bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Zephaniah 1
Zephaniah 1
Burmese 2021
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
1
ယုဒရှင်ဘုရင်အာမုန်သား ယောရှိမင်းလက်ထက်၊ ဟိဇကိ၊ အာမရိ၊ ဂေဒလိတို့မှ ဆင်းသက်သော ကုရှိ၏သား ဇေဖနိသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား၊
2
ပြည်တစ်ပြည်လုံး၌ ရှိလေသမျှတို့ကို အကုန်အစင် ငါသုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
3
လူနှင့် တိရစ္ဆာန်တို့ကို ပယ်ရှင်းမည်။ မိုးကောင်းကင်ငှက်နှင့် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ အဓမ္မလူတို့နှင့်တကွ ပြစ်မှားစရာအကြောင်းတို့ကိုလည်းကောင်း ငါပယ်ရှင်းမည်။ မြေတစ်ပြင်လုံး၌ရှိသော လူသတ္တဝါတို့ကိုလည်း ငါပယ်ရှင်းမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
4
ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့ကို ငါတိုက်၍၊ ဤအရပ်၌ ကျန်ကြွင်းသော ဗာလဘုရား၏တပည့်တို့နှင့် ယဇ်ပုရောဟိတ် အမျိုးမျိုးတို့ကိုလည်းကောင်း၊
5
ကောင်းကင်တန်ဆာများကို အိမ်မိုးပေါ်မှာ ကိုးကွယ်သောသူ၊ ထာဝရဘုရားနှင့် မာလခံဘုရားကိုတိုင်တည်လျက် ကျိန်ဆိုကိုးကွယ်သော သူတို့ကိုလည်းကောင်း၊
6
ထာဝရဘုရား၏ နောက်တော်သို့မလိုက်၊ ဆုတ်သွားသောသူ၊ ထာဝရဘုရားကို မရှာဖွေ၊ မမေးမြန်းသော သူတို့ကိုလည်းကောင်း ငါပယ်ရှင်းမည်။
7
အရှင်ထာဝရဘုရား၏ရှေ့တော်၌ ငြိမ်သက်စွာ နေကြလော့။ ထာဝရဘုရား၏နေ့နီးပြီ။ ထာဝရဘုရားသည် မိမိယဇ်ပွဲတော်ကို ပြင်ဆင်၍၊ ပွဲဝင်သောသူတို့ကို သန့်ရှင်းစေတော်မူပြီ။
8
ထာဝရဘုရား ပွဲခံတော်မူသောနေ့၌ မင်းများ၊ ဆွေတော်မျိုးတော်များနှင့် ထူးခြားစွာဝတ်သောသူများ အပေါင်းတို့ကို ငါစစ်ကြောမည်။
9
သူတစ်ပါး၏ အိမ်တံခါးခုံကို ကျော်၍ အနိုင်အထက်ပြုခြင်း၊ လှည့်စားခြင်းအားဖြင့်ရသော ဥစ္စာနှင့် မိမိသခင်၏ အိမ်ကို ပြည့်စေသောသူ အပေါင်းတို့ကိုလည်း ထိုနေ့၌ ငါစစ်ကြောမည်။
10
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနေ့၌ ငါးတံခါးဝမှာ အော်ဟစ်သံကိုလည်းကောင်း၊ ဒုတိယမြို့၌ ငိုကြွေးမြည်တမ်းသံကိုလည်းကောင်း၊ တောင်ရိုး၌ ပြင်းစွာ ချိုးဖျက်သံကိုလည်းကောင်း ကြားရ၏။
11
မတ္တေရှအရပ်သားတို့၊ ငိုကြွေးမြည်တမ်းကြလော့။ ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ။ ငွေကိုဆောင်သောသူ အပေါင်းတို့သည် ဆုံးကြပြီ။
12
ထိုကာလ၌ ငါသည် မီးခွက်ကိုကိုင်၍ ယေရုရှလင်မြို့ကို စစ်ကြောမည်။ ထာဝရဘုရားသည် ကျေးဇူးကိုလည်းမပြု၊ အပြစ်ကိုလည်း မပေးဟု အောက်မေ့လျက်၊ မိမိတို့ အနည်အဖတ်ပေါ်၌ နေရာကျသော သူတို့ကို ငါစစ်ကြောမည်။
13
ထိုသူတို့၏ဥစ္စာကို သူတစ်ပါးလုယူ၍၊ သူတို့၏ နေရာသည် လူဆိတ်ညံလျက် ရှိလိမ့်မည်။ အိမ်ကိုဆောက်သော်လည်း မနေရကြ။ စပျစ်ဥယျာဉ်ကို စိုက်သော်လည်း စပျစ်ရည်ကို မသောက်ရကြ။
14
ထာဝရဘုရား၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင်အမြန်လာ၏။ ထာဝရဘုရား၏နေ့သတင်းသည် နား၌ ခါး၏။ ထိုနေ့၌ သူရဲသည် အော်ဟစ်လိမ့်မည်။
15
ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန်ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုးအုံ့၍ ထူထပ်သောမှောင်မိုက်ဖုံးလွှမ်းသောနေ့၊
16
ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တစ်ဖက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ ဖြစ်၏။
17
သူတို့သည် ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ သူတို့ကို ငါညှဉ်းဆဲသဖြင့် မျက်စိမမြင်သော သူကဲ့သို့ သွားကြလိမ့်မည်။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့သွန်း၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည်။
18
ထာဝရဘုရား အမျက်ထွက်တော်မူသောနေ့၌ သူတို့ရွှေငွေသည် သူတို့ကို မကယ်တင်နိုင်ရာ။ ဒေါသအမျက်တော်မီးသည် တစ်ပြည်လုံးကို လောင်လိမ့်မည်။ ပြည်သူပြည်သားအပေါင်းတို့ကို အလျင်အမြန်စီရင်၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 2 →
All chapters:
1
2
3