bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Obadiah 1
Obadiah 1
Burmese 2021
Jump to:
Chapter 1
1
အရှင်ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါတို့သည် ကြားကြ၏။ သင်တို့ထ၍ ဧဒုံပြည်ကို တိုက်ခြင်းငှာ စစ်ချီကြလော့ဟု၊ တစ်ပါးအမျိုးသားတို့ထံသို့ သံတမန်ကို စေလွှတ်တော်မူပြီ။
2
သင့်ကို တစ်ပါးအမျိုးသားတို့တွင် ယုတ်မာစေခြင်းငှာ ငါစီရင်သဖြင့်၊ သင်၏အသရေသည် အလွန်ရှုတ်ချခြင်းရှိလိမ့်မည်။
3
ကျောက်ကြားတို့၌နေ၍ မြင့်သောအရပ်ကို ခိုလှုံလျက်၊ ငါ့ကိုမြေသို့ အဘယ်သူနှိမ့်ချနိုင်သနည်းဟု အောက်မေ့သောသူ ဖြစ်သောကြောင့်၊ သင်၏မာနသည် သင့်ကို လှည့်စားပြီ။
4
သင်သည် ရွှေလင်းတကဲ့သို့ ကိုယ်ကိုချီးမြှောက်၍၊ ကြယ်တို့တွင် အသိုက်ကိုလုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
5
ညအခါ သူခိုးဓားပြတို့သည် သင်ရှိရာသို့ လာလျှင်၊ စိတ်ပြေလောက်အောင်သာ ခိုးယူကြလိမ့်မည် မဟုတ်လော။ စပျစ်သီးကို ဆွတ်သောသူတို့သည် လာလျှင်၊ သူတစ်ပါးလိုက်၍ ဆွတ်စရာဖို့ ကြွင်းစေကြလိမ့်မည် မဟုတ်လော။
6
သင်သည် အလွန်ပျက်စီးပြီတကား။ ဧသောသည် အလွန်အစစ်ခံရပြီတကား။ သူဝှက်ထားသောဥစ္စာကို အလွန်ရှာဖွေကြသည် တကား။
7
သင်နှင့် မိတ်သဟာယဖွဲ့သော သူအပေါင်းတို့သည် ပြည်စွန်းသို့ နှင်ကြပြီ။ အဆွေလုပ်သော သူတို့သည် သင့်ကိုလှည့်စား၍ နိုင်ကြပြီ။ သင်နှင့်အတူ စားသောက်သောသူတို့သည် သင့်အောက်၌ ကျော့ကွင်းကို ထောင်ထားကြပြီ။ သင်၏ဉာဏ်ပညာကုန်ပြီ။
8
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ၌ ဧဒုံပြည်မှ ပညာရှိတို့ကိုလည်းကောင်း၊ ဧသော၏တောင်မှ ဉာဏ်ကောင်းသော သူတို့ကိုလည်းကောင်း ငါပယ်ရှားမည်။
9
အို တေမန်မြို့၊ ဧသော၏တောင်မှ ခပ်သိမ်းသော သူတို့ကို ပယ်ဖြတ်မည်အကြောင်း၊ သင်၏သူရဲတို့သည် ကြောက်ကြလိမ့်မည်။
10
သင်သည် ညီယာကုပ်ကို အသေသတ်ခြင်း၊ အနိုင်အထက်ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင်အရှက်ကွဲ၍၊ အကုန်အစင် ပယ်ဖြတ်ခြင်းကို ခံရလိမ့်မည်။
11
သင်သည် တစ်ဖက်၌နေသောနေ့၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် သူ၏အမှုထမ်းများကို သိမ်းသွားသောနေ့၊ တစ်ပါးအမျိုးသားတို့သည် သူ၏မြို့တံခါးထဲသို့ဝင်၍ ယေရုရှလင်မြို့ကို စာရေးတံချသောနေ့၌ သင်သည် လက်ခံသောသူဖြစ်၏။
12
