Daniel 9

Burmese (BCL) (Common Language Bible)

← Chapter 8 Chapter 10 →
16အို အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​အ​တိတ် ကာ​လ​က အ​ကျွန်ုပ်​တို့​အား​ကာ​ကွယ်​စောင့် ရှောက်​တော်​မူ​ခဲ့​ပါ​၏။ သို့​ဖြစ်​၍​ယေ​ရု​ရှ​လင် မြို့​ကို​ဆက်​လက်​၍ အ​မျက်​ဒေါ​သ​ထွက်​တော် မ​မူ​ပါ​နှင့်။ ထို​မြို့​သည်​ကိုယ်​တော်​၏​မြို့​တော်၊ ကိုယ်​တော်​၏​သန့်​ရှင်း​သော​တောင်​တော်​ဖြစ် ပါ​၏။ အ​ကျွန်ု​တို့​၏​အ​ပြစ်​ဒု​စ​ရိုက်​များ နှင့်​ဘိုး​ဘေး​တို့​ပြု​ခဲ့​သည့်​မ​ကောင်း​မှု​များ ကြောင့် အိမ်​နီး​ချင်း​တိုင်း​ပြည်​များ​ရှိ​လူ အ​ပေါင်း​တို့​သည် ယေ​ရု​ရှ​လင်​မြို့​နှင့်​ကိုယ် တော်​၏​လူ​မျိုး​တော်​အား​အ​ထင်​အ​မြင် သေး​ကြ​ပါ​၏။-
24``ခု​နစ်​ဆယ်​ခု​နစ်​လီ​နှစ်​ကာ​လ​သည်​ကား သင်​၏​အ​မျိုး​သား​များ​နှင့် သင်​၏​သန့်​ရှင်း မြင့်​မြတ်​သော​မြို့​တော်​အား အ​ပြစ်​ဒု​စ​ရိုက် နှင့်​မ​ကောင်း​မှု​များ​မှ​လွတ်​မြောက်​စေ​ရန် ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့် အ​ချိန်​ကာ​လ​ဖြစ်​၏။ ရူ​ပါ​ရုံ​နှင့်​ဗျာ​ဒိတ် တော်​အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန်​နှင့် အ​သန့်​ရှင်း​ဆုံး​ဗိ​မာန်​တော်​ကို​ပြန်​လည် ဆက်​ကပ်​နိုင်​ရေး​အ​တွက် ဘု​ရား​သ​ခင် သည်​ထို​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၍ ထာ​ဝ​စဉ်​တ​ရား​မျှ​တ မှု​စိုး​မိုး​ရာ​ခေတ်​ကို​တည်​ထောင်​တော် မူ​လိမ့်​မည်။-
← Chapter 8 Chapter 10 →