခြုံ ထည် များ ကို တင် ကြ ပြီး နောက်၊
8
ကိုယ် တော် စီး တော် မူ ရာ လူ အ များ တို့ သည် ခြုံ ထည် များ ကို လမ်း တစ် လျှောက် ခင်း လျက် အ ချို့ က တော ရှိ သစ် ရွက် များ ကို ခုတ် ယူ စီ ခင်း ကြ၏။
9
ရှေ့ နောက် လိုက် ပါ သူ တို့ က လည်း အောင် သံ ပေး ကြ ပါ စေ။ ထာ ဝ ရ ဘု ရား နာ မ တော် နှင့် ကြွ လာ သော အ ရှင် ၌ မင်္ဂ လာ ရှိ ပါ စေ သော။
10
ငါ တို့ အ ဘ ဒါ ဝိဒ် မင်း၏ တည် လ တ္တံ့ သော နိုင် ငံ တော် လည်း မင်္ဂ လာ ရှိ ပါ စေ သော။ ကောင်း ကင် ဘ ဝဂ် ဝယ် အောင် သံ ပေး ကြ ပါ စေ သ တည်း ဟု ကြွေး ကြော် ကြ ကုန် ၏။
11
ကိုယ် တော် သည် ယေ ရု ရှ လင် မြို့ ရှိ ဗိ မာန် တော် တွင်း သို့ ဝင်၍ အ ရာ ခပ် သိမ်း ကို လှည့် ကြည့် ပြီး နောက် ည နေ ချမ်း အ ချိန် ကျ ရောက် သ ဖြင့် တစ် ဆယ့် နှစ် ပါး တို့ နှင့် တ ကွ ဗေ သ နိ ရွာ သို့ ထွက် ကြွ တော် မူ ၏။
12
နောက် နေ့ ဗေ သ နိ ရွာ မှ ထွက် လာ ကြ စဉ် ကိုယ် တော် သည် ဆာ မွတ် သ ဖြင့်၊
13
အ ရွက် စည် ကား သော သ ဖန်း ပင် ကို အ ဝေး က မြင် ၍ အ သီး တွေ့ လို တွေ့ ညား ကြွ ရောက် သော် သီး ချိန် မ တိုင်၍ အ ရွက် များ ကို သာ တွေ့ တော် မူ သည် နှင့်၊
14
ယ ခု က စ၍ ကာ လ အ စဉ် မည် သူ မျှ သင် မှ အ သီး မ စား ရ ဟု မိန့် တော် မူ ရာ တ ပည့် တော် တို့ ကြား ကြ ၏။
15
ယေ ရု ရှ လင် မြို့ သို့ ရောက် ကြ သော် ကိုယ် တော် သည် ဗိ မာန် တော် အ တွင်း ဝင် ပြီး လျှင် ရောင်း ဝယ် ရှိ နေ သူ တို့ ကို နှင် ထုတ်၍ ကြေး ငွေ လဲ လှယ် သူ တို့၏ စား ပွဲ များ နှင့်၊ ချိုး ရောင်း သူ တို့၏ ထိုင် ခုံ များ ကို မှောက် လှန် တော် မူ သည့် ပြင်၊
16
အ သုံး အ ဆောင် ထမ်း ယူ ဖြတ် သွား သူ တို့ ကို ဆီး တား လျက်၊
17
ငါ့ ဗိ မာန် ကို လူ အ မျိုး မျိုး တို့ ဆု တောင်း ပ ဌ နာ ပြု ရာ ဗိ မာန် ဟု သ မုတ် ကြ လိမ့် မည်။ ကျမ်း ချက် ရှိ သည် မ ဟုတ် လော။ သင် တို့ မှာ မူ ဓား ပြ အောင်း ရာ အ ရပ် ဖြစ် စေ ကြ ပြီ တ ကား ဟူ၍ ဆုံး မ မိန့် ဆို တော် မူ ၏။
18
ပ ရော ဟိတ် ကြီး တို့ နှင့် ကျမ်း တတ် ဆ ရာ တို့ သည် ကြား ကြ သော် ဒေ သ နာ တော် ကို လူ ပ ရိ သတ် ရှိ သ မျှ အံ့ သြ ကြ သော ကြောင့် ကိုယ် တော် ကို ကြောက် ရွံ့ သ ဖြင့် မည် သို့ ဖျက် ဆီး ရ မည့် အ ကြောင်း ရှာ ကြံ ကြ ၏။
19
ကိုယ် တော် သည် ည နေ ချမ်း အ ချိန် ကျ ရောက် သော် မြို့ မှ ထွက် ကြွ တော် မူ ၏။
20
နံ နက် အ ခါ သ ဖန်း ပင် ကို သီ သွား ကြ စဉ် အ မြစ် ပါ သွေ့ ခြောက် သည် ကို မြင် ကြ ရာ၊
21