သင်၏ညီသည် တစ်ပါးအမျိုးသားဖြစ်သောနေ့၌ သူ၏အမှုကို သင်မကြည့်သင့်။ ယုဒအမျိုးသားတို့သည် ပျက်စီးသောနေ့၌ မဝါကြွားသင့်။ ဒုက္ခခံရသောနေ့၌ စော်ကားသောစကားကို မပြောသင့်။
13
ငါ၏လူတို့သည် ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့နေရာ တံခါးအတွင်းသို့ မဝင်သင့်။ ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့၏ဆင်းရဲဒုက္ခကို မကြည့်မရှုသင့်။ ဘေးဥပဒ်ကို ခံရသောနေ့၌ သူတို့ဥစ္စာကို မလုမယူသင့်။
14
လွတ်သောသူတို့ကို ဆီးတားခြင်းငှာ ဖြတ်လမ်း၌ မရပ်မနေသင့်။ အမှုရောက်သောနေ့၌ ကျန်ကြွင်းသော သူတို့ကို မအပ်သင့်။
15
အကြောင်းမူကား၊ ထာဝရဘုရား၏နေ့ရက်သည် ခပ်သိမ်းသောလူမျိုးတို့နှင့် နီးပြီ။ သင်ပြုသည်အတိုင်း သင်၌ သူတစ်ပါးပြုလိမ့်မည်။ သင်ပြုသောအမှုသည် သင့်ခေါင်းပေါ်သို့ ရောက်ရလိမ့်မည်။
16
ယုဒအမျိုးသားတို့သည် သန့်ရှင်းသော ငါ့တောင်ပေါ်မှာ စားသောက်သကဲ့သို့၊ ပတ်လည်၌နေသော လူမျိုးအပေါင်းတို့သည် စားသောက်ရကြလိမ့်မည်။ စားသောက်၍မျိုသဖြင့် မရှိဖူးသောသူကဲ့သို့ ဖြစ်ရကြလိမ့်မည်။
17
ဇိအုန်တောင်ပေါ်မှာ ဘေးလွတ်သောသူအချို့ ရှိကြလိမ့်မည်။ သန့်ရှင်းသောအရပ် ဖြစ်လိမ့်မည်။ ယာကုပ်အမျိုးသည် မိမိပိုင်ထိုက်သောမြေကို ပိုင်ရလိမ့်မည်။
18
ယာကုပ်အမျိုးသည် မီး၊ ယောသပ်အမျိုးသည် မီးလျှံ၊ ဧသောအမျိုးသည် အမှိုက်ဖြစ်လျက် မီးညှိ၍ လောင်သဖြင့်၊ ဧသောအမျိုးသား မကျန်ကြွင်းရ။ ထာဝရဘုရားမိန့်တော်မူပြီ။
19
တောင်မျက်နှာသားတို့သည် ဧသော၏တောင်ကိုလည်းကောင်း၊ မြေညီသော အရပ်သားတို့သည် ဖိလိတ္တိပြည်ကိုလည်းကောင်း၊ ဧဖရိမ်လယ်ပြင်နှင့် ရှမာရိလယ်ပြင်ကိုလည်းကောင်း၊ ဗင်္ယာမိန်အမျိုးသည် ဂိလဒ်ပြည်ကိုလည်းကောင်း သိမ်းယူကြလိမ့်မည်။
20
သိမ်းသွားခြင်းကို ခံရ၍၊ ခါနနိလူတို့တွင်ရှိသော ဣသရေလအမျိုးအလုံးအရင်းသည် ဇရတ္တမြို့တိုင်အောင်လည်းကောင်း၊ သိမ်းသွားခြင်းကိုခံရ၍ သေဖရဒ်ပြည်၌ရှိသော ယေရုရှလင်မြို့သားတို့သည် တောင်မျက်နှာ မြို့ရွာတို့ကိုလည်းကောင်း သိမ်းယူကြလိမ့်မည်။
21
ဧသော၏တောင်ကို တရားစီရင်ခြင်းငှာ ကယ်တင်သောသူတို့သည် ဇိအုန်တောင်ပေါ်သို့ တက်ကြလိမ့်မည်။ တိုင်းနိုင်ငံသည်လည်း ထာဝရဘုရား၏နိုင်ငံတော် ဖြစ်လိမ့်သတည်း။ ပရောဖက်ဩဗဒိ၏ ဗျာဒိတ်ရူပါရုံ ပြီး၏။
Jump to:
Chapter 1
All chapters:
1
Recommended Reading
Commentary
Obadiah Commentaries
→
Devotional
Obadiah Devotional Guide
→
Get This Bible
Burmese Study Bible
→