bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Colossians 4
Colossians 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
သခင်တို့၊ သင်တို့၏သခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူသည်ကို သိမှတ်၍၊ ဖြောင့်မတ်ခြင်းတရား၊ မျှခြင်းတရားနှင့်အညီ ကိုယ်ကျွန်တို့ကို ပြုကြလော့။
2
ဆုတောင်းပတ္ထနာပြုခြင်းအမှုကို အမြဲပြု၍၊ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့။-
3
ငါသည် ခရစ်တော်၏ နက်နဲသောအရာကြောင့် အချည်အနှောင်ခံရသည်ဖြစ်၍။-
4
ထိုနက်နဲသောအရာကို ဟောပြောခြင်းငှာ၊ ဘုရားသခင်သည် တရားဟောရာတံခါးကို ငါတို့အား ဖွင့်တော်မူမည် အကြောင်းကိုလည်းကောင်း၊ ထိုနက်နဲသောအရာကို ဟောပြောအပ်သည်နှင့်အညီ ငါဖော်ပြမည် အကြောင်းကိုလည်းကောင်း၊ ငါတို့အဖို့လည်း ဆုတောင်းကြလော့။-
5
ပြင်ပလူတို့၏ မျက်နှာကိုထောက်လျက်၊ ပညာနှင့် ကျင့်ဆောင်၍ ကာလအချိန်ကို ရွေးနုတ်ကြလော့။-
6
လူအသီးအသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအားဖြင့် ငန်သောအရသာနှင့် ပြည့်စုံလျက်၊ အစဉ်မပြတ် တင့်တယ်လျောက်ပတ်ပါစေ။
7
သခင်ဘုရား၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန် ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ်သည် ငါ၏ အကြောင်းအရာရှိသမျှကို သင်တို့အား ဖော်ပြလိမ့်မည်။-
8
သူသည် သင်တို့၏အကြောင်းအရာများကို သိ၍၊ သင်တို့စိတ်နှလုံးကို သက်သာစေခြင်းငှာ၊ ထိုသူ ကိုလည်းကောင်း၊ သင်တို့အထဲကဖြစ်၍ သစ္စာရှိသော ငါချစ်သောညီ ဩနေသိမ်ကိုလည်းကောင်း၊ သင်တို့ဆီသို့ ငါစေလွှတ်၏။ သူတို့သည် ဤမြို့၌ဖြစ်သမျှသော အကြောင်းအရာကို သင်တို့အား ဖော်ပြကြလိမ့်မည်။
10
ငါနှင့်အတူ အကျဉ်းခံရသောသူ အာရိတ္တာခု၊ ဗာနဗ၏ညီအစ်ကိုတော်မာကု၊ ယုတ္တုဟုခေါ်ဝေါ်သော ယေရှုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ မာကုအတွက် သင်တို့ကို ငါမှာလိုက်ခဲ့ပြီ။ သူသည် သင်တို့ဆီသို့ ရောက်လာလျှင် လက်ခံကြလော့။-
11
အရေဖျားလှီးခြင်းကိုခံသော သူတို့တွင် ဤသူတို့သာ ဘုရားသခင်၏နိုင်ငံတော်အဖို့ ငါနှင့်အတူ အမှုဆောင်သောသူဖြစ်၍၊ ငါ့စိတ်ကို သက်သာစေကြ၏။-
12
သင်တို့အထဲကဖြစ်သော ခရစ်တော်၏ကျွန် ဧပဖြသည် သင်တို့ကို နှုတ်ဆက်၏။ သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင် လေ့ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့အဖို့ ကာလအစဉ်ကြိုးစား၍ ဆုတောင်းတတ်၏။-
13
သင်တို့မှစ၍ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ ရှိသော သူတို့အဖို့ သူသည် အလွန်စေတနာစိတ် အားကြီးသည်ဟု ငါသည် သူ၏သက်သေဖြစ်၏။-
14
ငါချစ်သော ဆေးသမားလုကာနှင့် ဒေမသည် သင်တို့ကို နှုတ်ဆက်ကြ၏။-
15
လောဒိကိမြို့၌ရှိသော ညီအစ်ကိုတို့ကိုလည်းကောင်း၊ နုံဖမှစ၍ သူ၏အိမ်၌ရှိသော အသင်းတော်ကိုလည်းကောင်း နှုတ်ဆက်ကြလော့။
16
ဤစာကို သင်တို့သည် ဖတ်ပြီးမှ လောဒိကိမြို့ အသင်းတော်ကို ဖတ်စေကြလော့။ ထိုမြို့မှရသော စာကိုလည်း သင်တို့ဖတ်ကြလော့။-
17
အာခိပ္ပုကိုလည်း၊ သင်သည် သခင်ဘုရား၏ လက်တော်မှ ခံရပြီးသော ဓမ္မဆရာ၏အမှုအရာကို ပြည့်စုံခြင်းငှာ သတိပြုပါဟု ပြောကြလော့။
18
ငါပေါလုသည် သင်တို့အား နှုတ်ဆက်သောအချက်ကို ကိုယ်လက်ဖြင့် ရေးထား၏။ ငါခံရသော ချည်နှောင်ခြင်းကို အောက်မေ့ကြလော့။ သင်တို့၌ ကျေးဇူးတော်ရှိစေသတည်း ။ အာမင်။ ကောလောသဲဩဝါဒစာပြီး၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4
Recommended Reading
Commentary
Colossians Commentaries
→
Devotional
Colossians Devotional Guide
→
Get This Bible
Burmese Study Bible
→