bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 John 2
1 John 2
Burmese (BCL) (Common Language Bible)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
1
ငါ၏သားသမီးတို့၊ သင်တို့သည်အပြစ် မကူးကြစေရန်ဤစာကိုငါရေးလိုက်၏။ သို့ရာတွင်အကယ်၍တစ်စုံတစ်ယောက်သော သူသည်အပြစ်ကူးမိပါမူ ခမည်းတော် ထံတွင်ငါတို့အတွက်အသနားခံသည့်ဖြောင့် မတ်တော်မူသောအရှင်ယေရှုခရစ်ရှိပေ သည်။-
2
ကိုယ်တော်သည်ငါတို့၏အပြစ်များသာမက ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၏အြုပစ်ပြေ ရာပြေကြောင်းပူဇော်ဆက်ကပ်တော်မူသော အရှင်ဖြစ်တော်မူ၏။
3
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်း မှသာလျှင်ငါတို့သည်ကိုယ်တော်ကိုသိကျွမ်း သူများဖြစ်ကြောင်းအသေအချာသိရှိ နိုင်မည်။-
4
ကိုယ်တော်ကိုသိပါသည်ဟုဆိုပြီးလျှင် ပညတ်တော်တို့ကိုမစောင့်ထိန်းသူသည် လူလိမ်ဖြစ်၍ထိုသူ၌သစ္စာတရားမရှိ။-
5
သို့ရာတွင်ကိုယ်တော်၏စကားတော်ကိုနား ထောင်သူသည် အကယ်ပင်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝစုံလင်၏။ သို့မှ သာကျွန်ုပ်တို့သည်ဘုရားသခင်နှင့်တစ် လုံးတစ်ဝတည်းဖြစ်ကြောင်းသေချာသိ ပေသည်။ ဘုရားသခင်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်ကြောင်းသေချာသိသူသည် သခင်ယေရှုခရစ်၏ခြေတော်ရာကို လိုက်လျှောက်သူဖြစ်မည်။
7
ချစ်ဆွေတို့၊ သင်တို့ထံသို့ငါစာရေးသား ဖော်ပြနေသည့်ပညတ်သည်အသစ်မဟုတ်။ အစမူလကတည်းကသင်တို့ရရှိထား ကြသည့်ပညတ်ဟောင်းဖြစ်၏။ ထိုပညတ် ဟောင်းကား သင်တို့ကြားနာခဲ့ရသည့် တရားတော်ပင်ဖြစ်ပေသည်။-
8
သို့သော်သင်တို့အားယခုငါရေးသား ဖော်ပြသည့်ပညတ်သည်အသစ်ဖြစ်၏။ ယင်း သို့အမှန်ပင်အသစ်ဖြစ်ကြောင်းခရစ်တော် ၌လည်းကောင်း၊ သင်တို့၌လည်းကောင်းဖော်ပြ လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော်အမှောင် သည်ရွေ့လျားလျက်အလင်းစစ်အလင်းမှန် ပေါ်ထွန်းလာပြီဖြစ်သောကြောင့်တည်း။
9
အလင်းတွင်ကျင်လည်ပါသည်ဟုဆိုလျက် မိမိ၏ညီအစ်ကိုကိုမုန်းသောသူသည် ယခု တိုင်အောင်အမှောင်တွင်ကျင်လည်နေသေးသူ ဖြစ်၏။-
10
ညီအစ်ကိုကိုချစ်သောသူသည်အလင်းတွင် ကျင်လည်သောသူဖြစ်၏။ သူသည်အဘယ်သို့ မျှသူတစ်ပါးတို့အားအပြစ်ကူးလွန်စေ လိမ့်မည်မဟုတ်။-
11
သို့ရာတွင်ညီအစ်ကိုကိုမုန်းသောသူသည် ကားအမှောင်တွင်ကျင်လည်သူဖြစ်၏။ အမှောင် တွင်ကျင်လည်၍မျက်စိမမြင်နိုင်သဖြင့်သူ သည်မိမိအဘယ်အရပ်သို့သွားသည်ကိုမသိ။
