bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Mark 15
Mark 15
Burmese 2021
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16 →
1
နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတို့သည် မဆိုင်းမလင့်ဘဲ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိအပေါင်းတို့နှင့် တိုင်ပင်ခြင်းကိုပြု၍၊ ယေရှုကိုချည်နှောင်ပြီးလျှင်၊ ပိလတ်မင်းထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။-
2
ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု ကိုယ်တော်ကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။-
3
ယဇ်ပုရောဟိတ်အကြီးတို့သည် များစွာသောအပြစ်ကို တင်ကြ၏။-
4
တစ်ဖန် ပိလတ်မင်းက၊ သင်သည် တစ်ခွန်းကိုမျှပြန်၍ မပြောသလော။ သင့်တစ်ဖက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို ကြည့်ပါဟု မေးမြန်းပြောဆိုသော်လည်း၊-
5
စကားတစ်ခွန်းကိုမျှပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။
6
ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတောင်းသော သူတစ်ယောက်ယောက်ကို လွှတ်တတ်၏။-
7
ထိုအခါ ပုန်ကန်၍ လူအသက်ကိုသတ်သော အပြစ်သင့်သော ဗာရဗ္ဗအမည်ရှိသော သူတစ်ယောက်သည်၊ ပုန်ကန်သော အပေါင်းအဖော်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ၏။-
8
လူအပေါင်းတို့သည် မိမိတို့အား ပြုမြဲပြုပါမည်အကြောင်း အော်ဟစ်၍ တောင်းပန်သောအခါ၊-
9
ပိလတ်မင်းက၊ သင်တို့သည် ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလောဟု ပြန်၍မေး၏။-
10
အဘယ်ကြောင့် ဤသို့မေးသနည်း ဟူမူကား၊ ယဇ်ပုရောဟိတ်အကြီးတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကို သိ၏။-
11
ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗကို လွှတ်စေခြင်းငှာ ယဇ်ပုရောဟိတ်အကြီးတို့သည် လူအစုအဝေးကို နှိုးဆော်ကြ၏။-
12
တစ်ဖန်ပိလတ်မင်းက၊ ယုဒရှင်ဘုရင်ဟု သင်တို့ခေါ်ဝေါ်သောသူကို အဘယ်သို့ပြုရမည်နည်းဟု မေးပြန်သော်၊-
13
ထိုသူအပေါင်းတို့က၊ သူ့ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု ဟစ်ကြ၏။-
14
ပိလတ်မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများတို့သည် သာ၍ ဟစ်ကြ၏။-
15
ပိလတ်မင်းသည်လည်း လူများတို့၏စိတ်ကို ပြေစေခြင်းငှာ အလိုရှိ၍၊ ဗာရဗ္ဗကို သူတို့အား လွှတ်လေ၏။ ယေရှုကိုကား၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှာ အပ်လိုက်လေ၏။
16
ထိုအခါ စစ်သူရဲတို့သည် ကိုယ်တော်ကို ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦးအတွင်းသို့ ဆောင်သွား၍၊ စစ်သူရဲတစ်တပ်လုံးကို စုရုံးစေပြီးမှ၊ ကိုယ်တော်အား နီမောင်းသောအဝတ်ကို ဝတ်စေ၍၊-
17
ဆူးပင်နှင့် ရက်သော ဦးရစ်ကို တင်ပြီးလျှင်၊-
18
ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟု ကောင်းချီးစကားကို ပြောကြ၏။-
19
ခေါင်းတော်ကို ကျူလုံးနှင့် ရိုက်ခြင်း၊ တံတွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူးထောက်၍ ပျပ်ဝပ်ခြင်းကိုလည်း ပြုကြ၏။-
20
ထိုသို့ ကိုယ်တော်ကို ပြက်ရယ်ပြုသည်နောက်၊ နီမောင်းသောအဝတ်ကို ချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှာ ထုတ်သွားကြ၏။
21
အာလေဇန္ဒြုနှင့် ရုဖု၏အဘ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည်၊ တောရွာမှ လာ၍ လမ်း၌သွားသည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။-
22
ဦးခေါင်းခွံအရပ်ဟု ဆိုလိုသော ဂေါလဂေါသ အရပ်သို့ ကိုယ်တော်ကို ဆောင်သွားပြီးမှ၊-
23
မုရန်နှင့် ရောသော စပျစ်ရည်ကို၊ ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျှင် မခံဘဲနေတော်မူ၏။-
24
လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင်၊ အဝတ်တော်ကို စာရေးတံချ၍ အသီးအသီးတို့အား ဝေဖန်ကြ၏။-
25
ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ကြသောအချိန်ကား၊ နံနက်တစ်ချက်တီးအချိန် ဖြစ်သတည်း။
26
အပြစ်ဖော်ပြသော ကမ္ပည်းလိပ်စာချက် ဟူမူကား၊ ယုဒရှင်ဘုရင်ဟု ရေးထားသတည်း။-
27
ကိုယ်တော်နှင့်တကွ ဓားပြနှစ်ယောက်တို့ကို လက်ယာတော်ဘက်၌ တစ်ယောက်၊ လက်ဝဲတော်ဘက်၌ တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။-
28
ထိုသို့ မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်သည်ဟုဆိုသော ကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။
29
လမ်းမှာသွားလာသော သူတို့ကလည်း၊ ဟဲ့၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်ပြန်သောသူ၊-
30
ကိုယ်ကိုကိုယ် ကယ်တင်လော့။ လက်ဝါးကပ်တိုင်မှ ဆင်းလော့ဟု မိမိတို့ခေါင်းကိုညိတ်၍ ကဲ့ရဲ့သောစကားနှင့် ပြောဆိုကြ၏။-
31
ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့က၊ ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။ ကိုယ်ကို မကယ်တင်နိုင်ပါတကား။-
32
ငါတို့မြင်၍ ယုံကြည်စေခြင်းငှာ၊ ဣသရေလရှင်ဘုရင် တည်းဟူသော ခရစ်တော်သည် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေဟု အချင်းချင်းပြက်ရယ်ပြု၍ ပြောဆိုကြ၏။ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူတို့သည်လည်း ကဲ့ရဲ့ပြစ်တင်ကြ၏။
33
မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။-
34
သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။-
35
အနား၌ရပ်နေသော သူအချို့တို့သည် ကြားလျှင်၊ သူသည်ဧလိယကို ခေါ်သည်ဟု ဆိုကြ၏။-
36
လူတစ်ယောက်သည် ပြေး၍ ရေမှိုတစ်ထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူလုံးဖျား၌တပ်၍ ကိုယ်တော်အား သောက်စိမ့်သောငှာ ပေးလျက်၊ ရှိစေတော့။ ဧလိယသည် သူ့ကိုချယူခြင်းငှာ လာမည်မလာမည်ကို ကြည့်ကြကုန်အံ့ဟု ဆို၏။-
37
ယေရှုသည် ကြီးသောအသံနှင့် ကြွေးကြော်၍ အသက်ချုပ်တော်မူ၏။
38
ထိုအခါ ဗိမာန်တော်၏ ကုလားကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။-
39
ထိုသို့ ကြွေးကြော်၍ အသက်ချုပ်တော်မူကြောင်းကို ရှေ့တော်၌ရပ်နေသော တပ်မှူးသည် မြင်လျှင်၊ စင်စစ် ဤသူသည် ဘုရားသခင်၏သားတော် မှန်ပေ၏ဟု ဆို၏။-
40
မိန်းမအချို့တို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍ နေကြ၏။-
41
ထိုမိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲပြည်မှာ ရှိတော်မူစဉ်၊ နောက်တော်သို့ အလုပ်အကျွေးလိုက်သော မာဂဒလမာရိ၊ ယာကုပ်ငယ်နှင့် ယောသေ၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့မှစ၍ နောက်တော်၌ ယေရုရှလင်မြို့သို့ လိုက်လာသော အခြားမိန်းမများလည်း ပါကြသတည်း။
42
ထိုနေ့ကား အဖိတ်နေ့တည်းဟူသော ပရက္ကုနေ့ ဖြစ်သောကြောင့် ညအချိန်ရောက်မှ၊-
43
အသရေရှိသော လွှတ်အရာရှိ၊ အရိမဿဲမြို့သား ယောသပ်သည်၊ ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်သောသူ ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။-
44
ယေရှုသည် ယခုပင်သေသည်ကို ပိလတ်မင်းသည် အံ့ဩခြင်းရှိသဖြင့် တပ်မှူးကိုခေါ်၍၊ သေသည်ကား ကြာပြီလောဟု မေး၏။-
45
သေကြောင်းကို တပ်မှူးစကားဖြင့်သိလျှင်၊ အလောင်းတော်ကို ယောသပ်အား အပ်ပေး၏။-
46
ယောသပ်သည် ကိုယ်တော်ကိုချ၍၊ မိမိဝယ်ခဲ့သော ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ ကျောက်၌ထွင်းသော သင်္ချိုင်းတွင်းထဲမှာထား၍ တွင်း၌ ကျောက်ကို လှိမ့်ထားလေ၏။-
47
မာဂဒလမာရိ၊ ယောသေ၏အမိဖြစ်သော မာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ ကြည့်ရှုကြ၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16