bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Luke 19
Luke 19
Burmese 2021
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 20 →
1
ယေရှုသည် ယေရိခေါမြို့သို့ ဝင်၍ လျှောက်သွားတော်မူ၏။-
2
ထိုအခါ ဇက္ခဲအမည်ရှိသော အခွန်ခေါင်းတစ်ယောက် ရှိ၏။ ထိုသူသည် ငွေရတတ်သောသူဖြစ်၏။-
3
ယေရှုသည် အဘယ်သို့သောသူဖြစ်သည်ကို ထိုသူသည် ကြည့်လို၍၊ လူအစုအဝေးများသောကြောင့်၊ မိမိအရပ်လည်း နိမ့်သည်ဖြစ်၍ မမြင်နိုင်။-
4
ထိုကြောင့် ကြွတော်မူမည့်လမ်းတွင် ရှေ့သို့ပြေး၍ ကိုယ်တော်ကို မြင်အံ့သောငှာ သဖန်းပင်တစ်ပင်ကို တက်လေ၏။-
5
ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍ ထိုသူကို မြင်တော်မူလျှင်၊-
6
ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ ယနေ့ ငါတည်းနေမည်ဟု မိန့်တော်မူ၏။ ဇက္ခဲသည် အလျင်အမြန်ဆင်း၍ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို မိမိအိမ်၌ ဧည့်ခံလေ၏။-
7
ထိုအကြောင်းကို လူအပေါင်းတို့သည်မြင်လျှင်၊ ဆိုးသောလူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။-
8
ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။-
9
ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သား ဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။-
10
လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏။
11
ထိုအခါ ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းမည်ဟု လူများထင်မှတ်သောကြောင့်၊ ပရိသတ်အလယ်၌ မိန့်တော်မူသော ဥပမာကား၊-
12
အမတ်တစ်ယောက်သည် မင်းကြီးအရာကို ခံလို၍ မိမိပြည်သို့ ပြန်လာမည်ဟု အကြံရှိလျက် ဝေးသောပြည်သို့ သွား၏။-
13
မသွားမီ မိမိငယ်သားတစ်ကျိပ်ကို ခေါ်၍၊ ငွေတစ်ပိဿာ စီအပ်ပေးလျက် ငါပြန်၍ မလာမီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့ဟု မှာထားလေ၏။-
14
ပြည်သားအချို့သည် ထိုအမတ်ကို မနာလို၍၊ ထိုသူ၏ အအုပ်အချုပ်ကို ငါတို့မခံလိုပါဟု တမန်ကို သူ့နောက်သို့ စေလွှတ်ကြ၏။-
15
ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသောငယ်သားတို့သည် အသီးအသီး အဘယ်မျှလောက် အမြတ်ရသည်ကို သိခြင်းငှာ သူတို့ကိုခေါ်ချေဟု အမိန့်တော်ရှိ၏။
16
ပထမသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတစ်ပိဿာအားဖြင့် အခွက်တစ်ဆယ် အမြတ်ရပါပြီဟု လျှောက်လျှင်၊-
17
သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့ဟု မိန့်တော်မူ၏။-
18
ဒုတိယသူသည် လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတစ်ပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီဟု လျှောက်လျှင်၊-
19
သခင်က၊ သင်သည် မြို့ငါးမြို့ကိုအုပ်စိုးလော့ဟု မိန့်တော်မူ၏။-
20
အခြားသောသူသည် လာ၍၊ သခင်၊ အကျွန်ုပ်သည် ပဝါ၌ထုပ်ထားသော ကိုယ်တော်၏ ငွေတစ်ပိဿာရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်၊-
21
ကိုယ်မသိုမထားသော ဥစ္စာကိုသိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ ရိတ်တတ်သည်ကို အကျွန်ုပ်ထောက်၍ ကိုယ်တော်ကို ကြောက်ပါသည်ဟု လျှောက်လျှင်၊-
22
သခင်က၊ ဆိုးညစ်သောငယ်သား၊ သင်၏ စကားကိုသာလိုက်၍ သင်၏အမှုကို ငါစီရင်မည်။ ငါသည် ခဲယဉ်းသောသူဖြစ်လျက် ကိုယ်မသိုမထားသောဥစ္စာကို သိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသောလယ်၌ ရိတ်သည်ကို သင်သိသည်မှန်လျှင်၊-
23
ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့်မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့် အတိုးကိုရနိုင်သည်ဟု မိန့်တော်မူပြီးသော်၊-
24
