bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Hebrews 8
Hebrews 8
Burmese (BCL) (Common Language Bible)
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 9 →
1
ယခုဆိုခဲ့ပြီးသောအကြောင်းအရာများ တွင် အရေးကြီးသည့်အချက်မှာ ငါတို့တွင်ထိုသို့ သောယဇ်ပုရောဟိတ်မင်းရှိခြင်းပင်ဖြစ်ပေသည်။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိဘုန်းတန်ခိုးရှင် ၏ပလ္လင်တော်လက်ယာဘက်၌ထိုင်နေတော်မူ၏။-
2
ကိုယ်တော်သည်အလွန်သန့်ရှင်းရာဌာနတော် တည်းဟူသောတဲတော်စစ်၌ အမှုတော်ဆောင် လျက်နေတော်မူ၏။ ထိုတဲတော်စစ်ကားလူတို့ တည်ဆောက်သောတဲတော်မဟုတ်၊ ဘုရားရှင် တည်ဆောက်တော်မူသောတဲတော်ဖြစ်သတည်း။
3
ယဇ်ပုရောဟိတ်မင်းမည်သည်ပူဇော်သကာ ဆက်သရန်နှင့်ယဇ်ပူဇော်ရန်ခန့်ထားခြင်းခံ ရသူဖြစ်၏။ သို့ဖြစ်၍ငါတို့၏ယဇ်ပုရော ဟိတ်မင်းမှာလည်းဆက်သပူဇော်ရန် ပူဇော် သကာတစ်စုံတစ်ရာရှိရပေမည်။-
4
ကိုယ်တော်သည်လောကတွင်ရှိနေတော်မူမည် ဆိုပါလျှင် ယဇ်ပုရောဟိတ်လုံးဝဖြစ်နိုင်လိမ့် မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ပညတ်တရား အရပူဇော်သကာများကိုဆက်သသူယဇ် ပုရောဟိတ်များရှိသောကြောင့်ပင်ဖြစ်၏။-
5
ယဇ်ပုရောဟိတ်များပြုသောအမှုအရာများ သည် ကောင်းကင်ဘုံရှိအမှုအရာများ၏ပုံတူ နှင့်အရိပ်အရောင်မျှသာဖြစ်ပေသည်။ မောရှေ ပြုခဲ့သည့်အမှုအရာများသည်လည်း ဤနည်း အတိုင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူ သည်ပဋိညာဉ်တဲတော်ကိုတည်ဆောက်မည်ပြု သောအခါ ဘုရားသခင်က``တောင်ပေါ်တွင် သင့်အားငါပြခဲ့သည့်ပုံစံနှင့်အညီ အလုံး စုံတို့ကိုပြုလုပ်ရန်သတိမမေ့နှင့်'' ဟု ညွှန်ကြားတော်မူခဲ့သောကြောင့်ဖြစ်၏။-
6
သို့ရာတွင်ဘုရားနှင့်လူအကြားတွင်သခင် ယေရှုစီစဉ်ပေးသည့်ပဋိညာဉ်တရားတော် သည် ပို၍ကောင်းမွန်သောအရာများဆိုင်ရာ ကတိတော်များအပေါ်တွင်အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက်ပိုမိုကောင်းမြတ် သကဲ့သို့ သခင်ယေရှုထမ်းဆောင်ရသည့်ယဇ် ပုရောဟိတ်တာဝန်ဝတ္တရားများသည်လည်း ထို ယဇ်ပုရောဟိတ်တို့၏တာဝန်ဝတ္တရားများ ထက်သာလွန်ကြီးမြတ်ပေသည်။
7
အကယ်၍ပထမပဋိညာဉ်တော်တွင်အပြစ် ဆိုစရာရှိပါမူ၊ ဒုတိယပဋိညာဉ်တော်ကို ပြုတော်မူရန်လိုမည်မဟုတ်။-
8
သို့ရာတွင်ဘုရားသခင်သည်မိမိ၏လူစု တော်အားအပြစ်တင်တော်မူလျက်၊ ``ဣသရေလအမျိုးသားနှင့်လည်းကောင်း၊ ယုဒအမျိုးသားများနှင့်လည်းကောင်း ပဋိညာဉ်သစ်ကိုငါပြုရန်အချိန်ကျရောက် လိမ့်မည်။
9
ဤပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား လက်ဆွဲ၍ အီဂျစ်ပြည်မှ၊ငါထုတ်ဆောင်လာစဉ်အခါက သူတို့နှင့်ပြုခဲ့သည့်ပဋိညာဉ်နှင့်တူလိမ့်မည် မဟုတ်။ ထိုအခါကငါနှင့်ပြုခဲ့သည့်ပဋိညာဉ်ကို သူတို့ချိုးဖောက်ကြသဖြင့်၊ငါသည်သူတို့အား ဂရုမစိုက်ဘဲနေခဲ့၏။
10
နောင်အခါ၌ဣသရေလအမျိုးသားတို့နှင့် ငါပြုမည့်ပဋိညာဉ်ဟူမူကား၊ ငါထာဝရဘုရားသည်ငါ့ပညတ်များကို သူတို့၏စိတ်နှလုံးထဲသို့ထည့်သွင်းမည်။ သူတို့၏နှလုံးသားပေါ်မှာရေးသားမည်။ ငါသည်သူတို့ဘုရားဖြစ်မည်။ သူတို့သည်လည်းငါ၏လူစုဖြစ်ကြလိမ့်မည်။
11
အဘယ်သူမျှမိမိ၏အမျိုးသားချင်း ကိုသော်လည်းကောင်း၊ မိမိ၏ညီအစ်ကိုအချင်းချင်းကိုသော်လည်း ကောင်း ထာဝရဘုရားအားသိလော့ဟုသွန်သင်ပေးရန် လိုမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူအပေါင်းတို့သည် အငယ်ဆုံးမှအကြီးဆုံးတိုင်အောင်ငါ့ကို သိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။
12
ငါသည်သူတို့၏အပြစ်များကိုဖြေလွှတ်၍ သူတို့၏ကူးလွန်မှုများကို သိမှတ်တော်မူမည်မဟုတ်'' ဟုမိန့်တော်မူ၏။-
13
ကိုယ်တော်သည်ယင်းသို့ပဋိညာဉ်သစ်အကြောင်း ကိုမိန့်တော်မူသောအားဖြင့် ပထမပဋိညာဉ် ကိုဟောင်းနွမ်းစေတော်မူ၏။ ဟောင်းနွမ်းလာသော အရာသည်လည်းမကြာမီပျောက်ကွယ်သွား လိမ့်မည်။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13