bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Galatians 6
Galatians 6
Burmese (BCL) (Common Language Bible)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
1
ညီအစ်ကိုတို့လူတစ်ဦးတစ်ယောက်သည်မကောင်း မှုတစ်စုံတစ်ရာပြုသည်ကို သင်တို့တွေ့ရှိလျှင် ဝိညာဉ်ပါရမီရှိသောသင်တို့က နူးညံ့သိမ်မွေ့ စွာထိုသူကိုပြုပြင်ပေးရမည်။ သင်တို့သည် မိမိတို့ကိုယ်တိုင်လည်း စုံစမ်းသွေးဆောင်ရာ သို့မလိုက်မပါစေရန်သတိပြုကြလော့။-
2
အချင်းချင်း၏ဝန်များကိုကူညီထမ်းရွက် သောအားဖြင့် ခရစ်တော်၏တရားတော်ကို ကျင့်ကြလော့။-
3
အရေးပါအရာရောက်သူမဖြစ်ဘဲ မိမိကိုယ် ကိုအရေးပါအရာရောက်သူဟုထင်မှတ်သော သူသည် မိမိကိုယ်ကိုလှည့်စား၏။-
4
လူတိုင်းပင်မိမိ၏အပြုအမူကိုစစ်ကြော အပ်၏။ မိမိ၏အပြုအမူသည်ကောင်းမွန်ပါက ဂုဏ်ယူဝါကြွားနိုင်ပေသည်။-
5
အဘယ်ကြောင့်ဆိုသော်လူတိုင်းပင် မိမိ၏ဝန်ကို ထမ်းရွက်ရမည်ဖြစ်သောကြောင့်တည်း။
6
တရားတော်ကိုသင်ယူသူသည်သင်ပေးသော သူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှစေ။
7
သင်တို့သည်အယူအဆမလွဲမှားကြနှင့်။ ဘုရား သခင်အားအဘယ်သူမျှလိမ်လည်၍မရ။ လူ သည်မိမိမျိုးကြဲသည့်အတိုင်း အသီးအနှံကို ရိတ်သိမ်းရလိမ့်မည်။-
8
လူ့ဇာတိမြေ၌မျိုးကြဲသောသူသည်သေခြင်းကို ရိတ်သိမ်းရလိမ့်မည်။ ဝိညာဉ်တော်မြေ၌မျိုးကြဲသူ သည်ဝိညာဉ်တော်မှ ထာဝရအသက်ကိုရိတ်သိမ်း ရလိမ့်မည်။-
9
သို့ဖြစ်၍ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ယင်းသို့ အားမလျော့စိတ်မပျက်ကြပါမူ ငါတို့သည် အချိန်တန်သောအခါအသီးအနှံကိုရိတ် သိမ်းရလိမ့်မည်။-
10
သို့ဖြစ်၍ငါတို့သည်အခါအခွင့်ရတိုင်း လူခပ်သိမ်း တို့၏အကျိုးကိုသယ်ပိုးဆောင်ရွက်ကြကုန်အံ့။ အထူးသဖြင့်ယုံကြည်သူများဖြစ်ကြသော အိမ်ထောင်စုသားတို့၏အကျိုးကိုသယ်ပိုး ဆောင်ရွက်ကြကုန်အံ့။
11
ယခုအဘယ်မျှကြီးသောစာလုံးများဖြင့် သင်တို့ ထံသို့ငါ့လက်ဖြင့်ရေးသားသည်ကိုကြည့်ကြ လော့။-
12
သင်တို့အားအရေဖျားလှီးမင်္ဂလာခံရန် အနိုင် အထက်တိုက်တွန်းကြသူတို့သည် ပြင်ပအမှတ် လက္ခဏာများအတွက် ဂုဏ်ယူပြစားလိုသူများ ဖြစ်ပေသည်။ သို့ရာတွင်ဤသို့ပြုရခြင်းမှာ ခရစ်တော်၏လက်ဝါးကပ်တိုင်တရားတော် အတွက် သူတို့ကိုယ်တိုင်ညှဉ်းဆဲနှိပ်စက်ခြင်း ခံကြရမည်စိုးသောကြောင့်ဖြစ်၏။-
13
အရေဖျားလှီးမင်္ဂလာခံယူကြသူတို့ပင်လျှင် ပညတ်တရားကိုမစောင့်ထိန်းကြချေ။ အရေ ဖျားလှီးမင်္ဂလာကိုသင်တို့ခံယူသည့်အတွက် ဂုဏ်ယူဝါကြွားလိုသဖြင့်သင်တို့အားခံယူ စေလိုခြင်းဖြစ်၏။-
14
ငါမူကားငါတို့သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား အဘယ်အရာအတွက်မျှဂုဏ်ယူဝါကြွား လိမ့်မည်မဟုတ်။ ကိုယ်တော်၏လက်ဝါးကပ် တိုင်တော်ကြောင့် ဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှသည် ငါနှင့်လည်းကောင်း၊ ငါ သည်လည်းဤလောကနှင့်သက်ဆိုင်သည့် အရာရှိသမျှနှင့်လည်းကောင်း အဆက် ပြတ်လျက်ရှိ၏။-
15
လူတစ်စုံတစ်ယောက်သည်အရေဖျားလှီးမင်္ဂ လာခံသည်မခံသည်မှာ အရေးမကြီးပေ။ သတ္တဝါ သစ်ဖြစ်ခြင်းသာလျှင်အရေးကြီး၏။-
16
ဤသဘောတရားကိုလိုက်နာသူအပေါင်းတို့ အပေါ်သို့လည်းကောင်း၊ ဘုရားသခင်၏လူစု တော်အပေါင်းတို့အပေါ်သို့လည်းကောင်း ငြိမ် သက်ခြင်းနှင့်ကရုဏာတော်သက်ရောက်ပါ စေသော။
17
နိဂုံးချုပ်ရမည်ဆိုလျှင် ငါ့အားအဘယ်သူမျှ နောက်ထပ်မနှောင့်ယှက်ကြနှင့်။ အဘယ်ကြောင့်ဆို သော်ငါ၏ကိုယ်ပေါ်တွင်ရှိသောဒဏ်ရာဒဏ်ချက် များက ငါသည်သခင်ယေရှု၏ကျွန်ဖြစ်ကြောင်း သက်သေပြလျက်ရှိသောကြောင့်ဖြစ်၏။
18
ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါ စေသော။ အာမင်။ ဂလာတိသြဝါဒစာပြီး၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
All chapters:
1
2
3
4
5
6