အခြွေအရံတို့အား၊ ငွေတစ်ပိဿာကို သူ့လက်မှ နုတ်ကြ။ အခွက်တစ်ဆယ်ရှိသောသူအား ပေးကြဟု မိန့်တော်မူ၏။-
25
အခြွေအရံတို့ကလည်း၊ သခင်၊ ထိုသူ၌ အခွက်တစ်ဆယ်ရှိပါ၏ဟု လျှောက်ကြလျှင်၊
26
ငါဆိုသည်ကား၊ အကြင်သူသည် ရတတ်၏။ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နုတ်လိမ့်မည်။-
27
ထိုမှတစ်ပါး ငါ၏အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာသတ်ကြဟု စီရင်တော်မူသည်ဟု မိန့်တော်မူ၏။
28
ထိုသို့ မိန့်တော်မူပြီးမှ၊ တပည့်တော်တို့ ရှေ့၌ကြွ၍ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏။-
29
သံလွင်အမည်ရှိသော တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနီးသို့ ရောက်တော်မူသောအခါ၊ တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊-
30
သင်တို့ရှေ့၌ရှိသောရွာသို့ သွားကြ။ ထိုရွာသို့ ရောက်လျှင် အဘယ်သူမျှ မစီးဖူးသောမြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် တွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ဆောင်ခဲ့ကြ။-
31
သူတစ်ပါးက အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟု သင်တို့ကိုဆိုလျှင်၊ သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့ဟု မှာထားတော်မူ၏။-
32
ထိုသို့ စေလွှတ်သောသူတို့သည် သွား၍ စကားတော်အတိုင်း တွေ့ကြ၏။-
33
မြည်းကြိုးကို ဖြည်စဉ်တွင် မြည်းရှင်တို့က၊ အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟုဆိုလျှင်၊-
34
သခင်အလိုရှိသည်ဟု ပြန်ပြောကြ၏။ ယေရှုထံတော်သို့ မြည်းကလေးကို ဆောင်ခဲ့၍၊-
35
မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။-
36
ခရီးသွားတော်မူစဉ်တွင် လူများတို့သည် မိမိတို့ အဝတ်ကို လမ်း၌ခင်းကြ၏။-
37
သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များအပေါင်းတို့သည် မိမိတို့မြင်ခဲ့ပြီးသော တန်ခိုးတော်များကိုထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောမနာပြု၍၊-
38
ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေ သတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်းဟု ကြွေးကြော်ကြ၏။-
39
လူအစုအဝေး၌ပါသော ဖာရိရှဲအချို့တို့က၊ အရှင်ဘုရား၊ ကိုယ်တော်၏တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြသော်၊-
40
ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ်စွာနေလျှင် ကျောက်ခဲတို့သည် ချက်ချင်း ကြွေးကြော်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
41
ယေရုရှလင်မြို့အနီးသို့ ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍၊-
42
အချင်းမြို့၊ သင်၏ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှာ ဝှက်ထားလျက်ရှိ၏။-
43
အကြောင်းမူကား၊ သင့်ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊-
44
သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့်၊ သင်၏ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှာ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။
45
ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်လျက်၊-
46
ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်၏ဟု ကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။-
47
ကိုယ်တော်သည် နေ့တိုင်းဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူ၏။ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှာ ရှာကြသော်လည်း၊-
48
လူအပေါင်းတို့သည် ဒေသနာတော်ကို စေ့စေ့နားထောင်သောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့မရကြ။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24