bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Habakkuk 1
Habakkuk 1
Burmese 2021
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
ပရောဖက်ဟဗက္ကုတ်ခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊
2
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မအမှုကိုခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ်ရပါမည်နည်း။
3
မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့် ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း။
4
သို့ဖြစ်၍ တရားလျော့ပါ၏။ တရားသဖြင့် စီရင်ဆုံးဖြတ်ခြင်း မရှိပါ။ မတရားသောသူတို့သည် ဖြောင့်မတ်သောသူတို့ကို ဝိုင်းသောကြောင့်၊ မတရားသဖြင့် စီရင်ဆုံးဖြတ်ကြပါ၏။
5
သစ္စာပျက်သောသူတို့၊ ကြည့်ရှုဆင်ခြင်၍ အလွန်မှိုင်တွေကြလော့။ အကြောင်းမူကား၊ သင်တို့အား သူတစ်ပါးပြညွှန်သော်လည်း သင်တို့ မယုံသောအမှုကို သင်တို့လက်ထက်ကာလ၌ ငါပြု၏။
6
ပြင်းထန်လျင်မြန်သော ခါလဒဲအမျိုးကို ငါနှိုးဆော်၏။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူခြင်းငှာ မြေတစ်ပြင်လုံး၌ ချီသွားကြလိမ့်မည်။
7
အလွန်ကြောက်မက်ဖွယ်သော သူဖြစ်၍ ကိုယ်အလိုအလျောက် တရားစီရင်ဆုံးဖြတ်ကြ၏။
8
သူတို့၏မြင်းသည် ကျားသစ်ထက်လျင်မြန်၏။ ည၌ လည်သောတောခွေးထက် ကြမ်းတမ်း၏။ မြင်းစီးသူရဲတို့သည် အဝေးကလာ၍ ခုန်ကြလိမ့်မည်။ အကောင်ကို ကိုက်စားခြင်းငှာ လျင်မြန်သော ရွှေလင်းတကဲ့သို့ ပျံလာကြလိမ့်မည်။
9
ထိုသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းငှာ လာကြ၏။ ရှေ့သို့သာ မျက်နှာပြုသော အလုံးအရင်းဖြစ်၍၊ ဖမ်းမိသောသူတို့ကို သဲလုံးနှင့်အမျှ စုဝေးစေကြလိမ့်မည်။
10
ရှင်ဘုရင်တို့ကို အားမနာ၊ မင်းများတို့ကို ပြက်ရယ် ပြုကြလိမ့်မည်။ ရဲတိုက်ရှိသမျှတို့ကို ကဲ့ရဲ့လျက်၊ မြေမှုန့်ကိုပုံထား၍ တိုက်ယူကြလိမ့်မည်။
11
ထိုနောက် သူတို့သည် သဘောပြောင်းလဲလျက် လွန်ကျူး၍ အပြစ်ခံရကြလိမ့်မည်။ မိမိတို့တန်ခိုးသည် မိမိတို့ဘုရား ဖြစ်လေသည်တကား။
12
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဘုရားသခင်၊ သန့်ရှင်းတော်မူသောဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ တည်တော်မူသည်မ ဟုတ်လော။ သို့ဟုတ်လျှင်၊ အကျွန်ုပ်တို့သည် သေခြင်းနှင့် ကင်းလွတ်ကြပါမည်။ အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကို စစ်ကြောစေခြင်းငှာ သူတို့ကို ခန့်ထားတော်မူပြီ။ အို ကျောက်ထရံ၊ ဆုံးမစေခြင်းငှာ သူတို့ကို နေရာချတော်မူပြီ။
13
ကိုယ်တော်သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူ။ သန့်ရှင်းသော မျက်စိရှိတော်မူ၏။ အဓမ္မအမှုကို ကြည့်ရှု၍ နေတော်မမူတတ်ပါ။ သို့ဖြစ်၍၊ သစ္စာပျက်သောသူတို့ကို အဘယ်ကြောင့် ကြည့်ရှု၍ နေတော်မူသနည်း။ အဓမ္မလူသည် မိမိထက်ဖြောင့်မတ်သောသူကို ကိုက်စားသောအခါ၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေတော်မူသနည်း။
14
လူသတ္တဝါတို့ကိုလည်း ပင်လယ်ငါးကဲ့သို့လည်းကောင်း၊ မင်းမရှိသော ပိုးကောင်ကဲ့သို့လည်းကောင်း အဘယ်ကြောင့် ဖြစ်စေတော်မူသနည်း။
15
ရန်သူသည် ထိုသူအပေါင်းတို့ကို ငါးမျှားနှင့် မျှားလျက်၊ ကွန်နှင့်အုပ်လျက်၊ ပိုက်နှင့်လှောင်လျက် ဝမ်းမြောက်ရွှင်လန်းတတ်၏။
16
မိမိကျွန်အား ယဇ်ပူဇော်၍၊ မိမိပိုက်အား နံ့သာပေါင်းကို မီးရှို့တတ်၏။ အကြောင်းမူကား၊ ထိုတန်ဆာအားဖြင့် ဥစ္စာရတတ်၍ ဝစွာစားရ၏။
17
သို့ဖြစ်၍၊ သူသည် ပိုက်ကွန်ထဲက ငါးတို့ကို သွန်းလောင်းရပါမည်လော။ လူအမျိုးမျိုးတို့ကို မနှမြောဘဲ အစဉ်လုပ်ကြံရပါမည်လော။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3