bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Colossians 4
Colossians 4
Burmese (BCL) (Common Language Bible)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
သခင်ဖြစ်သူတို့၊ သင်တို့သည်လည်းကောင်းကင် ဘုံတွင်ရှိတော်မူသောသခင်၏ကျွန်များဖြစ် ကြောင်းကိုသိမှတ်လျက် မိမိတို့၏ကျွန်များ ကိုတရားမျှတစွာဆက်ဆံကြလော့။
2
စွဲမြဲစွာဆုတောင်းပတ္ထနာပြုကြလော့။ ဆုတောင်း ပတ္ထနာပြုရာတွင်နိုးနိုးကြားကြားရှိလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။-
3
ဆုတောင်းသည့်အခါငါတို့၏အတွက်လည်း ဆုတောင်းကြလော့။ ခရစ်တော်၏နက်နဲသည့် အရာနှင့်စပ်ဆိုင်သောတရားတော်ကို ဟော ပြောနိုင်သည့်အခွင့်အလမ်းငါတို့အားပေး တော်မူရန်ဆုတောင်းကြလော့။ ထိုတရား တော်ကြောင့်ငါသည်ယခုထောင်ကျလျက်ရှိ၏။-
4
သို့ဖြစ်၍တရားတော်ကိုဟောပြောအပ်သည် နှင့်အညီ ငါသည်ရှင်းလင်းပြတ်သားစွာဟော ပြောနိုင်ရန်ဆုတောင်းကြလော့။
5
သင်တို့ရရှိသည့်အခွင့်ကောင်းမှန်သမျှကို အသုံးပြုကာ အခြားဘာသာဝင်တို့အား ပညာသတိနှင့်ဆက်ဆံကြလော့။-
6
သင်တို့ပြောသောစကားသည်နားဝင်ချို၍ စိတ်ဝင်စားဖွယ်ဖြစ်စေကြလော့။ စုံစမ်းမေး မြန်းသူတိုင်းအားအဘယ်သို့လျောက်ပတ် စွာပြန်လည်ဖြေကြားရမည်ကိုသင်တို့လေ့ လာထားကြလော့။
7
ငါတို့ချစ်သောညီ၊ သစ္စာရှိသောအမှုတော် ဆောင်၊ သခင်ဘုရား၏အမှုတော်၌ငါတို့နှင့် လုပ်ဖော်ကိုင်ဘက်ဖြစ်သူတုခိတ်သည်ငါနှင့်ပတ် သက်သည့်သတင်းအလုံးစုံကိုသင်တို့အား ပြောပြလိမ့်မည်။-
8
ငါတို့၏အခြေအနေကိုသင်တို့အားပြော ပြခြင်းအားဖြင့်သင်တို့ကိုအားတက်စေရန် ငါသည်သူ့အားသင်တို့ထံသို့စေလွှတ်လိုက် ခြင်းဖြစ်ပေသည်။-
9
သူနှင့်အတူသြနေသိမ်လည်းလိုက်ပါလာပါ လိမ့်မည်။ သြနေသိမ်သည်ငါတို့ချစ်သောညီ၊ သစ္စာရှိသောသူဖြစ်၏။ သူသည်သင်တို့အသိုင်း အဝိုင်းထဲကဖြစ်၏။ သူတို့သည်ဤအရပ်တွင် ဖြစ်ပျက်သမျှကိုသင်တို့အားပြောပြလိမ့်မည်။
10
ငါတို့နှင့်အတူအကျဉ်းခံနေရသူအာရိတ္တာခု၊ ဗာနဗ၏ညီဝမ်းကွဲတော်သူမာကုနှင့်ယုတ္တု ခေါ်ယောရှုတို့ကသင်တို့ကိုနှုတ်ဆက်လိုက် ကြ၏။ (သင်တို့ထံမာကုရောက်ရှိလာသော အခါ ကြိုဆိုကြရန်ညွှန်ကြားချက်များကို သင်တို့ရရှိကြပြီးဖြစ်၏။) ဘုရားသခင်၏ နိုင်ငံတော်အတွက်ငါနှင့်အတူလုပ်ဆောင် လျက်ရှိသောယုဒယုံကြည်သူများမှာ ထိုသူသုံးဦးသာလျှင်ဖြစ်ပေသည်။ ဤသူ တို့သည်ကားငါ့အားများစွာကူညီကြ သူများဖြစ်သည်။
12
ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-
13
သူသည်သင်တို့အတွက်လည်းကောင်း၊ လောဒိကိ မြို့နှင့်ဟေရပေါလိမြို့၌ရှိသူများအတွက် လည်းကောင်းအလွန်ကြိုးစားလုပ်ဆောင်သူဖြစ် ကြောင်းငါကိုယ်တိုင်သက်သေခံပါ၏။-
14
ငါတို့ချစ်သောဆရာဝန်လုကာနှင့်ဒေမတို့ ကသင်တို့အားနှုတ်ဆက်လိုက်ကြ၏။
15
လောဒိကိမြို့ရှိညီအစ်ကိုများကိုလည်းကောင်း၊ နုံဖနှင့်သူ၏အိမ်တွင်စုဝေးဝတ်ပြုကြသည့် အသင်းတော်ဝင်တို့ကိုလည်းကောင်းနှုတ်ဆက် လိုက်ကြောင်းပြောပြကြလော့။-
16
ဤစာကိုသင်တို့အသင်းတော်ဝင်တို့အားဖတ် ပြပြီးသောအခါ လောဒိကိအသင်းတော်ဝင် တို့အားလည်းဖတ်စေကြလော့။ လောဒိကိ အသင်းတော်မှတစ်ဆင့်ပေးပို့မည့်စာကိုလည်း သင်တို့ဖတ်ရှုကြလော့။-
17
သခင်ဘုရားပေးအပ်ခြင်းခံရသည့်အမှုတော် ကိုအပြီးတိုင်ဆောင်ရွက်ရန်အာခိပ္ပုအားပြော ကြားကြလော့။
18
ငါပေါလုကသင်တို့အားနှုတ်ဆက်စကားကို ငါကိုယ်တိုင်ရေး၏။ ငါသည်အကျဉ်းထောင်ထဲ တွင်ရှိနေသည်ကိုသင်တို့မမေ့ကြနှင့်။ ဘုရားသခင်၏ကျေးဇူးတော်ကိုသင်တို့ခံစား ရကြပါစေသတည်း။ ကောလောသဲသြဝါဒစာပြီး၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4