bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Amos 7
Amos 7
Burmese 2021
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 8 →
1
တစ်ဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ ရှင်ဘုရင်ဆိုင်သော မြက်ပင်ကိုရိတ်ပြီးမှ၊ နောက်မြက်ပင် ပေါက်စကာလ၌ ကျိုင်းကောင်တို့ကို ဖန်ဆင်းတော်မူ၏။
2
ထိုကျိုင်းကောင်တို့သည် တစ်ပြည်လုံး၌ရှိသော မြက်ပင်ကိုစား၍ ကုန်ပြီးမှ ငါက၊ အို အရှင်ထာဝရဘုရား၊ အပြစ်မှ လွှတ်တော်မူပါ။ ယာကုပ်သည်ငယ်သောကြောင့်၊ အဘယ်သို့ထရပါလိမ့်မည်နည်းဟု လျှောက်သော်၊
3
ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့မဖြစ်ရဟု မိန့်တော်မူ၏။
4
တစ်ဖန် အရှင်ထာဝရဘုရားသည် ငါ့အားပြတော်မူသော ရူပါရုံဟူမူကား၊ မီးဖြင့် ဒဏ်ပေးခြင်းငှာ မီးကိုခေါ်တော်မူ၍၊ မဟာသမုဒ္ဒရာကို မီးလောင်လေ၏။ ကုန်းကိုလည်း လောင်လေ၏။
5
ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ ဆိုင်းတော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့် အဘယ်သို့ ထရပါလိမ့်မည်နည်းဟု လျှောက်သော်၊
6
အရှင်ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ၏။
7
တစ်ဖန်ပြတော်မူသော ရူပါရုံဟူမူကား၊ ချိန်ကြိုးချ၍လုပ်သော ကျောက်ရိုးပေါ်မှာ ထာဝရဘုရားသည်ရပ်လျက်၊ လက်တော်၌ ချိန်ကြိုးကို ကိုင်လျက်၊
8
အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ ချိန်ကြိုးကို မြင်ပါသည်ဟု လျှောက်သော်၊ ဘုရားရှင်က၊ ငါ၏လူဣသရေလအမျိုး အလယ်၌ ချိန်ကြိုးကို ငါချမည်။ နောက်တစ်ဖန် သူတို့ကို သည်းမခံ။
9
ဣဇာက်၏ မြင့်ရာအရပ်တို့သည် လူဆိတ်ညံလျက်၊ ဣသရေလ၏ သန့်ရှင်းရာအရပ်တို့သည် သုတ်သင်ပယ်ရှင်းလျက်ရှိကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးကိုလည်း ဓားနှင့် ငါတိုက်မည်ဟု မိန့်တော်မူ၏။
10
ထိုအခါ ဗေသလယဇ်ပုရောဟိတ် အာမဇိသည် ဣသရေလရှင်ဘုရင် ယေရောဗောင်ထံသို့စေလွှတ်၍၊ အာမုတ်သည် ဣသရေလအမျိုးအလယ်တွင် ကိုယ်တော်တစ်ဖက်၌ မကောင်းသောအကြံကို ကြံစည်ပါပြီ။ သူ၏စကားအလုံးစုံတို့ကို ပြည်တော်သည် မခံနိုင်ပါ။
11
ယေရောဗောင်သည် ဓားဖြင့် သေရလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမုတ်ဆိုတတ်ပါသည်ဟု လျှောက်လေ၏။
12
အာမုတ်ကိုလည်း ခေါ်၍၊ အို ပရောဖက်၊ ယုဒပြည်သို့ ပြေးသွားလော့။ ထိုပြည်မှာ ပရောဖက်ပြု၍ အသက်မွေးလော့။
13
နောက်တစ်ဖန် ဗေသလမြို့တစ်ဖက်၌ ပရောဖက်မပြုနှင့်။ ရှင်ဘုရင်၏သန့်ရှင်းရာဌာနတော်ဖြစ်၏။ နန်းတော်တည်ရာမြို့လည်းဖြစ်၏ဟု ဆိုလျှင်၊
14
အာမုတ်က၊ ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်း မဟုတ်ဘဲ၊ နွားကျောင်းသောသူ၊ သဖန်းသီးကို ဆွတ်သောသူဖြစ်စဉ်အခါ၊
15
ထာဝရဘုရားသည် နွားကျောင်းရာမှ ငါ့ကိုနုတ်ယူ၍၊ သင်သွားလော့။ ငါ၏လူ ဣသရေလအမျိုးတွင် ပရောဖက်ပြုလော့ဟု မိန့်တော်မူ၏။
16
သို့ဖြစ်၍၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။ ဣသရေလအမျိုးတစ်ဖက်၌ ပရောဖက်မပြုနှင့်၊ ဣဇာက်အမျိုးတစ်ဖက်၌ မမြွက်နှင့်ဟု သင်ဆိုသော်၊
17
ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏မယားသည် ပြည့်တန်ဆာဖြစ်လိမ့်မည်။ သင်၏သားသမီးတို့သည် ဓားဖြင့်သေကြလိမ့်မည်။ သူတစ်ပါးတို့သည် သင်၏မြေကို ကြိုးတန်းချ၍ ဝေဖန်ကြလိမ့်မည်။ သင်သည် ညစ်ညူးသောပြည်၌ သေရလိမ့်မည်။ ဣသရေလအမျိုးသည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမဇိအား ဆင့်ဆိုလေ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9