ပေ တ ရု သည် သ တိ ရ၍ ဆ ရာ တော်၊ အ မင်္ဂ လာ ခံ ရ သော သ ဖန်း ပင် သွေ့ ခြောက် ပါ ပြီ တ ကား ဟု လျှောက် သော်၊
22
ယေ ရှု က ဘု ရား သ ခင် ကို ယုံ ကြည် ခြင်း ရှိ ကြ လော့။
23
မည် သူ မ ဆို ကိုယ် ဆို တိုင်း ဖြစ် မည် ဟု သံ သ ယ စိတ် ကင်း သော ယုံ ကြည် ခြင်း ရှိ လျှင် ဤ တောင် အား နေ ရာ ရင်း မှ ကျွတ်၍ ပင် လယ် တွင် ကျ လော့ ဟု ဆို သော် ဆို တိုင်း ဖြစ် မည် ငါ အ မှန် ဆို ၏။
24
ထို ကြောင့် ငါ ဆို ပြန် သည် ကား သင် တို့ လျှောက် တောင်း သ မျှ ကို ရ ပြီ ဟု ယုံ ကြည် လော့။ ရ ကြ လိမ့် မည်။
25
သင် တို့ သည် ရပ် တန့် လျက် ပ ဌ နာ ပြု ကြ စဉ် သူ တ ထူး အ ပေါ်၌ ကျေ နပ် စေ ရန် အ ကြောင်း ရှိ လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် သင် တို့ ကျူး လွန် မှု များ ကို ဖြေ လွှတ် တော် မူ စေ ခြင်း ငှာ ထို အ ကြောင်း ကို ဖြေ လွှတ် လော့ ဟု မိန့် တော် မူ၏။
27
ယေ ရု ရှ လင် မြို့ သို့ လာ ရောက် ကြ ပြန်၍ ဗိ မာန် တော် တွင် စင်္ကြံ ကြွ တော် မူ စဉ် ပ ရော ဟိတ် ကြီး များ ကျမ်း တတ် ဆ ရာ များ နှင့် လူ ကြီး များ တို့ သည် ချဉ်း ကပ် လျက်၊
28
ဤ အ မှု အ ရာ များ ကို မည် သည့် အ ခွင့် အာ ဏာ နှင့် ပြု သ နည်း။ ထို သို့ ပြု စေ ရန် မည် သူ က အ ခွင့် အာ ဏာ အပ် ပေး သ နည်း ဟု မေး ကြ ရာ၊
29
ယေ ရှု က သင် တို့ ကို ပု စ္ဆာ တစ် ချက် ငါ မေး ဦး မည်။ ဖြေ ဆို ကြ လော့။ သို့ မှ ဤ အ မှု အ ရာ များ ကို မည် သည့် အ ခွင့် အာ ဏာ နှင့် ပြု ကြောင်း ငါ ပြော မည်။
30
ယော ဟန်၏ ဗ တ္တိ ဇံ မင်္ဂ လာ သည် ကောင်း ကင် မှ လော။ လူ တို့ မှ လော။ ဖြေ ဆို ကြ ဟု မိန့် တော် မူ သော်၊
31
ထို သူ တို့ က ကောင်း ကင် မှ ဖြစ် လာ သည် ငါ တို့ ဖြေ လျှင် အ ဘယ် ကြောင့် ယော ဟန် ကို မ ယုံ ကြ သ နည်း ဟု မေး ဦး မည်။
32
လူ တို့ မှ ဖြစ် လာ ကြောင်း ဖြေ ကြ ကုန် အံ့ ဟူ၍ အ ချင်း ချင်း ဆွေး နွေး တိုင် ပင် ကြ သော် လည်း ယော ဟန် သည် ပ ရော ဖက် မှန် ကြောင်း ရှိ သ မျှ တို့ မှတ် ယူ ကြ သည် နှင့် ပြည် သူ ပြည် သား တို့ ကို ကြောက် ရွံ့ သော ကြောင့် ငါ တို့ မ သိ ဟု ယေ ရှု အား ဖြေ ဆို ကြ ၏။
33
ထို အ ခါ ယေ ရှု က ဤ အ မှု အ ရာ များ ကို မည် သည့် အ ခွင့် အာ ဏာ နှင့် ပြု ကြောင်း ငါ လည်း ပြော မည် မ ဟုတ် ဟု မိန့် တော် မူ၏။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
Recommended Reading
Commentary
Mark Commentaries
→
Devotional
Mark Devotional Guide
→
Get This Bible
Burmese Study Bible
→