bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
1 Thessalonians 4
1 Thessalonians 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
1
ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်သို့ ကျင့်ရမည်၊ ဘုရားသခင်ကို အဘယ်သို့နှစ်သက်စေရမည်ကို ငါတို့ထံ၌ နည်းခံကြသည်နှင့်အညီ တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်း၊ သခင်ယေရှုကိုအမှီပြုလျက်၊ ငါတို့သည် တောင်းပန်၍ တိုက်တွန်းသွေးဆောင်ကြ၏။-
2
အဘယ်သို့သော ပညတ်တို့ကို သခင်ယေရှု၏အခွင့်တော်နှင့် ငါတို့သည် အပ်ပေးသည်ကို သင်တို့သိကြ၏။-
3
ဘုရားသခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှာလည်းကောင်း၊-
4
ဘုရားသခင်ကိုမသိသော သာသနာပလူတို့သည် ကိလေသာ တပ်မက်ခြင်းရှိသကဲ့သို့ မရှိ၊-
5
သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကိုမိမိ ထိန်းတတ်စေခြင်းငှာလည်းကောင်း၊-
6
ဤအမှုအရာ၌ လွန်ကျူး၍ ညီအစ်ကိုကို ပရိယာယ်အားဖြင့် မပြစ်မှားစေခြင်းငှာလည်းကောင်း၊ အလိုတော်ရှိ၏။ ငါတို့သည် အထက်က ဟောပြော၍ သစ္စာပေးနှင့်သည်အတိုင်း၊ သခင်ဘုရားသည် ထိုသို့သော ပြစ်မှားခြင်းကို ခံသောသူအပေါင်းတို့ဘက်၌ တရားစီရင်တော်မူလိမ့်မည်။-
7
ဘုရားသခင်သည် ညစ်ညူးစေခြင်းငှာ ငါတို့ကို ခေါ်တော်မူသည်မဟုတ်၊ သန့်ရှင်းစေခြင်းငှာ ခေါ်တော်မူ၏။-
8
ထိုကြောင့်၊ ငါတို့ကိုငြင်းပယ်သောသူသည် လူကိုသာ ငြင်းပယ်သည်မဟုတ်၊ ကိုယ်တော်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို ငါတို့အား ပေးတော်မူသော ဘုရားသခင်ကို ငြင်းပယ်၏။
9
ညီအစ်ကိုချင်း ချစ်ခြင်းအရာကို သင်တို့အား ရေး၍ပေးလိုက်စရာအကြောင်းမရှိ။ အဘယ်ကြောင့် နည်းဟူမူကား၊ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှာ၊ ဘုရားသခင် ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြ၏။-
10
ထိုမျှမက၊ မာကေဒေါနိပြည်တွင် အရပ်ရပ်၌ရှိသော ညီအစ်ကိုအပေါင်းတို့ကို ထိုသို့ပြုကြ၏။ သို့သော်လည်း၊ ညီအစ်ကိုတို့၊ သင်တို့သည် တိုးပွား၍ ကြွယ်ဝပြည့်စုံမည်အကြောင်းနှင့်၊-
11
ပြင်ပလူတို့ရှေ့၌ လျောက်ပတ်စွာကျင့်၍ အဘယ်မျှ မလိုရအောင်၊ ငါတို့သည် အထက်က မှာထားသည်နှင့်အညီ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်အမှုကို ဆောင်ရွက်လျက်၊ ကိုယ်လက်နှင့် လုပ်ဆောင်ခြင်းငှာ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်းသွေးဆောင်ကြ၏။
13
ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှာ ငါတို့အလိုမရှိ၊-
14
ယေရှုသည် သေပြီးမှ တစ်ဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။-
15
သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တစ်ဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသောသူတို့၏ အရင်အဦး နေရာကျရကြမည်မဟုတ်။-
16
သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။-
17
ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။-
18
သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သက်သာစေကြလော့။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 5 →
All chapters:
1
2
3
4
5