12
သားသမီးတို့၊ သင်တို့သည်ခရစ်တော်အတွက် ကြောင့်အပြစ်လွတ်ပြီဖြစ်၍သင်တို့ထံငါ စာရေးလိုက်၏။-
13
အဖတို့၊ သင်တို့သည်အစကပင်ရှိတော်မူ သောအရှင်ကိုသိသူများဖြစ်သောကြောင့် သင်တို့ထံသို့ငါစာရေးလိုက်၏။ လူငယ် လူရွယ်တို့၊ သင်တို့သည်မာရ်နတ်ကိုအောင် သောကြောင့်သင်တို့ထံသို့ငါစာရေးလိုက်၏။
14
သားသမီးတို့၊ သင်တို့သည်ခမည်းတော် ကိုသိသူများဖြစ်သောကြောင့်သင်တို့ထံသို့ ငါစာရေးလိုက်၏။ သင်တို့သည်အစကပင် ရှိတော်မူသောအရှင်ကိုသိသူများဖြစ် သောကြောင့် သင်တို့ထံသို့ငါစာရေးလိုက် ၏။ လူငယ်လူရွယ်တို့၊ သင်တို့သည်ခွန်အား ရှိ၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့တွင်ကိန်းအောင်းလျက်၊ မာရ်နတ်ကို အောင်သောကြောင့်သင်တို့ထံသို့ငါစာရေး လိုက်၏။
15
သင်တို့သည်လောကကိုသော်လည်းကောင်း၊ လော ကီအရာများကိုသော်လည်းကောင်းမချစ်ကြ နှင့်။ လောကကိုချစ်သောသူသည်ခမည်းတော် ကိုမချစ်။-
16
ကာယတပ်မက်စွဲလန်းသောအရာများ၊ မျက်စိ ဖြင့်မြင်၍လိုချင်တပ်မက်သောအရာများ၊ ဂုဏ် ယူဝါကြွားစရာများအစရှိသောလောကီ အရာရှိသမျှတို့သည်ခမည်းတော်နှင့် မသက်ဆိုင်။ လောကနှင့်သာသက်ဆိုင်၏။-
17
လောကနှင့်တကွလူတို့တပ်မက်သောအရာ များသည်ရွေ့လျားကွယ်ပျောက်လျက်နေလေပြီ။ သို့ရာတွင်ဘုရားသခင်အလိုတော်ကိုဆောင် ရွက်သူမူကား ကာလအစဉ်အမြဲတည်လိမ့် မည်။
18
သားသမီးတို့၊ အဆုံးစွန်သောကာလသည် ယခုနီးလာလေပြီ။ ခရစ်တော်၏ရန်သူပေါ် ပေါက်လာမည်ဖြစ်ကြောင်းကိုသင်တို့ကြားသိ ခဲ့ကြ၏။ ယခုပင်လျှင်ခရစ်တော်၏ရန်သူ အများအပြားပေါ်ပေါက်လျက်ရှိလေပြီ။ ဤ အချက်ကိုထောက်၍အဆုံးစွန်သောကာလ ရောက်လာကြောင်းကိုငါတို့သိရကြ၏။-
19
ထိုသူတို့သည်အမှန်စင်စစ်အဘယ်အခါကမျှ ငါတို့မိတ်သဟာယတွင်မပါဝင်ခဲ့ကြသဖြင့် ငါတို့ထံမှထွက်ခွာသွားကြ၏။ အကယ်၍သူ တို့သည်ငါတို့မိတ်သဟာယတွင်ပါဝင်ခဲ့ပါမူ ငါတို့နှင့်အတူရှိနေကြမည်ဖြစ်၏။ သူတို့ သည်အမှန်ပင်ငါတို့မိတ်သဟာယတွင်မပါ ဝင်ကြောင်းသိသာထင်ရှားစေရန် သူတို့သည် ငါတို့ထံမှထွက်ခွာသွားကြ၏။
20
သို့ရာတွင်ခရစ်တော်သည်သင်တို့အပေါ်သန့် ရှင်းသောဝိညာဉ်တော်ကိုသွန်းလောင်းတော်မူ သည်ဖြစ်၍ သင်တို့အပေါင်းသည်သမ္မာတရား ကိုသိကြပေသည်။-
21
