Isaiah 41

Burmese (BCL) (Common Language Bible)

← Chapter 40 Chapter 42 →
2အ​ရှေ့​ပြည်​မှ​စစ်​နိုင်​ဘု​ရင်​ကို​အ​ဘယ်​သူ ခေါ်​ဆောင်​တော်​မူ​ခဲ့​ပါ​သ​နည်း။ ရောက်​ရှိ​လေ​ရာ​အ​ရပ်​တို့​တွင် သူ့​အား​အ​ဘယ်​သူ​သည်​အောင်​မြင်​ခွင့်​ကို ပေး​တော်​မူ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​သူ့​အား​ဘု​ရင်​တ​ကာ​တို့ အ​ပေါ်​၌​လည်း​ကောင်း လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​၌​လည်း​ကောင်း အောင်​ပွဲ​ကို​ခံ​စေ​တော်​မူ​ပါ​သ​နည်း။ သူ​၏​ဋ္ဌား​သည်​ရန်​သူ​တို့​အား​မြေ​မှုန့်​သ​ဖွယ် ခုတ်​ချ​တတ်​ပါ​သည်​တ​ကား။ သူ​၏​လေး​မြား​တို့​သည်​လည်း​ထို​သူ​တို့​ကို လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့ ကွဲ​လွင့်​စေ​တတ်​ပါ​သည်​တ​ကား။
← Chapter 40 Chapter 42 →