bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Peter 1
2 Peter 1
Burmese 2021
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
ယေရှုခရစ်၏ကျွန် တမန်တော် ငါရှိမုန်ပေတရုသည် ကယ်တင်တော်မူသောအရှင်၊ ငါတို့ ဘုရားသခင်ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ယုံကြည်သည်နည်းတူ၊ မြတ်စွာသော ယုံကြည်ခြင်းကို ရသောသူတို့အား ကြားလိုက်ပါ၏။-
2
ဘုရားသခင်ကိုလည်းကောင်း၊ ငါတို့သခင်ယေရှုကိုလည်းကောင်း၊ သိသောဉာဏ်အားဖြင့်၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ များပြားပါစေသော။
3
ထိုသို့နှင့်အညီ ငါတို့ကို ဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသောဘုရားကို သိသောဉာဏ်အားဖြင့်၊ ငါတို့အား အသက်ရှင်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့် စပ်ဆိုင်သော အရာရှိသမျှတို့ကို ဘုရားတန်ခိုးတော်သည် ပေးသနားတော်မူပြီ။-
4
ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ်၍ အဖိုးထိုက်သော ကတိများကို ငါတို့၌ အပ်ပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုကတိတော်များကို အမှီပြု၍ သင်တို့သည် လောကီတပ်မက်ခြင်း အညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း။-
5
ထိုသို့အလိုငှာ၊ သင်တို့သည် ယုံကြည်ခြင်း၌ သီလကိုလည်းကောင်း၊ သီလ၌ ပညာကိုလည်းကောင်း၊-
6
ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကိုလည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း၌ သည်းခံခြင်းကိုလည်းကောင်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်းကိုလည်းကောင်း၊-
7
ထိုမွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်းကိုလည်းကောင်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။-
8
အကြောင်းမူကား၊ ထိုပါရမီတို့သည် သင်တို့၌ရှိ၍ ကြွယ်ဝလျှင်၊ ငါတို့သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှာလည်းကောင်း၊ အကျိုးမဲ့ မဖြစ်စေခြင်းငှာလည်းကောင်း ပြုပြင်တတ်ကြ၏။-
9
ထိုပါရမီနှင့် ကင်းသောသူမူကား၊ မျက်စိကန်း၏။ ကိုယ်မျက်စိကို ကိုယ်ပိတ်၏။ မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏။-
10
ထိုကြောင့်၊ ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်းငှာ သာ၍ ကြိုးစားအားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့် အစဉ်ကင်းလွတ်သည်ဖြစ်၍၊-
11
ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်းအခွင့်ကို သင်တို့အား ကြွယ်ဝစွာ ပေးသနားတော်မူလတ္တံ့။
12
ထိုကြောင့်၊ ယခုဟောပြောသော သမ္မာတရားကို သင်တို့သည် နားလည်၍ တည်ကြည်ခြင်းရှိသော်လည်း၊ ဤသို့သော စကားများနှင့် သင်တို့အား အစဉ်မပြတ် သတိပေးမည်အမှုကို ငါမမေ့မလျော့။-
13
ငါတို့သခင်ယေရှုခရစ်သည် ဗျာဒိတ်ပေးတော်မူသည်အတိုင်း၊ ငါတည်းခိုရာတဲကို မကြာမမြင့်မီ ငါပစ်သွားရမည်အရာကို ငါသိမှတ်၍၊ ဤတဲ၌ ရှိနေစဉ် ကာလပတ်လုံး၊ သင်တို့ကို သတိပေး၍ နှိုးဆော်အပ်သည်ဟု ငါသဘောရှိ၏။-
15
ထိုမှတစ်ပါး၊ ငါစုတေ့သည်နောက်၊ သင်တို့သည် ဤအရာများကို အစဉ်မှတ်မိစေခြင်းငှာ ငါကြိုးစား အားထုတ်မည်။
16
ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကိုလည်းကောင်း၊ ကြွလာတော်မူခြင်းကိုလည်းကောင်း၊ သင်တို့အား ကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့် ပြင်ဆင်သော ဒဏ္ဍာရီစကားကို မလိုက်၊ ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင်သောသူ ဖြစ်ကြ၏။-
17
အဘယ်သို့နည်းဟူမူကား၊ ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟူသော အသံတော်သည်၊ ထူးမြတ်သော အရောင်အဝါတော်ထဲက၊ ထိုသခင်သို့ ရောက်သောအခါ၊ ခမည်းတော်ဘုရားသခင့် အထံတော်မှ ဂုဏ်အသရေ ဘုန်းအာနုဘော်ကို ခံရတော်မူ၏။-
18
ကောင်းကင်က ရောက်လာသော ထိုအသံတော်ကို ငါတို့သည် သန့်ရှင်းသောတောင်ပေါ်မှာ သခင်ဘုရားနှင့် အတူရှိသောအခါ ကြားရကြ၏။
19
ထိုမှတစ်ပါး၊ သာ၍မြဲမြံသော အနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။ စိတ်နှလုံးထဲ၌ အရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည် ကာလတိုင်အောင်၊ ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်းသောဆီမီးကဲ့သို့ မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။-
20
ကျမ်းစာ၌ပါသော အနာဂတ္တိစကားမည်သည်ကား၊ ကိုယ်အလိုအလျောက် အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။-
21
အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဖူးသည်မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3