သင်တို့ထံငါစာရေးရခြင်းအကြောင်းမှာ သမ္မာတရားကိုသင်တို့မသိကြ၍မဟုတ်။ သမ္မာတရားကိုလည်းကောင်း၊ မုသားစကား သည် သမ္မာတရားနှင့်မည်သို့မျှမသက်ဆိုင် သည်ကိုလည်းကောင်းသင်တို့သိကြသော ကြောင့်ဖြစ်၏။
22
ထို့ကြောင့်အဘယ်သူသည်မုသားစကားကို ပြောသနည်း။ သခင်ယေရှုသည်မေရှိယ မဟုတ်ဟုပြောဆိုသူသည်မုသားစကား ကိုပြော၏။ ထိုကဲ့သို့သောသူသည်ခရစ်တော် ၏ရန်သူဖြစ်၏။ သူသည်ခမည်းတော်နှင့် သားတော်ကိုပစ်ပယ်သူဖြစ်၏။-
23
သားတော်ကိုပစ်ပယ်သူသည်ခမည်းတော်ကို လည်းပစ်ပယ်သူဖြစ်၏။ သားတော်ကိုလက်ခံ သူသည်ခမည်းတော်ကိုလည်းလက်ခံသူ ဖြစ်၏။
24
သို့ဖြစ်၍သင်တို့သည်အစကပင်ကြားနာခဲ့ ကြသည့်တရားတော်ကိုမိမိတို့၏စိတ်နှလုံး တွင်ထိန်းသိမ်းထားကြလော့။ ယင်းသို့ပြုပါမူ သင်တို့သည်သားတော်နှင့်လည်းကောင်း၊ ခမည်း တော်နှင့်လည်းကောင်းထာဝစဉ်တစ်လုံးတစ်ဝ တည်းတည်ရှိကြလိမ့်မည်။-
25
ဤကားငါတို့အားခရစ်တော်ကိုယ်တော်တိုင် ကတိထားတော်မူသောထာဝရအသက် ပေတည်း။
26
သင်တို့အားမှောက်မှားလမ်းလွဲစေရန်ကြိုးစား သူတို့၏အကြောင်းနှင့်ပတ်သက်၍ ဤအကြောင်း အရာများကိုငါစာရေးလိုက်၏။-
27
သင်တို့မူကားခရစ်တော်သည်မိမိ၏ဝိညာဉ် တော်ကိုသင်တို့အပေါ်သို့သွန်းလောင်းတော်မူ ပြီ။ ဝိညာဉ်တော်သည်သင်တို့စိတ်နှလုံးတွင် ကိန်းအောင်းလျက်နေတော်မူသမျှကာလ ပတ်လုံးသင်တို့အားအခြားအဘယ်အရာမျှ သွန်သင်ပေးစရာမလို။ အဘယ်ကြောင့်ဆို သော်ကိုယ်တော်၏ဝိညာဉ်တော်သည်သင်တို့အား ခပ်သိမ်းသောအမှုအရာတို့ကိုသွန်သင်ပေး တော်မူသောကြောင့်ဖြစ်၏။ ဝိညာဉ်တော်သွန်သင် တော်မူသောအရာတို့သည်မှန်ကန်၍အမှား မရှိ။ ထို့ကြောင့်သင်တို့သည်ဝိညာဉ်တော်သွန် သင်သည့်အတိုင်းလိုက်နာဆောင်ရွက်ကြလော့။ ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်းတည်ကြ လော့။
28
သားသမီးတို့၊ ကိုယ်တော်ကြွလာတော်မူသော နေ့၌ငါတို့သည်ရှက်ကြောက်၍ ပုန်းအောင်းနေ ကြရန်မလိုဘဲ ရှေ့တော်၌ရဲရင့်ခွင့်ရရှိစေ ခြင်းငှာ၊ ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း တည်ရှိနေကြလော့။-
29
ခရစ်တော်သည်ဖြောင့်မတ်တော်မူသည်ကို သင်တို့သိကြ၏။ သို့ဖြစ်၍အမှန်တရား ကိုကျင့်သုံးသူသည်ဘုရားသခင်၏သား သမီးဖြစ်ကြောင်းကိုသင်တို့သိကြ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 3 →
All chapters:
1
2
3
4
5
Recommended Reading
Commentary
1 John Commentaries
→
Devotional
1 John Devotional Guide
→
Get This Bible
BCL Study Bible
→