bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Esther 4
Esther 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 5 →
1
ထိုအမှုရှိသမျှကို မော်ဒကဲသိသောအခါ၊ မိမိ အဝတ်ကို ဆုတ်၍ ပြာနှင့်လူးလျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ မြို့အလယ်သို့သွား၍ ကြီးကျယ်သောအသံနှင့် ငိုကြွေးလေ၏။
2
လျှော်တေအဝတ်ကို ဝတ်လျက် နန်းတော်တံခါးထဲသို့ အဘယ်သူမျှ မဝင်ရသောကြောင့်၊ နန်းတော်တံခါးရှေ့မှာ ရပ်နေ၏။
3
ရှင်ဘုရင်အမိန့်တော်စာ ရောက်လေသော အပြည်ပြည်တို့၌ ယုဒလူတို့သည် အလွန်ညည်းတွားခြင်း၊ အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းကို ပြု၍၊ လူများတို့သည် ပြာနှင့်လျှော်တေအဝတ်၌ အိပ်ကြ၏။
4
မော်ဒကဲအမှုကို ဧသတာ၏ကျွန်မတို့နှင့် မိန်းမစိုးတို့သည် ကြားပြောသောအခါ၊ မိဖုရားသည် အလွန်ဝမ်းနည်းလျက်၊ မော်ဒကဲဝတ်သော လျှော်တေကိုပယ်၍ အခြားသောအဝတ်ကို ဝတ်စေခြင်းငှာ ပေးလိုက်သော်လည်း၊ မော်ဒကဲသည် မခံမယူဘဲနေ၏။
5
တစ်ဖန် ဧသတာသည် ရှင်ဘုရင်အမိန့်တော်နှင့် ခစားသော မိန်းမစိုးဟာတက်ကို ခေါ်၍၊ အဘယ်အမှု ရှိသနည်း။ အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မော်ဒကဲကို မေးစေခြင်းငှာ စေလွှတ်သည်အတိုင်း၊
6
ဟာတက်သည် မော်ဒကဲရှိရာ နန်းတော်တံခါးရှေ့၊ မြို့တော်လမ်းသို့သွား၍၊
7
မော်ဒကဲသည် မိမိ၌ရောက်သောအမှု ရှိသမျှကိုလည်းကောင်း၊ ဟာမန်သည် ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ ငွေမည်မျှကို ဘဏ္ဍာတော်တိုက်ထဲသို့ သွင်းပါမည်ဟု ကတိထားကြောင်းကိုလည်းကောင်း ကြားပြောလျက်၊
8
ယုဒလူတို့ကို ဖျက်ဆီးခြင်းငှာ၊ ရှုရှန်နန်းတော်၌ထုတ်သော အမိန့်တော်စာလက်ခံကို ဧသတာအားပြဖို့ပေး၍၊ ဧသတာသည် မိမိလူမျိုးအဖို့ တောင်းလျှောက်ခြင်းငှာ၊ ရှင်ဘုရင်ထံသို့ ဝင်ရမည်အကြောင်း မှာလိုက်လေ၏။
9
ဟာတက်သည်လည်း လာ၍ မော်ဒကဲစကားကို ဧသတာအား ပြန်ပြော၏။
10
တစ်ဖန် ဧသတာသည် ဟာတက်အားဖြင့်၊ မော်ဒကဲကို မှာလိုက်သည်ကား၊
11
ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဘုရင်ခေါ်တော်မမူဘဲ အတွင်းတံတိုင်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မိသောသူသည် အသက်ချမ်းသာရမည်အကြောင်း၊ ရွှေရာဇလှံတံကို ကမ်းတော်မမူလျှင်၊ အမှန်သေရမည်အကြောင်း အမိန့်တော်ရှိသည်ကို၊ ရှင်ဘုရင်၏ ကျွန်တော်မျိုးများနှင့် နိုင်ငံတော် ပြည်သူပြည်သားများအပေါင်းတို့သည် သိကြ၏။ အကျွန်ုပ်ကိုကား အရက်သုံးဆယ်ပတ်လုံး၊ ရှင်ဘုရင်ထံတော်သို့ ခေါ်တော်မမူဟု၊
12
ဧသတာစကားကို မော်ဒကဲအား ပြန်ပြောသောအခါ၊ မော်ဒကဲက၊ အခြားသော ယုဒလူ အသက်မလွတ်လျှင်၊
13
နန်းတော်၌နေသော်လည်း သင့်အသက်လွတ်မည်ဟု မထင်နှင့်။
14
ယခုကာလ သင်သည် တိတ်ဆိတ်စွာနေလျှင်၊ သင်နှင့်သင်၏ အဆွေအမျိုးသည် ပျက်စီး၍၊ ယုဒလူတို့ အသက်ရှင်ခြင်း၊ ကယ်တင်ခြင်းအကြောင်း တစ်စုံတစ်ခု ပေါ်လိမ့်မည်။ ယခုအမှုကိုဆောင်ဖို့ရာ သင်သည် မိဖုရားအရာကိုရသည်ဟု ထင်စရာရှိသည်မဟုတ်လောဟု ဧသတာအား ပြန်ပြောစေခြင်းငှာ မှာလိုက်၏။
15
ဧသတာကလည်း၊ ရှုရှန်မြို့၌ရှိသော ယုဒလူအပေါင်းတို့ကို စုဝေးစေခြင်းငှာ သွားပါ။ နေ့ညမပြတ် သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ၍၊ အကျွန်ုပ်အဖို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ်သည်လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန်ရသော်လည်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည်။ သေလျှင် အသေခံပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှာ မှာလိုက်သမျှအတိုင်း၊ မော်ဒကဲသည် သွား၍ ပြုလေ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10