bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ephesians 3
Ephesians 3
Burmese 2021
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
1
ထိုအကြောင်းကြောင့် ငါပေါလုသည် ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရ၏။-
2
သင်တို့အကျိုးကို ထောက်၍ ငါ့အားအပ်ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သာသနာကို သင်တို့ ကြားသိရသည်နှင့်အညီ၊ တစ်ပါးအမျိုးဖြစ်သော သင်တို့အတွက်ကြောင့် ငါခံရ၏။-
3
ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား၊ ငါသည်အထက်က အနည်းငယ် ရေးထားခဲ့သည်အတိုင်း၊ ဘုရားသခင်သည် ဗျာဒိတ်တော်အားဖြင့် နက်နဲသောအရာကို ငါ့အားပြတော်မူ၏။-
4
ထိုစကားကိုဖတ်ရွတ်လျှင်၊ ခရစ်တော်၏ နက်နဲသောအရာ၌ ငါလေ့ကျက်သည်ကို သင်တို့သည် သိရကြမည်။-
5
ထိုနက်နဲသောအရာကို သန့်ရှင်းသော တမန်တော်တို့နှင့် ပရောဖက်တို့အား၊ ယခုကာလ၌ ဝိညာဉ်တော်အားဖြင့် ဖွင့်လှစ်တော်မူသည်နည်းတူ၊ အခြားသောကာလတို့၌ လူမျိုးတို့အား ပြတော်မမူ။-
6
ထိုနက်နဲသောအရာဟူမူကား၊ တစ်ပါးအမျိုးသားတို့သည် ဧဝံဂေလိတရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍၊ တစ်လုံးတစ်ဝ တစ်ကိုယ်တည်းဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သောကတိတော်ကို ဆက်ဆံရကြသတည်း။-
7
တန်ခိုးတော်ပြုပြင်သောအားဖြင့် ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ခံရသည်နှင့်အညီ၊ ထိုတရားကို ဟောပြောသော ဆရာ၏အဖြစ်သို့ ငါရောက်ရပြီ။-
8
စစ်၍မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ ဧဝံဂေလိတရားကို တစ်ပါးအမျိုးသားတို့အား ဟောပြောခြင်းငှာလည်းကောင်း၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသော ဘုရားသခင်၌ ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာသည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှာလည်းကောင်း၊ သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သော ငါအား ထိုကျေးဇူးတော်ကို ပေးတော်မူပြီ။-
10
အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော် ရှိသည်နှင့်အညီ၊ ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ် အာဏာစက်တို့သည်၊ ဘုရားသခင်၏ ထူးဆန်းသော ပညတ်တော်ကို အသင်းတော်အားဖြင့် ယခုသိရကြမည် အကြောင်းတည်း။-
12
ထိုသခင်ကို ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ရဲရင့်သောစိတ်နှင့်တိုးဝင်၍ အသနားတော်ခံရသော အခွင့်ကိုရကြပြီ။-
13
ထိုကြောင့် သင်တို့၏အသရေကို ပြုစု၍ သင်တို့အတွက်ကြောင့် ငါခံရသော ဆင်းရဲခြင်းကိုမြင်လျှင်၊ ရွေ့လျော့သော စိတ်မရှိကြပါစေနှင့်။
14
အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တစ်အိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။-
16
ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူကို ခွန်အားနှင့် မြဲမြံခိုင်ခံ့စေ၍၊-
17
ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊ ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်း ရှိသဖြင့်၊-
18
သင်တို့သည် သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှာလည်းကောင်း၊-
19
ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည့်စုံတော်မူခြင်း ရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။-
20
ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှာ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊-
21
ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 4 →
All chapters:
1
2
3
4
5
6