bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Jonah 4
Jonah 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက်သဖြင့်၊ အို ထာဝရဘုရား၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ်၊ ဤသို့ပြောပါပြီမဟုတ်လော။ ထိုကြောင့်၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ ပြေးပါ၏။
2
ကိုယ်တော်သည် သနားစုံမက်တတ်သောဘုရားဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသဘော၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
3
သို့ဖြစ်၍၊ အို ထာဝရဘုရား၊ အကျွန်ုပ်အသက်ကို နုတ်ယူတော်မူပါ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေခြင်းသည် သာ၍ကောင်းပါသည်ဟု တောင်းလျှောက်လေ၏။
4
ထာဝရဘုရားကလည်း၊ သင်သည် အမျက်ထွက် ကောင်းသလောဟု မေးတော်မူ၏။
5
ယောနသည် မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှာ၊ မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကိုလုပ်ပြီးလျှင်၊ အမိုးအရိပ်တွင် ထိုင်၍နေ၏။
6
အရှင် ထာဝရဘုရားသည်လည်း ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏စိတ်ကို ပြေစေခြင်းငှာ သူ့ခေါင်းပေါ်မှာလွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင်ကြောင့် ယောနသည် အလွန် အားရဝမ်းမြောက်၏။
7
နက်ဖြန်မိုးလင်းသောအခါ ဘုရားသခင်ခန့်ထားတော်မူသော ပိုးကောင်သည် ကြက်ဆူပင်ကိုကိုက်၍ ညှိုးနွမ်းစေ၏။
8
နေထွက်သောအခါ ဘုရားသခင်သည် အလွန်ပူသောအရှေ့လေကို ပြင်ဆင်တော်မူ၍၊ ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် မော၍ သေချင်သောစိတ်ရှိလျက်၊ ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက် သာ၍ကောင်းသည်ဟု မြည်တမ်းလေ၏။
9
ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင်အတွက် အမျက်ထွက်ကောင်းသလောဟု မေးတော်မူလျှင်၊ ယောနက၊ အကျွန်ုပ်သည် အသက်သေသည်တိုင်အောင် အမျက်ထွက်ကောင်းပါသည်ဟု လျှောက်ဆို၏။
10
ထာဝရဘုရားကလည်း၊ သင်သည် ပင်ပန်းစွာမလုပ်၊ ကြီးပွားစေခြင်းငှာလည်း မပြုစု၊ တစ်ညချင်းတွင် ပေါက်၍ တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို နှမြောသည်တကား။
11
ငါသည် များစွာသော တိရစ္ဆာန်တို့ကို မဆို၊ ကိုယ်လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍ မသိသော သူတစ်သိန်းနှစ်သောင်းမက၊ လူများသော နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။ ပရောဖက်ယောန၏ဝတ္ထုပြီး၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4