bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Proverbs 11
Proverbs 11
Burmese 2021
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 12 →
1
မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူဖွယ်၊ မှန်သောအလေးမူကား၊ နှစ်သက်တော်မူဖွယ် ဖြစ်၏။
2
မာနထောင်လွှားသောအခါ အရှက်ကွဲခြင်းဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။
3
ဖြောင့်သောသဘောသည် ဖြောင့်မတ်သောသူတို့ကို ပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။
4
အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ်ဥစ္စာသည် အကျိုးမပေးနိုင်။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ်၏။
5
ဖြောင့်မတ်ခြင်းပါရမီသည် စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသောအမှုအားဖြင့် ဆုံးရှုံးတတ်၏။
6
ဖြောင့်မတ်သောသူတို့၏ ဖြောင့်မတ်သောသဘောသည် သူတို့ကို ကယ်တင်တတ်၏။ လွန်ကျူးသောသူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။
7
ဆိုးသောသူသည် သေသောအခါ မျှော်လင့်ခြင်းပျက်တတ်၏။ မတရားသောသူ၏ တောင့်တခြင်းလည်း ပျက်တတ်၏။
8
ဖြောင့်မတ်သောသူသည် ဒုက္ခထဲကထွက်မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။
9
အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကိုဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ်အားဖြင့် အမှုလွတ်တတ်၏။
10
တရားသောသူသည် ကောင်းစားသောအခါ တစ်မြို့လုံးဝမ်းမြောက်ခြင်းရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။
11
တရားသောသူသည် ကောင်းချီးပေးသောအားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့လည်းကောင်း၊ မတရားသောသူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့လည်းကောင်း ရောက်တတ်၏။
12
ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင် ပြုတတ်၏။ ဉာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။
13
လည်၍ စကားများစွာပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဖော်ပြတတ်၏။ သစ္စာစောင့်သောသူမူကား၊ ဝှက်ထားတတ်၏။
14
အကြံပေးနိုင်သော ဉာဏ်မရှိလျှင် ပြည်သားတို့သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင်မူကား၊ ဘေးလွတ်တတ်၏။
15
အကျွမ်းမဝင်သောသူ၏အမှု၌ အာမခံသောသူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သောအမှုကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။
16
နှစ်သက်ဖွယ်သော မိန်းမသည် ဂုဏ်အသရေကိုလည်းကောင်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကိုလည်းကောင်းရတတ်၏။
17
သနားတတ်သောသူသည် မိမိကိုယ်၌ကျေးဇူးပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ယှက်တတ်၏။
18
မတရားသောသူပြုသောအမှုသည် အမြဲမတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသောသူမူကား၊ မြဲမြံသော အကျိုးကို ခံရလိမ့်မည်။
19
ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကို လိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။
20
သဘောကောက်သောသူတို့ကို ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်သောလမ်းသို့ လိုက်သောသူတို့ကိုကား၊ နှစ်သက်တော်မူ၏။
21
လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ်ဒဏ်နှင့် မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုးအနွယ်မူကား လွတ်ရ၏။
22
သမ္မာသတိမရှိ၊ အဆင်းလှသောမိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။
23
ဖြောင့်မတ်သောသူသည် မြတ်သောအရာကိုသာ တောင့်တတတ်၏။ မတရားသောသူ မျှော်လင့်သောအရာမူကား၊ ဒေါသအမျက်နှင့် ဆိုင်သတည်း။
24
စွန့်ကြဲသော်လည်း ဥစ္စာတိုးပွားတတ်သောသူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သောသူလည်းရှိ၏။
25
စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်။
26
စပါးကို သိုထားသောသူသည် လူများကျိန်ဆဲခြင်းကိုခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းချီးမင်္ဂလာ ရှိလိမ့်မည်။
27
ကောင်းသောအရာကို ကြိုးစား၍ရှာသောသူသည် ကျေးဇူးကိုခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှာ ရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည်။
28
မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့်မည်။ ဖြောင့်မတ်သောသူမူကား၊ သစ်ခက်ကဲ့သို့ စိမ်းလန်းလိမ့်မည်။
29
မိမိအိမ်ကိုနှောင့်ယှက်သောသူသည် လေကိုအမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသောသူထံ၌ ကျွန်ခံရလိမ့်မည်။
30
ဖြောင့်မတ်သောသူ သီးသောအသီးသည် အသက်ပင်အသီးဖြစ်၏။ သူတစ်ပါးတို့၏စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
31
ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကိုခံရ၏။ မတရားသောသူနှင့် အပြစ်ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဖွယ်ရာရှိသနည်း။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31